Wednesday, December 23, 2009 0 comments By: မင်းနေဝေး

မ၀ံ့မရဲ

အနားသတ်မလှခဲ့လို့
ပါးလျှပ်လျှပ်ပဲ ဆက်ဆံခဲ့တာလား
အသနားခံ ခက်တဲ့ငါကတော့
နားမလည်မှုနဲ့အဆုံးမှာ
လေလွင့် သွားတဲ့ ရော်ဝါတစ်ရွက်
အရာရာဟာ ခြောက်သွေ့ လျှက်ပဲပေါ့ ….

မသေချာဘူး … သေချာတယ်
ဒီနှစ်လမ်းသွားက ရင်ကိုနာစေတယ်
မုန်တိုင်းဆိုရင်လည်း လေငြိမ်မယ်
ခုတော့ လေပြည်ညှင်းတယ်
ရင်ခွင်ရိုင်းတယ် .. ကြာရင်ငါရူးတော့မယ် ….

မစဉ်းစားပါနဲ့တော့
အရာရာက အောက်ခြေမှာ …
မြေမှုန်မကင်းဘူး … သဲလည်းမစင်ဘူး …
နှလုံးသားသန့်စင်တယ် ရင်ခုန်ခဲ့တယ်ဆိုရင်
မနက်ဖြန်က ကြည်လင်စွာရောက်ရှိလာမှာပဲလေ ….

ခုတော့ ..
မှုန်မှိုင်းနေတာက တိမ်ကင်းပါလျှက်နဲ့
မိုးစွေချင်တယ် …..

ငါလည်းလေ
မချင့်မရဲနဲ့လျှောက်လှမ်းမိနေတာ
ခု လမ်းဆုံးရောက်ပြီ … နောင်တမဲ့ …..

မတွေးတော့ပါဘူး ..
ယိုင်နဲ့နေတဲ့ နှလုံးသားအတွက်
ဘယ်မလည်းခိုင်မြဲခြင်း ….
ရှိခဲ့တယ်ဆိုရင်တောင်
ငါလို အချစ်မှာ ရူးသွပ်မိသူအတွက်
အရောက်နောက်ကျလွန်းနေတယ် …..
Friday, December 4, 2009 1 comments By: မင်းနေဝေး

ကျွန်တော်ရေးတဲ့ ကျွန်တော့ အကြောင်း

တစ်နှစ်ပြီးတစ်နှစ်သာ ကျော်လွန်လာတယ် ငါ့ဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းမသွားပေမယ့် .. ...
ငါ လူကောင်းတစ်ယောက်မဟုတ်ဘူး ... အရာရာကို ခွင့်လွှတ်နားလည်နိုင်သူမဟုတ်ဘူး ... ငါ့စိတ်တွေမှာ မနာလိုစိတ် ...
ဝန်တိုစိတ် .. လိုချင်မှုအတ္တတွေ အများကြီးပြည့်နှက်နေတယ် .... ဘာကြောင့်လည်း အဲ့စိတ်တွေက ထွက်ချင်တိုင်းထွက်မရ ..
လုပ်ချင်တိုင်းလုပ်မရ ... အရေခြုံ ထားနေရတယ် ... လူလူချင်းပေါင်းကြတာ ဘာကြောင့် အရေတွေခြုံထားရတာလည်း ...
ကိုယ်တိုင် လုပ်ဆောင်နေပြီး အဖြေမပေးနိုင်တဲ့ ဘ၀ ..... အမှန်တစ်ကယ် လုပ်ပြနိုင်တာ ဘာရှိလည်း ... ရင်ထဲက ခံစားချက်တိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဖုံးကွယ် အမှန်တစ်ရားကို မြင်မှာကြောက်နေတယ် .. တစ်ခါတစ်လေ ကိုယ်တိုင်သိနေ လည်း ရင်ဆိုင်ရမှာကြောက်ပြီး အမှန်တစ်ရားကို မျက်ကွယ်ပြုပြီး မချိပြုံးပြနေရတယ် .... အကြောင်းပြချက်မဲ့ ......
တစ်မျိုးတော့ ဆန်းနေတယ် .. ဒီစာကိုရေးရတာ ... ထားပါ . အရေးမကြီးပါဘူး ...
လူဆိုတာ ကိုယ့်အကြောင်းကိုယ်မှ ဇါတ်လမ်းလို့ထင်တတ်ကြတယ် ... ကျွန်တော်ကတော့ ထင်ကိုထင်နေတာ .. အဲ့တာကြောင့် လည်း လူတစ်ကာထက်အမှားပိုများတယ် ... လူတစ်ကာထက် မဟုတ်တာတွေ ပိုလုပ်တယ် .... ...
အဲ့လိုလူတစ်ယောက်မှာလည်း သူ့ကိုခင်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိမှာပေါ့ ....... အရေးကြီးတာ အဲ့တာ ...
အဲ့လို တကယ်ခင်လို့ သံယောဇဉ်ရှိလို့ ခင်မင်လာတဲ့ သူငယ်ချင်းတွေ အပေါ်မှာတောင် ကောင်းတဲ့ဘူမဟုတ်ဘူး ကျွန်တော်က .. ကိုယ့်အရေးပဲ အလေးထားပြီးနေတတ်တယ် ... ကျန်တဲ့ အရေးခေါင်းထဲမထည့် ... မစဉ်းစားမိဘူး .. အဲ့ဒီအချိန်မှာ အမှားဆိုတာတွေက အပေါင်းအသင်းနဲ့ ရောက်လာတာပေါ့ ... ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း ... အဲ့လို ဖြစ်လာတော့ သူ့မှာ အခက်အခဲရှိမရှိမစဉ်းစားတော့ဘူး ကိုယ့် အခက်အခဲကိုပဲပြောပြနေချင်တာ ... နားထောင်မယ့်လူမရှိ
ကိုယ့်အလုပ်ကိုယ်လုပ်နေကြရင် ကျွန်တော်အတွေးမှားပါတယ် .... အဲ့လိုဖြစ်တတ်လွန်းလို့လည်း အားနာလာတယ် .... သူငယ်ချင်းတွေကို ... ပြောပြချင်ပါတယ် ..
ကျွန်တော် လူကောင်းမဟုတ်ပါ .... လမ်းတွေ့ရင် ရှောင်ပါ ... ဒီလိုရေးရတာထက် တစ်ယောက်ယောက်ကို ပြောပြချင်တာပါ .... ရင်ဖွင့်ချင်တာပေါ့ ... ပြောချင်တာတွေကို ... ကိုယ်တိုင်က ကောင်းတဲ့ဘူမဟုတ်တော့လည်း ....
ိကိုယ်ပိုင်တယ်ထင်တဲ့ ဒီ blog မှာပဲ လာရေးထားမိတယ် ..... ဖတ်မိတဲ့သူငယ်ချင်းတွေလည်း ရှိမှာပါ .....
ဒီနေရာကနေပဲတောင်းပန်ပါတယ် ....
သူငယ်ချင်းတို့ရဲ့ သူငယ်ချင်း ဒီစာကိုရေးတဲ့သူသည် စာနာတွေးတောတတ်သူမဟုတ်ပါ ... တွေ့ရှောင် ပတ်ပြေးကြပါလို့ ... သတိပေးပါတယ် .....

တွေးမိတွေးရာ

တိတ်ဆိပ်ခြင်း
နေရာတစ်ကာတိုင်း မကောင်းတဲ့
ငါ့စိတ်ကူးနဲ့
အဲ့ဒီ တိတ်ဆိပ်ခြင်း ... ထပ်တူကျနေတာကောင်းတယ် ...

သိုသိပ် မြိုသိပ်နေမယ်
ရင်ခုံခြင်းအတွက် ဆို့နင့်လို့
ဒီမျက်ရည်အတွက် ..... ဘယ်မလည်း နားလည်ပေးသူ ...

ကံနဲ့ ငါ သဘောမတူသ၍တော့
နေနှင့်အုံးပေါ့ ချစ်ခြင်းရယ် ...
အဆုံးစွန်ထိ ခံစားတတ်ခြင်းသာ ငါ့အတွက်အဖေါ်
နေထိုင်မယ်လေ သံယောဇဉ်မဲ့ ... ချစ်ခြင်းတစ်ခုအတွက်ပေါ့ ....

အသံတွေ ဆိပ်သုန်းတယ်
ဒီပါတ်ဝန်းကျင်မှာ ငါဟာ ငါနဲ့ အဆင်မပြေချင်ဘူး
တစ်ယောက်ယောက်တော့ သိဘို့လိုမယ်
ငါဆိုတာ အရင်လူမဟုတ်ဘူး နောက်လူမဟုတ်ဘူးဆိုတာ ...

တစ်လောကလုံး
စကားတွေပြောနေကြတယ် ...
ငါနဲ့ငါသာ ချစ်ခြင်းအကြောင်းတွေးရင်း
ချစ်ခဲ့ခြင်းမှာ မျှောလွင့် ... ကံတရားနဲ့ အဆင်ပြေချင်နေတယ် ....

သြော ... မနက်ခင်းကျရင်
နှင်းတစ်ပွင့်တော့ စိုစွတ်ချင်ပါရဲ့ ...
အတွေးတိုင်းလည်း စိုးရိမ်စိတ်နဲ့
စဉ်းစားတိုင်းလည်း ကြောက်ရွံ့မှုနဲ့
အချိန်တိုင်းလည်း ချစ်ခဲ့ခြင်းနဲ့
နင် နင်းမယ့်လမ်းမှာတော့ ချစ်ခြင်းတစ်ခုနဲ့သာ ပြည်စုံချင်တော့တယ် ....
Friday, November 27, 2009 0 comments By: မင်းနေဝေး

ချစ်ထုံးဖြေပေးပါ .......

ချစ်ခြင်းနဲ့ အတွေးတစ်ခု
မသိရင်တော့ ရက်စက်မှုတွေများနေသလို
ပေးဆပ်နေတဲ့လူသာ တစ်ဖက်သက် ခံစားချက်များနဲ့ ......

ဘယ်လိုလည်း ကောင်းကင်ရယ်
ရွာမယ်ဆိုမှတော့ ကြောက်လန့်အောင်
ခြောက်လှန့်သံတွေ မပေးပါနဲ့တော့လား
စိုးထိပ်စွာနဲ့
ငါ ... စိုချင်နေပြီလေ ....

နေမြင့်လာပြီလား ...
ဒီဂရီတက်လာသလို တိုးနေတဲ့အချစ်တွေ
ခြေတစ်လှမ်းအတွက်တောင်
အသက်နှင်းချင်နေပြီလေ .....

မပြောတတ်တဲ့ စကားတွေ
ရင်ထဲမှာ ....
ချစ်သူရဲ့ စကားတစ်ခွန်းအတွက်
မိုးများတောင် ရွာဖူးရဲ့ .....

လှမ်းမသွားပါနဲ့ စိတ်နဲ့ဝေးရာ
အလှည့်မသင့်တဲ့ နဂါးခေါင်းလို
တစ်ခဏတာ ကျောခိုင်းခဲ့ရင်တောင်
နောက်ကွယ်မှာ ကြေကွဲတယ် .....

လွမ်းတယ် ...
စကားတစ်ခွန်းနဲ့ တစ်ခွန်းအကြား
ခြားနားသွားတဲ့ လေပြည်ကို
ထုချေလွှာအတင်မခံဘူး ... မုန်းတယ် ...

မပြုံးလိုက်ပါနဲ့ ငါ့စကားတွေအတွက်
သူတကာလို ရင်မခုန်ဘူး
လေနုအေးဖြတ်တိုက်သလို
စိတ်တစ်ခုက
မင်းအပြုံးတစ်ခုမှာ နှလုံးသားတစ်ခု
အကြိမ်ကြိမ်သေဆုံးနေလို့ပါ .....
Saturday, November 14, 2009 0 comments By: မင်းနေဝေး

မလိုအပ်တော့တဲ့ လိုအပ်ခြင်းတစ်ခု

တစ်ဝက်တစ်ပျက်နဲ့
ခံစားချက်တွေ အံထွက်ကုန်ပြီ
အပျက်ပျက်နဲ့ နှာခေါင်းသွေထွက်ဖို့ပဲ လိုတော့တယ်
ဘယ်မလည်း ကောင်းခြင်းဆိုတဲ့ကံ
တစ်ရွာတစ်ကျီဆောက်ပြီး လိုက်ရှာတာတောင်
သဲသဲကွဲကွဲမရှိဘူး ......

ရှိခဲ့တဲ့အတိုင်းလည်း နေခဲ့တာပဲ
လောလောလတ်လတ်တောင်
ဝမ်းနည်းခြင်းနှမ်းဖြူးခံထားရတဲ့ ခံစားချက်တွေ
ဟင့်အင်းဆိုတဲ့ စကားတစ်ခွန်းနောက်မှာ
အလဲလဲ အကွဲကွဲ ....

ငါလည်းလေ
အတ္တတွေကို ချပြချင်တာပါပဲ
ကာလာကွဲတွေ မပါဘူး တပ်မက်မှုမှာ
ချစ်တာတစ်ခုပဲရှိတယ်
ရင်နှင့်ရင်းခဲ့ရသော ချစ်ခြင်းတစ်ခုသာ .....

ဒါနဲ့များတောင် သံယောဇဉ်ကို ဆွဲထုတ်ချင်နေတယ်
ကြိုးတစ်ခွေစာများ မျှော်လင့်မိသလား .....

ထားခဲ့ပါ ..... ထားခဲ့ကြပါ
ဘောင်အပြင်ဘက် ကမ်းမရှိ လမ်းမရှိ
သဲပွင့်တွေ စီရရီမှာ
ခံစားချက်တွေ အသီသီနဲ့
အလွမ်းပင်တွေ စိုက်သွားတော့မယ်
အချစ်ဆိုတာ မသေဆုံးသရွေ့လေ .....
Friday, November 13, 2009 0 comments By: မင်းနေဝေး

လူ

စိတ်နောက်လိုက်ရင်း
မီးတစ်ချက်လင်းတယ် ...
ပွိုင့်မိနေတယ်တဲ့

နေရာတစ်ကာမှာ
နေရာတစ်ကာလိုပါပဲလို့
မနက်ခင်းစောစောစီးစီးပြောတယ်
ဘယ်သူက ဘာမေးခဲ့လို့လည်း ...

လူလိုနေစမ်းပါဗျာ ...
သွားနေတာကိုက ကန့်လန့်နဲ့
လမ်းကျယ်ပါတယ်ဗျ ...

အေးပါဗျာ ...
ခက်တာက ကျွန်တော်ကလည်း
လူတစ်ယောက်လိုမနေတတ်သေးဘူး ...
နေရာထိုင်ခင်းကျဉ်းတာကိုး ....

ကဲကဲ
လူလိုနေကြရအောင် .... ဟိုဘက်နဲနဲတိုးဗျာ .....
Monday, November 2, 2009 0 comments By: မင်းနေဝေး

အသံတိတ် မျက်လှည့်

ဟူးးးး
အလွမ်းရာသီမကုန်သေးပါလား ...

တစ်နာရီ တစ်မိနစ်
စိတ်တွေသာ ကုန်ဆုံးသွားရသလိုပဲ
အတိတ်က အရိပ်လို
အိပ်မက်တွေလည်း ညတာရှည်နေရတယ် ...

မဟုတ်သေးပါဘူး
အတ္တက ခပ်ပါးပါးပါ
အရာရာကို ပေးဆပ်ဆပ်ခဲ့တာပဲ
လိုချင်ခဲ့တယ်ဆိုတာတောင်မှ အသိအမှတ်တစ်ခု
ဘာများ ပိုခဲ့မိလို့လည်း .... ဘာများ ရခဲ့လို့လည်း ....

မျက်ရည်သာ ငါနဲ့ သဘောတူတယ်
ခံစားမိရင်
အတား အဆီးမဲ့တယ် ....

လွမ်းတယ် ကောင်မလေးရယ် ....

စိတ်တစ်ခုပဲ ခြားတဲ့ နင်နဲ့ငါ
လေတစ်ချက် တိုးရင်တောင်
တစ်သက်စာ လွမ်းချင်တယ် ... လွမ်းတယ် ....

အခုတော့
ခေါ်သံ အော်သံ အဆုံး
နင်ပိတ်သွားတဲ့ နားအတွက်
အသံမဲ့တယ် ... အသက်မဲ့တယ် .....
Tuesday, October 20, 2009 0 comments By: မင်းနေဝေး

....... ကြောင့်

မနေတတ်ခဲ့ပါ

ခုန်လွန်းတယ်တဲ့ အချစ်ကိုတွေ့ရင်
ရင်ခွင်ကပြောတဲ့စကား
နှစ်ကာလများကြာခဲ့လို့လား

ဒီမှာလေ ..
ကျွန်တော့ရင်တွေ ငြိမ်သက်
အဲ့ဒီ နတ်သမီးလေး
ရေခပ်ဆင်းတဲ့အချိန်ပေါ့
လေပြေကတောင် .. သစ်ရွက်ကို ရှောင်ကွင်းလို့ ..
တိုးတိတ်စိုးထိတ်


ပြောပြချင်တယ်

ကမ္ဘာရယ်
နင် ဒီနေ့ .. တော်တော်လှတယ်

ဆူး

ဒီလောက်ထိတော့ ရူးမယ်လို့ မထင်မိတာ
.... အမှန် ....
လူတစ်ကာပြောတယ်
ချစ်ခြင်းရဲ့ ရာသီအစက
ဘယ်ဒဿနများ တိုးပေါက်ခဲ့ဖူးလည်း .....

ဖွင့်ချည်တစ်ခါ ပိတ်ချည်တစ်လှည့်
စဉ်းစားတိုင်းမှာ မျက်စိညောင်းတယ် ...

ချစ်မိခြင်းမှာ စိတ်တစ်ခုခြားနေတယ် ...

ကွယ် ...
ဒီတံတိုင်း မပြီးသေးပါဘူး
စစ်ထိုးခွင့် ရှိပါသေးတယ် ...

ကာလံဒေသံ ရွေးနေရတာ
နှလုံးသား တစ်နပ်စာ အတွက်မှတ်လို့
ဒီရင်ခွင် မအိုမင်းသရွေ့လေ ...

မဆိုလိုရဲပါဘူး
နေတက်ရေတက် ဘ၀အတွက်
ဒီအခြေတစ်ခု ဖြစ်တည်စေရုံလေးပါ ....

အာရုံတွေများနေတယ်
ဒီကဗျာ အတွက်တော့

ငါလည်း ...
တော်ရာနေ စေရာသွားမှ ဖြစ်မယ်ထင်ပါရဲ့ ......

အိမ်လွမ်းသူရဲ့ ကာရံမညီသောတေးတစ်ပုဒ်

တစ်နေရာ တစ်ဘာသာဆန်းတယ်
ခေတ် နဲ့ အညီ ရှိခဲ့ပေမယ့်
မမြင်မစမ်း လှမ်းမိနေတဲ့ ခြေလှမ်းအတွက်
ရာသီစာ မရှိခဲ့ဘူး ….

အိပ်မက် မက်တိုင်းတစ်ရေးနိုးရတယ်
ခြားနားတဲ့ လေထုမှာ
နှစ်သက်ခဲ့ဖူးတဲ့ ကာရံမပါခဲ့ဘူးလေ ..

တမ်းတမိပါရဲ့
ငယ်စဉ်အခါက ရေတစ်စက်ကို
ခုချိန်ခါမှာ
လန်းဆန်းမှုဆိုတာ … နှလုံးသားမှာ မှိုင်းမိနေရတယ် …

မျက်စိဖွင့်ခြင်း နဲ့ မှိတ်ခြင်းမှာ
အရောင်ပြောင်းတယ် ..
စိတ်စေရာက လွတ်လပ်တဲ့ မြက်ခင်းမှာ
မိုးဆမ်းတဲ့ မြေသင်းနံ့နဲ့ ပျံသန်းလို့
အချည်အနှောင်မဲ့ …..

ကောင်းကင်နဲ့ မြေကြီး
ဒီရင်ခွင်ချင်းတူပေမယ့်
နွေးထွေးမှု က မေတ္တာခြားနေရတယ် …..

နားလည်ခဲ့ပါပြီ ..
ငယ်ငယ်က ဆိုခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို ..
အမေတိုက်ကျွေးတဲ့ နို့ရေနဲ့
အဖေ ခွဲကျွေးမယ့် အုံးသီးတစ်လုံး
ခုတော့ မိုးရွာတိုင်း မျက်ရည်က ဓါးစာခံ …..

ဘာများတတ်နိုင်မှာလည်း …..

အချိန်မှီ်ပွင့်တဲ့ပန်းတော့ မဟုတ်ဘူး
အိပ်ရာဝင်ပုံပြင်တွေ နှစ်သက်တဲ့
ကလေးတစ်ယောက်အတွက်တော့
ဒီရာသီတွေကိုက စောလွန်းခဲ့တယ်
ကံကြမ္မာရယ် ….

အခုတော့
နေ့ရယ် .. ညရယ် .. ငါ ရယ်
တီးခတ်မရတဲ့ သီချင်းတစ်ပုဒ်ရယ်
အလွမ်းတွေ များလွန်းတယ် ……


ကျွန်တော်ရေးပေမယ့် ကျွန်တော် မပိုင်တဲ့ ကဗျာတစ်ပုဒ်ပါ .....
Wednesday, October 14, 2009 0 comments By: မင်းနေဝေး

ရောဂါ

မထူးဘူး .. မဆန်းဘူး
မာနတွေအရောင်းပြောင်းတယ်
အိပ်ရာဝင်ပုံပြင်တွေလည်း
အရင်လို မက်မောစရာမကောင်းတော့ဘူး ....

တောဘုရင်လည်း အကောင်ကြီးရင် ကြောက်ရတာပဲ ..
တစ်ချိန်တစ်ခါက
ကဗျာတွေကိုသတိရလိုက်တာ ..
အခုတော့
စဉ်းစား ဆင်ခြင်မှုအောက်မှာ
တန်းဖိုးရှိတာတွေ အိတ်ထဲထဲ့ပြီး
အိမ်ပြန်သွားခဲ့ပြီ ....

တုံးအောက်က ဖါးဘ၀ပဲလေ
ကမ္ဘာကျော်အိပ်မက် မမက်နိုင်တာ
သိပ်မဆန်းဘူး ....

ဆန်းတာက
အိပ်မက် မမက်နိုင်တဲ့ညတွေပဲ
အရသာခါးခါး မျက်ရည်စက်တွေနဲ့ ...

ရိုက်ချိုးလိုက်ကြစမ်းပါ
တော်တော်ဟောင်းနွမ်းနေတဲ့
ကျွန်တော့ အတွေးအခေါ်တွေကို

ကျိန်းသေပါတယ်
ကြေကွဲ အပိုင်းအစတွေမှာ
ရက်ရာဇာ တွေ ပါမှာ မဟုတ်ဘူး .....
Wednesday, October 7, 2009 4 comments By: မင်းနေဝေး

ဒီနေ့

ဒီနေ့ကိုမှတ်ထားလိုက်ပြီ ..... ကံကောင်းခြင်းလား ကံဆိုခြင်းလား မခွဲနိုင်ပေမယ့်
အမှတ်တယ တစ်ခုကို မွေးဖွားခဲ့တဲ့နေ့ ..... လွမ်းရမယ်ဆိုရင်လည်း လွမ်းမယ် ...
နောင်ကျန်ရှိနေတဲ့အချိန်တိုင်းမှာလည်း ချစ်နေအုံးမယ် .... ကောင်မလေးရေ ......
ကြားမှာတော့ မဟုတ်ပေမယ့် ရင်ထဲကအော်မြည်သံက မင်းကို ချစ်တယ် ... ချစ်တယ်တဲ့ .....

မနက်ခင်းတစ်ခုရောက်လာတယ်
မှုံမှုံမှိုင်းမှိုင်းနဲ့
သစ်ပင်တွေက အပျင်းဆန့်နေကြတယ် ..
နေရာအနှံမှာ အချစ်တွေလိုက်ရေးနေတဲ့ ကျူးပစ်လည်း
ငါ့ နှလုံးသားအတွက် အိပ်ပျော်နေသေးတယ် ...
ခုထိလည်း နေကမထွက်သေးဘူး
စောနေတာလား .. နောက်ကျနေတာလား ...
မျက်နှာသွားသစ်နေတာလား ..
မိန်းခလေးတစ်ယောက်ရဲ့ လှပတဲ့အချိန်တဲ့
ကောင်မလေးရေ ....
ငါ့အတွက် ရင်ခုန်သံရော လှမှာလား ..
ခြေချင်းလိမ်နေတဲ့ အတွေးတွေလည်း
အိပ်မက်တွေ မဖြစ်နိုင်ခဲ့ဘူး
မနေ့ညကလည်း အိပ်မပျော်ဘူး
မနက်အိပ်ရာထတော့ နောက်ကျတယ်
မနက်ခင်းလှသွားသလား ....
နောက်ကျနေတာလား ..
Wednesday, September 30, 2009 5 comments By: မင်းနေဝေး

ဘာမဟုတ်တဲ့ သေတမ်းစာ ..

ဒီမှာ ကြေကွဲနေတဲ့ အပိုင်းအစတွေ
နင် .. ငါမဟုတ်တဲ့လူနဲ့
...........
ငါ .. ထုတ်ပိုးထားတယ်
လမ်းကြမ်းရင် ခင်းလျှောက်လိုက်ပါ
နူးညံ့ပါတယ် ....

ဒါက .. ညအိပ်မရေးသေးတဲ့
အပိုင်းအစတွေ
ငါ .. တစ်ယောက်တည်း
. ........
နားထောင်ကြည့်ပါ
လမင်းရဲ့ကဗျာရွတ်သံ
နင့်ကိုတော့ လွမ်းနေလိမ့်မယ် ....

ခပ်ဖွာဖွာ ပြန့်ကျဲနေတဲ့
မှတ်ဥာဏ်တစ်ခုရှိသေးတယ်
.. မပေးတော့ပါဘူး ...
ငါ့အတွက်ချန်ထားပါ
နင့် နံမည် တစ်ခုနဲ့ ပြည့်နေလို့ ...

သွားတော့မလား
တစ်ခုမေးချင်တယ် ..
ငါ့ကို နင်မြင်ခဲ့သလားလို့ပါ ..

သြော် ..
... သိတယ်တဲ့လား ..

ဒါနဲ့
မနက်ဖြန်နေထွက်ရင်
ဒီနေ့ ငါရှိခဲ့တယ်ဆိုတာ
တဆိတ် ပြောပြပေးလိုက်ပါ .....

(ဆိတ် နဲ့ ဆိပ်ကို မကွဲတာတော့ အမှန်ပဲ ..... :P)
Monday, September 28, 2009 7 comments By: မင်းနေဝေး

---- လိပ်စာ ----

အသိသက်သေတွေနဲ့
ခြေချခဲ့တဲ့လမ်းတော့ မဟုတ်ဘူး

အိပ်မရခြင်းတွေကို
သေချာစမ်းစစ်ပြီး လာခဲ့တာပါ ....

ဦးတည်ရာက
ရေရာခြင်း မရှိခဲ့တဲ့အတွက်လည်း
ငါ .. မယိုင်လဲခဲ့ပါဘူး ....

ငါ့အတွက်တော့ သေချာခဲ့တဲ့
အဲ့ဒီ လမ်းအတွက်
ရင်ခုန်သံတော့ ရင်းရမှာပေါ့ ....

ဦးတည်ရာဆိုတဲ့ ကောင်မလေးရေ
နင်မရေရာပေမယ့်
လာခဲ့တဲ့ငါက
နှလုံးသားပါ လက်ဆောင်ပေးဖို့
အကြိမ်ကြိမ် ကြေငြာခဲ့တယ်လေ ....

ငါလာတဲ့လမ်း မမှားခဲ့ပါဘူး ...
သေချာပါတယ် ...
အဲ့ဒီလိပ်စာမှာ လေ
နင့်ကိုချစ်ခြင်းတွေ
အထပ်ထပ် ရိုက်နှိပ်ထားလို့ပေါ့ ....
Thursday, September 24, 2009 7 comments By: မင်းနေဝေး

အတ္တတစ်ခု

နေခြည်နှင်းရယ် … နင်မနက်ခင်းရင်
ရွှေရောင်ပြိုဆင်းမယ်
ကမ္ဘာမြေပေါ် ….

နှင်းကတ္တီပါ နေအလင်းနဲ့
အိပ်မှုံစုံဝါး .. သစ်ပင်များ
မဉ္ဖိမ သံစဉ်နဲ့
ညသစ်ကိုကြိုဆိုစေ ….

နေ့ တစ်လှည့် .. ညတစ်လှည့်
ကမ္ဘာမြေရဲ့ နေ့ရက်တွေကို
ပိုင်စိုးပိုင်နင်း
ဆောင်းမနက်ခင်းတွေပဲ ဖြစ်စေချင်တယ် …

ကဲ …
ဘာပြောချင်သေးလည်း .. ချစ်သူ …
Tuesday, September 15, 2009 6 comments By: မင်းနေဝေး

တစ်ခါတစ်ရံမိုး

ရေသံသရာမှာ .. နွေဟန်မပါတဲ့
ချစ်သောမိုးရေ ....

ဟိုး ... အဝေးဆီက
တိမ်ညိုမှိုင်းလို့
လျှပ်လက်တောက်ပ .. မင်းလှနေပုံက
ခြောက်သွေ့မြက်ကို ..
.... ပျိုစေတယ် ...

မျှော်မိစမ်းပါဘိ ...
နွေတစ်ခန်းရပ်မှာမို့
ဒီ .. ရေခမ်းရင်ခွင်က
.. တစ်အုံနွေးနွေး .. မိုးမျှော်တယ်လေ ...

ပြိုမလို မင်း .. နေပုံဆန်းတော့
ငိုမလို နွေ .. အပြန်လမ်းမှာ
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
အလှမ်းခက်တယ်လေ ....

ကဲ ..
... လွမ်းချင်လည်း လွမ်းစေ ...
.. နွေတစ်ရာမှာတော့
. ရေတစ်ခါလှည့်မယ် ..

နင် မညာပါနဲ့တော့
.. ချစ်သော မိုးရေ ....
Sunday, September 13, 2009 11 comments By: မင်းနေဝေး

လိုအပ်ချက်တစ်ခုရဲ့နောက်က လိုအပ်ချက်

တကယ်တမ်းကျတော့
ငါ့ဘ၀က လှောင်အိမ်ထဲမှာ ...

စိတ်ကူးယဉ်ခွင့်တစ်ခုသာ ပိုင်ဆိုင်ခဲ့ပြီး
လက်တွေ့က ငါနဲ့ မနီးစပ်ဘူး ...

ချစ်ခဲ့တယ်ဆိုတာတောင်မှ တစ်ဘက်သက်
အလွမ်းဆိုတာလည်း တစ်ဘက်သက်

ဘယ်လောက်ကြာအုံးမှာလည်း
တစ်ချက်ချင်းခုန်နေတဲ့ရင် ....

သေခြင်းနဲ့သာ နီးစပ်ချင်တော့တယ်
နင်နဲ့ နီးစပ်ဖို့က အကန့်ခြားတယ် ....

ယဉ်နေတဲ့စိတ် ကူးလည်း နင့်ဆီမှာ
ငါဆိုတဲ့ နာမ် ကလည်း နင့်ဆီမှာ

သုံးမရတဲ့ ခန္ဓာကိုယ်သာ လှောင်အိမ်ထဲမှာ
လာကြည့်တဲ့လူမရှိတဲ့ ပြခန်းလို
ခြောက်ခြောက်သွေ့သွေ့

ဟား............
အဆိပ်တစ်ခွက်များ ရှိကြသလားဗျာ ...
Wednesday, September 9, 2009 8 comments By: မင်းနေဝေး

လမ်းဆိုတာ .... လှမ်းတဲ့လူတွေအတွက်သာ ......

" ငါသွားတော့မယ် "
ကောင်းကင်တစ်ခုလုံးပြိုကျသံ
ကမ္ဘာမပျက်ခဲ့ဘူး ..
တစ်ဖက်သက်နဲ့ လမ်းခွဲခြင်း ....

မပြုံးဘူး .... မမဲ့ဘူး .....
ဒီအသံက နှုတ်ဆက်ခြင်းမမည် ..
ပြောခဲ့ရသူသာ တစ်ခန်းရပ်သေဆုံးခြင်းနဲ့ ...

နောက်လှည့်မကြည့်ဘူး ..
မြစ်မည်ပြီး ရေမစီးခဲ့ရတာ
နောက်ကျခြင်းရဲ့ ရလဒ်တစ်ခု ..
အခုလည်း ပင်လယ်သေတစ်ခု ..
ငြိမ်သက်နေတယ် .. နှလုံးသားမဲ့ ....

"မှန်" တစ်ချက်လိုကံတရား ..
အမြဲပြုံးခဲ့ပေမယ့်
ဆန့်ကျင်စွာပြုံးနေတယ် ..
အဲ့ဒါ .. နှလုံးသား ပျောက်တဲ့ "မှန်"

စိတ်ကိုပဲ ကိုးကွယ်မယ်
ငါ ... မရှိခဲ့
နင်နဲ့နီးရာမှာ
အရိပ်တစ်ခုရဲ့ အရိပ်လို ....

ဖြေစကားတစ်ခွန်းမရှိခဲ့ ..
နှုတ်ဆက်ခြင်းက
ကမ်းတစ်ဘက် ရဲ့ တစ်ဘက်လို
တစ်ဘက်သက် .. လမ်းခွဲခြင်းနဲ့လေ ............
Monday, September 7, 2009 11 comments By: မင်းနေဝေး

ကျွန်တော့ကို အမြင်ကတ်ရသော အကြောင်း အရင်း

ဒီတစ်ခါလည်း အတဂ်ခံရပြန်ပြီ ... ရေးရမှာတော့ သိပ်အဆင်မပြေဘူး ၀က်ရေ .....
ကျွန်မကို အမြင်ကတ်ရသော အကြောင်းအရင်းတဲ့ .. အဲလေ .. ကျွန်တော့ကို အမြင်ကတ်ရသော အကြောင်း အရင်းတဲ့ ... :D ဘယ်လိုရေးရပါ့ .. ကိုယ့်ကို အမြင်ကတ်တဲ့လူတွေတော့လည်း ရှိတာပေါ့ .. ဆရာတစ်အားလုပ်ချင်တာကိုး .... သူတို့များ အမြင်ကတ်လေမလားဆိုပြီး တစ်ခါမှတော့ မစဉ်းစားဖူးဘူး ... ကိုယ့်အထာနဲ့ ကိုယ်နေတာပဲဆိုတော့လေ ....  ကဲကဲရေးဆိုတော့လည်း ရေးတတ်သလိုပေါ့ ...

ကျောင်းကနေပဲ စတာပေါ့နော့ ..... ဆရာ / ဆရာမတွေ အတွက်တော့ လူလိမ်မာတစ်ယောက်မဟုတ်ခဲ့သလို  လူဆိုးတစ်ယောက်လည်းမဟုတ်ခဲ့ဘူး ... ဒါပေမယ့် ချစ်ကြမှာတော့ကျိန်းသေတယ်ဗျ ...
ဆရာ က စာမသင်ချင်ထွက်သွားဆို လွယ်အိတ်ကောက်လွယ်ပြီး တီးဆိုင်ထွက်လာခဲ့တာပဲ .... :P  အခန်းထဲထိုင်နေရင်လည်း ဆရာမနဲ့ဆိုရင် ပင်တိုင် ရန်ဖြစ်တတ်သေးတာ .....  တော်တော် လိမ္မာဆိုပဲ :D

သူငယ်ချင်းတွေနဲ့ပါတ်သက်ရင်ရောလို့မေးလာရင်လည်း ချစ်ကြပါသည်ပေါ့ ... ဟိုသွားမယ်ဟေ့ဆိုလည်း မလိုက် .. ပွဲသွားမယ်ဟေ့ဆိုရင် လူရှုပ်လို့ ... ဘယ်မှကို မလိုက် ... ကောင်မလေးတွေပဲလိုက်  .. အဲ  မှားကုန် ပြီ ... :P  အဲ့လို ကျန်ကျန်နေခဲ့တော့လည်း အကောင်းတော့လည်း ပြောမယ်မထင်ဘူးဗျ ... အဟီး ... ဒီကြားထဲ  ခပ်တည်တည်နဲ့ ချောက်တွန်းတတ်သေးတာ ... ပျော်ရာပျော်ကြောင်းပေါ့ .. ချစ်ကြပါသည်ပေါ့ ...

ခု အလုပ်ထဲရောက်လာတော့လည်း ကိုယ့်ဘာသာတော့ အဆင်ပြေပါတယ် .... သူများတွေ အတွက်တော့  အဆင်ပြေပုံမရဘူးဗျ ... ကိုယ်က စပ်စပ်စုစု ၀ါသနာကလည်းပါတော့ အလုပ်များများလုပ်ရတယ် ..... တကယ်တန်းကျ ပင်ပန်းပါတယ် ...  အဲ့တာကိုပဲ အများကအချစ်ကြတယ်ထင်ပါတယ် ....  လူကြီးတွေက တော်တော်ချစ်ဆိုပဲ .... :P

အွန်လိုင်းတက်ရင်လည်း ပင်တိုင် ကလော်တုတ်  မယ့်လူရှိသေး ..  ခက်တာကလည်း အဲ့လိုမှ အပြောမခံရရင် စားမ၀င်အိပ်မပျော်နဲ့ဗျ .. တကယ်  :D

အင်းးး တော်မှထင်တယ်နော်  ..     ဆက်ရေးရင်လည်း ... ကျွန်တော့ကို ချစ်ခင်စွာနဲ့ အမြင်ကတ်သူများက တော်တော်များတာဗျ .... ကုန်မှာတောင် မဟုတ်ဘူး .... :D 

အဲ .... ကျွန်တော့ကို အမြင်ကတ်ရသော အကြောင်း အရင်းဆိုတော့ တစ်ခုရှိသေးတယ်ဗျ .... ခုလို စာရေးရင် သာပျော်တတ်တဲ့လူလို့ထင်မှာနော် .... အပြင်မှာကျတော့ တော်တော် မျက်နှာကျော တင်းတဲ့လူတဲ့ ....
သူ့လုပ်စာများစားရရင်အခက်ဆိုပဲ ... အဲ့လို  အဲ့လို

အဲ့လို  အဲ့လိုနဲ့   တဂ်ရမယ်လူနှစ်ယောက်ကိုတော့ တဂ်မှာပဲ  :D
စိမ်း နဲ့ နေညှိ ရေ  ... စိတ်တော့လည်း မဆိုးနဲ့နော် ....... တစ်အား တဂ်ချင်လို့ပါ   :P

.
Saturday, September 5, 2009 7 comments By: မင်းနေဝေး

<<<< ၀တ္တုထဲက ကဗျာ >>>>

သံသရာမကင်းဘူး .. ဒီဆုံနိုင်ခွင့်အတွက် ...
ဘုရားသခင်သတ်မှတ်ခဲ့တယ်ဆိုရင်
နောက်ကျစေတဲ့အတွက် .... စိတ်ဆိုးတယ် ....

အရောင်တောက်နေတဲ့ မနက်ခင်းမှာ ဆုတောင်းမယ် ..
ရင်ခုန်ခွင့်အတွက် ချုပ်ချယ်မှု ကင်းပါစေလို့ .....

ကမ်းမရှိ လမ်းမရှိ လျှောက်လှမ်းနေရတာ စမ်းတ၀ါးဝါးနဲ့ ...
ဒီမှုန်ပြပြ မီးပြတိုက်ကို တော့လည်းနားခဲ့ချင်တယ် ....
အလွမ်းတွေ အဆွေးတွေကို ရခဲ့မယ်ဆိုရင်တောင်
တစ်ကြိမ်တစ်ခါ ချစ်ခွင့်ရှိခဲ့မယ်ဆိုရင် ကျေပါတယ်လေ ....

ကောင်မလေးရေ ....
နွေတစ်ရာကို ဖြတ်လာခဲ့တာပါ ...
ပန်းတစ်ပွင့် ခူးခွင့်မကြုံခဲ့ပေမယ့်
အနမ်းတစ်ပွင့်တော့လည်း ပေးချင်တယ် ...

ညအိပ်ရာဝင်တိုင်း စိုးရိမ်စိတ်နဲ့
လမင်းနဲ့ ကြယ်စင် ကိုတိုင်ပင်နေမိတာပါ ...
ခင်းမိတဲ့ လမ်းအတွက် ဆူးတစ်ခက် များ ပါလေ မလားလို့ပေါ့ ....
နှင်းဆီကိုတောင် အပွင့်ခြွေခဲ့တာပဲ
နင်းစေချင်တယ် ကောင်မလေးရယ် .....
Friday, September 4, 2009 5 comments By: မင်းနေဝေး

:((( စိတ် ဒဏ်ရာ ((((((((((((((((

...... စကားလုံးနဲနဲလောက်ပါ ....
.......ရင်ထဲက နာကျင်မှုတွေကို ... ထုတ်ပြချင်လို့ ....

.... မတူညီတဲ့အချိန်နှစ်ခုအတွက် ...
........တူညီတဲ့ နှလုံးသားတစ်စုံ .....
.. ဘာ့ အတွက်ကြောင့်ပေးဆပ်ရတာလည်း .....

.. စဉ်းစားမိတိုင်း ...
.....နောက်ကျခြင်းကို အပြစ်တစ်ခုလို ..... မုန်းတယ် .....

( .... ) ရယ် ......
.. မမျှော်လင့်ပင်မယ့် ...
...... စောင့်စားနေတဲ့ .. ကျွန်တော် ....
... မကြိုခဲ့ပေမယ့် ...
..... ရောက်နှင့်နေတဲ့ ... ( .... ) ကို
... ပျော်ရွှင်စွာလက်ခံပြီး ... တစ်ယောက်တည်း .. ငိုကြွေးပါရစေ ....

... ကောင်းကင်ကြီးရေ ...
......နဲနဲလောက်ရွာချပေးပါလား .....
.... မိုးရေနဲ့အတူ ... ကျွန်တော့စိတ်ကို ...ရေဆေးချလိုက်ချင်လို့ ......

... ကျွန်တော့ စိတ်ကလေ ....
.......မချစ်ခင်က စွဲလန်းခဲ့မိလို့ .....
.... မချစ်ခင်က ကြေကွဲခဲ့ရလို့ .........
....... မချစ်ခင်က ဝေးကွာခဲ့ရလို့ .....
..... မချစ်ခင်က ....
..မချစ်ခင်က .....


...... စကားလုံးနဲနဲလောက်ပါ ....
.......ရင်ထဲက နာကျင်မှုတွေကို ... ထုတ်ပြချင်လို့ ....

<<< ငါ့အတွက် ရေတစ်စက် >>>

လူတစ်ယောက်က   ပိုင်ဆိုင်ခဲ့ပြီလို့ ထင်မှတ်နေတဲ့ အရာတစ်ခု ပျောက်ဆုံးတဲ့အခါမှာ .. ဘာလုပ်တတ်သလည်း .......

ကျွန်တော်ကတော့ ကဗျာပဲရေးမယ်ဗျာ .....



သိပ်အတ္တဆန်တဲ့အတွေးပါ ...

ဝင်သက်ထွက်သက်နဲ့
ရှိနေတဲ့အသက် ... အဲ့ဒီအနားမှာ
ခံစားချက်မဲ့လွန်းတဲ့  လူတစ်ယောက်နဲ့ .. ကျွန်တော် .......

ငိုစား ရီစား ဘ၀ပဲလေ
ဘာကိုများတောင့်တနေတာလည်း
ပြုံးခဲ့တာတောင်  ခနဲ့ပြုံးနဲ့
ဒီကောင်ကလည်း ... အဲ့တာကိုပဲ ပန်းတစ်ပွင့်ထင်ခဲ့တာ ....

ဝပ်ဆင်းနေတာပါပဲ
သခင်ရဲ့ ခြေတော်ရင်းမှာ ..
မော်မဖူးရဲလို့  ဓါးမိုးတာကိုမသိခဲ့
လည်ပြတ်ရင်တောင် သခင့်ခြေရင်းမှာ .. နောင်တမဲ့ .....

စိတ်တစ်နေရာစာပါပဲ
လိပ်စာတပ်ပြီး တစ်ဘ၀လုံးမလိုချင်ခဲ့တာပါ ...
ဒီနေရာမှာ .... အိပ်ရာဝင်ပုံပြင်တွေ များတယ် ....
ကဲ ... ငိုနေတာများ ... လှတပတနဲ့ ....

လှိမ့်စရာမလိုပါဘူး ..
အူလည်လည် ငါကလေ
တောင်ဆင်းတောင်တက်ကို ...
အရိပ်ကြည့်ပြီးလှမ်းချင်နေတာ ... နေဆိုတာ မရှိခင်ကတည်းကပေါ့ ....

ကဲကဲ .. ငိုချင်းကလည်းရှည်နေပြီ
ဒီတောင်မကွယ်ခင်တော့
ဒီနေလည်း ထွန်းလင်းခွင့်ရှိတယ် .....
ငါ့ကိုသာ ချနင်းပြီး ... နင် ထွက်သွားပါတော့  အလင်းရယ် .......
Wednesday, September 2, 2009 7 comments By: မင်းနေဝေး

ဝက်ဝံလေးရဲ့ တဂ်

ရေးတာမကြာသေးတော့ ပထမဆုံးတဂ်ခံရခြင်း .....

သွားနေကျ blog ၅ ခုတဲ့ .... သွားနေကျ ဆို အများကြီးပဲကိုနော့ ... ၅ ခုပဲလား :D

ကျွန်တော် Internet စသုံးတော့ blog ကို block နဲ့ရောနေတယ် .. အဟီး .. blog မဖတ်ဘူးလားဆို ဘာလည်းဟပေါ့ .... တစ်နေ့ ချက်ထဲက ကောင်မလေးတစ်ယောက်က လိပ်စာတစ်ခုပေးတေယ် WESHEME တဲ့ .. ဖတ်ကြည့်ကောင်းတယ်တဲ့ ဆိုတော့ ဖွင့်ကြည့်တယ်လေ ... အဲ့ကျမှသိတော့တယ် ဘမ်းတယ်ဆိုတာကို :P
အဲ့လိုနဲ့နေလာတာ ကြည့်မရတဲ့ဆိုဒ်တွေက များလာတယ် ... ဘယ်လိုလုပ်ရပါ့ပေါ့ .. တွေ့သမျှလူမေးကြည့်မှ ကျော်ကြည့်လို့ရတယ်တဲ့ .. နိပ်ဟ .. ပျော်တာပေါ့နော့ ... သူပေးတဲ့လိပ်စာနဲ့ ကျော်ကြည့်တယ် .. အားပါးပါး မြန်မာတွေက ဒီလိုတွေလည်း ရေးကြပါလားပေါ့ .. အဟီး ... အွန်လိုင်းနောက်ပေါက်ဂျလေဘီကိုး .. သူများတွေ သိတာ ဘယ်သိပါ့မလည်း .... :P အဲ့လိုနဲ့ ကျော်တဲ့ဆိုဒ်ကနေပဲ လျှောက်ဖတ်မိတယ် ... အများကြီးပဲကိုး .. ခေါင်းတောင်နောက်လာလို့ သုံးရက်လောက်တောင် အွန်လိုင်းမတက်နိုင်ဘူး .... blog လည်တာပြောပါတယ် ..
ခုတော့လည်း ဖတ်တတ်လာပြီ .. ရွေးပြီးတော့လေ ... :P ဒါတောင် တစ်ရက်လောက်ဖတ်လိုက်ရင် တစ်ရက် ပြန်နားရတာပဲ ... မျက်စိမကောင်းလို့လေ ... :D အဟီးးး ရေးရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိဘူး ..
ကိုယ့်ပေါင်ကိုယ်ပြန်ကုတ်နေတာနဲ့ ::P

သွားနေကျ blog ငါးခုပေါ့နော်

ပထမ တစ်ခုအနေနဲ့ အမ မနော်ဟရီ ဆီကို တော်တော်များများရောက်ပါတယ် ... သူ့ကဗျာတွေကြိုက်တာကိုး ... :D ဟိုးအရင် ၀တ္တုတွေကလည်းက ဖတ်ခဲ့ ကြိုက်ခဲ့တာ ...

နောက်တစ်ခုက အမ မယ်ကိုး ပေါ့ ... ကျွန်တော် blog စရေးပြီးနောက်ပိုင်း သူ့ဆီရောက်တယ် .. အရေးအသားက နူးညံ့တယ်လေ .. ကျွန်တော်ကလည်း စိတ်ခံစားလွယ်တယ် .... အံကိုက်ပဲ ... (အံကပ်ဟုတ်ဝူးနော် :D)

နောက်တစ်ယောက်က ကိုယုယ သူ့ကို ကိုမင်းအိမ်ဖြူ ဆီကနေတဆင့် ရောက်ခဲ့တာပါ ... အတွေးနဲ့ အရေးလေးတွေကောင်းလို့ ရောက်ဖြစ်ပါတယ် .. အခုတော့ ပျင်းနေတာထင်တယ် ... အသစ်မတွေ့ဘူး ... :D

နောက်တစ်ယောက်က ဘွပြောင်းသွားရှာတဲ့ ၀က်ဝံလေး လို့ပြောတဲ့ ကျွန်တော်မြင်တာတော့ ၀က်ကလေးပါ .. :P သူကျတော့ ပေါက်ပေါက်ရှာရှာနဲ့ ရေးတတ်လို့ .. သူ့ဆီရောက်ရင် စိတ်အမောပြောတယ်လေ ...

အများဆုံးရောက်ဖြစ်တာတော့ ဒီ blog လေးပါပဲ :D နောက်တာဟုတ်ဝူး ဂယ်ပြောတာ ... ဟီးဟီး ဖတ်လည်းဖတ်တယ် .. တကယ် ...

ကဲ ၀က်ရေ ပြီးပြီနော် .. ငါရေးတတ်သလိုလေးပဲ ရေးထားတယ် ... ခုရေးပြီးပြီဆိုတော့ တဂ်မယ် နာလည်း ဟီးးး
စိမ်း ... ရေးပေးမယ်ဟုတ် .. တဂ်လိုက်ပြီနော် ...
နေညှိ ရော ... ကဗျာမရေးပဲ အပျင်းကျနေတာ ... ခုစာရေးခိုင်းလိုက်ပြီ .. ရေးပေတော့ :D
Saturday, August 29, 2009 12 comments By: မင်းနေဝေး

> >>> မိုးမိနေတဲ့ နွေ >>

လေပြေတစ်ချက်မှာ
အနေခက်တယ်
နေရက်သူရယ် ......

နွေတစ်ရက်ပေမယ့်
အကြွေခက် လွမ်းသူက
ဒီရင်ခွင် အပူကို
ရေတစ်စက်နဲ့ ... ငြိမ်းချင်နေ...

ဝေသထက်ဝေ
ဒီအလွမ်းပန်းတွေလေ
နွေမျက်နှာတစ်ခုလုံး
အခက်အလက်တွေ  .. စိမ်းစိုစေ ......

ကြွေမတတ် လေ
နင် မရှိ လေတော့လည်း
အဖြေခက်နေတာ
နေတက် ရေတက်လေ .....

ဖြေလွမ်း ဘယ်မသိ
ဒီနွေတစ်ခန်းပြီးရင်
ဒီအခြေ ဒီအနေနဲ့
အလွမ်းမိုးဆွေရအုံးမယ်လေ .....

သြော် .....
လေတစ်ချက်ပေမယ့်
မဖြေတတ်လွမ်းသူက
မနေတတ်မှန်းသူမို့
အသည်း ကျွမ်းမည့် သူပါလေ .......


ကာရံရေးကြည့်တာ  :P

တရံရောအခါက သူငယ်ချင်းသို့ ..........

မတောင်းတပါဘူး ရရှိလာတဲ့ ကံတရားရဲ့လက်ဆောင်တစ်ခုလိုသဘောထားပြီး မြတ်နိုးခဲ့တာပါ .....
နောင်အနာဂါတ်ဆိုတာမှာ နေရာတစ်ခုပေးထားပြီး ဘ၀ရဲ့လျှောက်လှမ်းဖေါ်(ဆိုလိုတာ လက်တွဲဖေါ်မဟုတ်ဘူးနော် ) အဖြစ် အတွေးထဲမှာ မြင်ယောင်ခဲ့ဖူးတာပါ .... အဲ့ဒီခံစားချက်တွေကို အမြတ်တနိုးတန်ဘိုးထားပြီး ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ ရွတ်ဆိုနေမိတာ ...... ကျွန်တော်မှားသလား ......

ဒီကမ္ဘာရဲ့တစ်နေရာမှာ ခံစားချက်တိုက်ဆိုင်တဲ့ လူနှစ်ဦး အတူရှိနေခွင့်ဆိုတာ မလွယ်ကူပေမယ့် တစ်နေရာစီက လူနှစ်ဦးကတော့ စိတ်ချင်းတော့လည်း ထပ်တူကျနိုင်ပါရဲ့လို့ ခံယူချက်တစ်ခု ....
ရူးရူးမူးမူး မဟုတ်ပေမယ့် ဦးတည်ချက်တစ်ခုထားခဲ့မိပါတယ် ... မျက်ဝန်းနှစ်ခုဆုံနိုင်ဖို့ပေါ့ ....

ခုတော့လည်း ရှည်ရှည်ဝေးဝေး မစဉ်းစားရပါဘူး .. အများသူငါလို လျှောက်ပြန်သံပေးနဲ့ အဲ့ဒီအတိတ်တွေက ရိုင်းခဲ့သလိုပဲ .... ကျွန်တော်ဆိုတဲ့ ကျွန်တော်တောင်  လေလှိုင်းထဲက သစ်ရွက်ငယ် တစ်ရွက် ....

မျက်နှာငယ်ငယ်နဲ့ အမြဲခေါင်းငုံ့နေခဲ့တာပဲ ... သန့်စင်တဲ့ ချစ်ခြင်းကို ၁၅၀၀ မကင်းဘူးလို့များ ထင်မှတ် နေသလား ... မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်တဲ့ ဒီအတ္တတွေမှာ ခံစားချက်ခြင်းတိုက်ဆိုင်တယ် ဆိုတာ ....  လွမ်းမိရပါလား ...

ရင်ခုန်သံထပ်တူကျခဲ့တာ မဟုတ်ပါဘူး .. ဒီလမ်းကို အတူလျှောက်လှမ်းချင်ခဲ့တာပါ .. ဒီကမ်းမှာပဲ ရှိနေတဲ့ သူတွေလိုထင်မှတ်ခဲ့တာအတွက်တော့ ...  ငါ ..... စိတ်မကောင်းဘူး ....

လှမ်းနေမိတဲ့ ခြေလှမ်းတွေကို ရုတ်သိမ်းပါတယ်လေ ... မတူမတန် မျှော်မှန်းမိတယ်လို့ပဲ သဘောထားလိုက်ပါ ... ပင်မြင့်စံတဲ့ပန်းက လယ်သူမတစ်ယောက်ရဲ့ ဆံထက်မှာ မရှိခဲ့သလိုပေါ့ ....
နင့်အတွက်တော့ငါဟာ နင်သွားနေတဲ့လမ်းလောက် မချောမွှေ့တဲ့ ဆက်ဆံရေးရှိတဲ့လူပါ .....

လက်နှစ်ဖက်ရှိမှ  လက်ခုပ်သံထွက်နိုင်တာပါ .... အောက်ခြေက ငါ့အတွက် အဲ့ဒီအတိတ်တွေရိုင်းခဲ့ဘူးတာ ကိုပဲ စိတ်မခိုင်တစ်ခိုင်နဲ့ လွမ်းနေမိမှာတော့ အမှန်ပါပဲလေ ......
Tuesday, August 25, 2009 7 comments By: မင်းနေဝေး

တောင်းပန်ခြင်း ....

သူများ Blog တွေ လိုက်ဖတ်မှ သတိထားမိတယ် ....
လင်ခ့် ခွင့်တောင်းထားတာလေးတွေပါ ......
ကျွန်တော်က သွားတတ်တဲ့ နေရာလေးတွေကို လင်ခ့်ထားမိတယ် ....
ခွင့်မတောင်းပဲပေါ့ ...
အဲဒါ   ခွင့်ပြုကြပါလို့ ... :D .... သဘောမကျရင်လည်း ပြောကြပါ ကျွန်တော် ပြန်ဖြုတ်ပေးပါ့မယ်. ...

အားလုံးပဲ  လင်ခ့်မိတဲ့ blogger များကို အနူးအညွတ် တောင်းပန်ပါတယ်နော် ....
Monday, August 24, 2009 3 comments By: မင်းနေဝေး

>>> ကျူးခွင့်မသာတဲ့ ငါ့ဂီတ <<<

နေ့သစ်ရဲ့ ရေတစ်ခွက်က
မျက်နှာမသစ်ရသေးသလို
အိပ်မှုံစုံမွှားနဲ့ ... အရာရာဟာ ၀ါးတားတားနိုင်နေတယ် .....

ကန်တစ်ခုဖြစ်ခဲ့ပြီးမှ ရေမရှိရတာ
အသက်ကင်းမဲ့နေတဲ့ လူသေလို
အေးစက်စက်နဲ့
နေထိုင်ခြင်းက အိမ်ယာမဲ့နေတယ် .....

စိတ်ခံစားချက်တွေကို
ဂုတ်ဆွဲပြီး ခေါ်လာခဲ့တာပဲ
ယက်ကန်ယက်ကန်နဲ့ အကြိမ်ကြိမ်ကျကွဲနေတယ်
အဲ့ဒီ စိတ်ကြည့်မှန်က
ဘ၀လည်း အလီလီကူးခဲ့ပြီးပြီ ......

ကဲ ဘာမှားနေတာလည်း ..
လမ်းမှန် ကမ်းမှန်ပါပဲ
ဒါပေမယ့် ....
ဆိုတာတစ်ခြား သံစဉ်တစ်ခြားနဲ့
ငါလည်း .. ဒီစင်ပေါ်ကနေ
အကြိမ်ကြိမ်ငြင်းပယ်ခြင်းနဲ့ .. ကာရံမဲ့နေရပါလား .....
Tuesday, August 18, 2009 5 comments By: မင်းနေဝေး

...... စိတ် ..... တစ်ခွက်

ချိုရီ ယစ်မူးတဲ့ဝိုင်ချိုတစ်ခွက်

အဆိပ်သင့် အပြုံးတွေနဲ့

ငါ့နှလုံးသားကို ထွက်ပေါက်မရှိအောင်ဖမ်းစား

မင်း … ပဉ္စလက်များ တတ်နေသလား …..

အဲ့ဒီ မာယာအချစ်တောထဲက

နောက်လှည့်မကြည့်ကြေး ကျောခိုင်းခဲ့ပေမယ့်

ငါ .. လျှောက်လှမ်းမိတာကိုက

ရင်ခုန်စူးနဲ့ခင်းတဲ့ .. နေမင်းသမီးရဲ့ ပြေးလမ်းပေါ်မှာ …..

အကြိမ်ကြိမ်ဆန့်ကျင်ခဲ့တာပဲ

ဒီရက်စွဲတွေကို ….

နင် လောင်ကျွမ်းစေလို့ ပြာကျနေတဲ့ နှစ်လုံးသားတစ်စုံနဲ့

ငါတစ်ယောက်တည်း .. မျက်ရည်စက်လက် ….

မိုးတွေရွာနေပြီ နတ်သမီးလေးရေ …

မတုန့်ပြန်ပါပဲ စုတ်ပြတ်ကုန်တဲ့ ငါ့ ရင်ခွင်အတွက်

အရည်ပျော်ပျောက်ကွယ်ဖို့ အက်ဆစ်တစ်စက်

အနူးအညွတ်တောင်းဆိုပါရစေ ….

မာန်နတ်ရဲ့သမီးပျိုရေ …

အချစ်ကို အဂတိလိုက်စားနေတဲ့ … ငါ ဆိုတဲ့ .. ငရဲသားက

နင့်နှုတ်ခမ်းနီခဲ့မယ်ဆို

အသွေးအသားနဲ့နှင်းဆက် .. အမြဲ ခေါင်းငြိမ့်ချင်နေခဲ့တာ …

လည်ပတ်နေတဲ့သွေး

နင်လိုရင် အကုန်ဖေါက်ထုတ် …

နင့်ကို ချစ်တဲ့ နှလုံးသားတစ်ခုနဲ့ အသက်ရှင်နေထိုင်မယ် ….

မလိုအပ်တော့တဲ့ ဦးနှောက်ကို သောင်ပြင်မှာ ချထား …

ကျီးထိုးထိုး ခွေးစားစားပေါ့ …..

အဆုံးစွန်ထိပေါက်ကွဲတော့မယ့် ငါ့ .. နှလုံးသားကို

ဟောဒီ့ ကမ္ဘာ ဆုံးခန်း မတိုင်မီ

အရှင်လတ်လတ်ကားစင်တင်ပြီး

နင့်လက်နဲ့သာ ခွဲထုတ်ယူထားလိုက်ပါတော့ .. ချစ်သူ ..




ဝန်ခံချက် ... ခုတစ်လော ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ နဲ့ ပျင်းရိခြင်းနဲ့ ကျေနပ်နေတာ .. :P

မ၀င်ဖြစ်တာ တော်တော်ကြာသွားပြီ .... တောင်းပန်ပါတယ် .....

Wednesday, August 5, 2009 4 comments By: မင်းနေဝေး

>>'' မမှီတဲ့ပန်း "<<

သြော် .....
ဒီပန်းတွေ အကုန် ပွင့်လန်းပါရဲ့
နွမ်းချင်တဲ့ ဒီစိတ်တွေ
အလွမ်းတွေ ကြောင့်များလာ ... ကောင်မလေးရေ .....

ကမ်းကုန်အောင် မလျှောက်လှမ်းရပေမယ့်
လမ်းကုန်အောင်တော့
ငါ ... လှမ်းလာပါ့မယ် .....

လမ်းကြုံပါလာတဲ့ ဒီအချစ်တွေကတော့
မင်း တစ်ယောက်အတွက်
သီးသန့်တဲ့လေ ......

ဒါပေမယ့်လည်းလေ ...
ခြေလှမ်းတိုင်း လေးလံ
လမ်းကုန်ရင်တောင် နင်ရှိတဲ့အရပ်က
ငါ့အတွက် ....
လှမ်းမမြင်နိုင်တဲ့ ကျွန်းရယ်တဲ့လေ .....

လွမ်းချင်သလိုသာ လွမ်းခွင့်ပြုပါတော့
နှုတ်ခမ်းညီ ပြုံးခဲ့ပေမယ့်
ဒီလမ်းတွေ ... ဒီလမ်းတွေက
ပန်းတွေ ခင်းခဲ့တာမှ မဟုတ်တာပဲ .....

ပန်းတစ်ပွင့်လေ
ဒီရင်ခွင်မှာ ဖူးပွင့်ခဲ့ပေမယ့်
နမ်းခဲ့ဖူးတဲ့ အနမ်းတွေက
လေထဲမှာပဲ လွင့်ပါးပျောက်ကွယ် ...

ငါလည်းလေ ...
မချစ်ခင်က လွမ်းနေသလိုပါပဲ
.. ကောင်မလေးရယ် .....
Saturday, August 1, 2009 0 comments By: မင်းနေဝေး

မစလိုက်ရတဲ့လမ်းဆုံး

အလွမ်းတွေပါမှာသိရက်နဲ့
ကမ်းမိတဲ့ ဒီလက်တွေ
...

အခုတော့လည်း ...

လျှောက်ခဲ့မိတဲ့ လမ်းတွေ
နောက်ပြန်လှည့်ကြည့်တော့ မှုန်ဝါးဝါးနဲ့ ..

ဟိုးအဝေးမှာ ..
ကျန်ခဲ့တဲ့လူ
ဘယ်သူများပါလိမ့် .......


(ဖြစ်ရပ်မှန်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ)
Friday, July 31, 2009 3 comments By: မင်းနေဝေး

>> အချစ် <<

ဝေ့ခနဲ ...
မြင်မိသလိုပါပဲ
မသေချာပါဘူး ....
ဒါပေမယ့် ..
ငါ့နှလုံးသား ... နှင်းစွတ်သွားတယ် .....

<< အလွမ်းငှက်ရဲ့ ဂီတ >>

ရွတ်ဆိုတဲ့ အသံ
ကာရံမညီ မပီသပေမယ့်
ဒီတစ်ခွန်းတည်းပါပဲ
... ချစ်တယ် ...

ဦးတည်ရာမဲ့ အတွေးနဲ့
လေသင့်ရာ လွင့်ခဲ့ ဖူးပေမယ့်
ဒီတစ်ကိုင်းတော့လည်း
နားခဲ့ချင်တယ် ... နောင်တမဲ့ .....

အသံသာသာ မသီကျူးတတ်ခဲ့
ဗြောင်းဆန်အောင်ချစ်ခဲ့ပေမယ့်လည်း
မနေတတ်မထိုင်တတ်တဲ့
ဇါတ်ပေါင်းတိုင်း
ဒီသီချင်းက လွမ်းတယ် ......

ကဲ ..
ဘာကိုများတွယ်တာနေတာလည်း ..

တေးသွားအတိုင်း လှုပ်ရှား
မနားခဲ့ရတဲ့
ဒီ .. နှလုံးသားကလေ

နင်လှမ်းသွားတိုင်း
လွမ်းတယ် .......
Friday, July 24, 2009 6 comments By: မင်းနေဝေး

<<<< ရင်ကွဲကာမှ >>>>

လွမ်းရမှာ သိပါလျှက်နဲ့
ရှေ့ကိုပဲတိုးနေမိတဲ့ .. ရင်ခုန်သံတွေ ...
အကြိမ်ကြိမ်တွေးလည်း
နှစ်ထပ်မရှိတဲ့ ချစ်ခြင်းမို့
ဒီတစ်သက်စာပေးခဲ့ချင်မိတာ ....

မပြောင်းလဲနိုင်တော့တဲ့ကံရယ်
တွေ့ဆုံခြင်းကို နောက်ကျစေနိုင်လွန်းတယ် ....

စောစီးစွာ ရင်ခုန်ခွင့်ပေးခဲ့ရင် ....

မတွေဝေခဲ့ပါဘူး ..
ရှိပြီးသား ကံတရားကို ...
ငါလေ ... ဗီလိန်မဖြစ်ချင်ခဲ့ပါဘူး ....

သံယောဇဉ်အသံ
မကြားတစ်ချက် .. ကြားတစ်ချက်နဲ့
မမြင်နိုင်တဲ့ အနာဂါတ်မှာ
မမြင်ရမှာကို စိုးရိမ်ပြီး
ဒီမျက်ရည်က .. ငွေ့ရည်ဖွဲ့ချင်နေတယ် ...

ဆွေးချင်လည်း ဆွေးပါစေလေ
အနယ်မထိုင်တဲ့ .. ခံစားချက်ကို
စိတ်တူကိုယ်တူ
..... မျောလွင့် စေတော့မယ် ....


Friday, July 17, 2009 7 comments By: မင်းနေဝေး

..ထီးတစ်လက် ...

တစ်ရာသီလုံး စွေခဲ့တဲ့မိုးကြောင့်
ဒီအလွမ်းတွေ စိုစွတ်နေရတယ် ..

ပျိုးအသစ်စိုက်တိုင်းသာ
ပန်းအကုန်ပွင့်ရမယ်ဆို
ကမ္ဘာရယ် ..
နင်လည်းတော်တော်လှနေရော့မယ် ....

မိုးမခတဲ့ ရင်ခုန်သံတဲ့လေ
တစ်ဘ၀စာအတွက်
ရွာသွန်းခဲ့ပေမယ့်
ခြောက်သွေ့အက်ကွဲစဲ ....

သြော .. အနမ်းရယ်
နင်မျက်နှာလွှဲတိုင်း
တစ်ခန်းရပ်သေဆုံးနေရတဲ့ .. ငါပါ ...

ရွာနေချင်တဲ့ ..
ဒီ .. မိုးအတွက်လေ ..

နင်မစိုခဲ့ချင်ရင် ..

ငါ့နှလုံးသားကိုပဲ ထုတ်ယူ
မင်း ...
...... မိုးခိုနေလိုက်ပါချစ်သူ ....
Tuesday, July 14, 2009 4 comments By: မင်းနေဝေး

<<<<<< . တောင်းဆိုမှု . >>>>>>>



အသက်မဲ့နေပါလည်း
ခုန်နေစဲရင် .....
ငြိုငြင်မှု့များ ရှိခဲ့ရင်လေ
ပေးသနားခဲ့ပါ .. မြိုသိပ်ခြင်းရင်ခွင်ကို ...

လိုအပ်ခြင်းရှိရင်လည်း
ပိုနေတဲ့ တစ်ခြမ်းပဲ့နှလုံးသား
အမုန်းများ ကင်းစင်လျှက်ပါ .....

လုံးပါးပါးနေလည်း
သုံးမရတဲ့ နှလုံးသားတော့
မဟုတ်သေးပါဘူးလေ ....

တစ်စစီကျဲထား
စံပယ်ပန်းလေးများလို
ပန်ဆင်သူအကြိုက်
လှတတ်အောင်ဆင်နိုင်ပါသေးတယ် ...

မမြင်နိုင်တဲ့ ...
.. မျက်ဝန်းတစ်စုံရယ်
အမြန်လာကြင်နာလှည့်ပါ ..
သင်္ခါရတရားလေး မကုန်ဆုံးခင် .....

..... ရုတ်တရက်ကြွေတဲ့ ကြယ် .......





ငါလေ ... ရင်ခုန်တတ်ပါရဲ့
ထိမ်းသိမ်းခဲ့တဲ့ သံယောဇဉ်
ခိုင်မြဲလာလို့ ... ချစ်မိမှာစိုး ......

ငါလေ ... ပြောတတ်ပါရဲ့
ချစ်ခြင်းစကား
ပေါ့ ပျက်တယ်ထင်မှာစိုးလို့
မြိုသိပ်မှု .. မိုး ....

အကြိမ်ကြိမ် ရွာသွန်းပါလျှက်
စီးဆင်း မဲ့မြစ်ရေ
ငါကလေ .. ကမ်းပျောက်တဲ့
စက္ကူလှေငယ် ......

ယုံကြည်ပါလို့လည်း
ဘယ်တော့မှမဆို
ငါကလေ ...
လိမ်တတ်တဲ့ .. ဂစ်တာအို ...

ငြိမ်သက်နေပါတယ်
ငါကလေ ...
သံယောဇဉ်မြင်လို့
အချစ်ကို မျှော်နေမိသူ.......
Saturday, July 11, 2009 3 comments By: မင်းနေဝေး

ရှိုက်ခွင့်မရှိ

အလှမ်းသင့်လို့
ကမ်းလင့်တယ်ထင်မှတ်သလား
မနမ်းဘူးတဲ့
ဟောဒီ နှုတ်ခမ်းတွေမှာ
မင်းအတွက် ပန်းပွင့်တွေသာ
စီချယ်ထားတာပါ .......

ကောင်မလေးရယ်
လှမ်းမမြင်ရတဲ့ အနာဂါတ်တွေ
ငါတွေး မပူချင်ဘူး
မင်းကိုလေ ..
အဆွေးတွေလည်း
မပေးချင်ခဲ့ဘူး ......

ဝေးလွင့်နေတဲ့ ဘ၀တွေ
အလှအပတွေနဲ့ ပြန်ဆုံဖို့ဆိုတာ
ညတိုင်းမက်ခဲ့တဲ့
အိပ်မက်တွေ သက်သက်
မဟုတ်ခဲ့ဘူးလေ .....

အဖြေထွက်နေတဲ့ ပုဒ်စာ
နင်အနေများခက်နေသလား...

ငါ့အတွက်တော့
ဆုံးဖြတ်ခက်နေတဲ့
ဟောဒီလမ်းခွဲမှာ
ငါကိုယ်တိုင်ပဲ
အရှုံးကို တစ်ဖက်တွဲပြီး
အမုန်းခံဘ၀နဲ့
နေခဲ့လိုက်ပါတော့မယ်ကွာ .......
Friday, July 3, 2009 4 comments By: မင်းနေဝေး

လွမ်း အရိပ်

မကြေငြာရဲတဲ့ အလွမ်းခန်းပါ

ညတွေမှာ
အိပ်မက်တွေပျော်မြူးခဲ့တယ်ဆိုရင်တောင်
မြင်ခွင့်မရှိတဲ့ .. ငါ ...

တစ်ချိန်တစ်ခါက
ပြောခဲ့တဲ့ စကားတွေကို
မိတ္တူ ကူး .. လွမ်းနေခွင့်ပဲ
ပိုင်ဆိုင်ခွင့် ရှိတဲ့ .. ငါ ..

သံယောဇဉ် ခပ်ပါးပါးကိုပဲ
ရေဖျော်ပြီး ..
နွေးထွေး ချင်နေတဲ့ .. ငါ ..

အဲ့ဒီ .. ငါ ကလေ
အလွမ်းကို သိရဲ့နဲ့
ချစ်မိခဲ့ ....

ကောင်မလေးရေ
အတိတ်မှာ နင်ကျန်ခဲ့တာလား ..

ပစ္စုပန်မှာပဲ
ငါ မရှိခဲ့တာလား ....

အနာဂါတ်မှာပဲ
ဒီ လက်တွေ .. ထွေးပိုက်ခွင့် မရှိတာလား ...


ငါကတော့လေ ...
မသိခြင်းများစွာနဲ့ လွမ်းတယ် ....
Wednesday, July 1, 2009 5 comments By: မင်းနေဝေး

((( သူမသို့ <<< ၂ >>> )))

တစ်မိုးထဲအောက်
နှစ်ယောက်လုံးနေရပါလျက်
ထွေပြား တတ်တဲ့ ကံကြမ္မာကြောင့်
နင်ေ၀၀ါးနေတာလား …..

အဖြေစကားတစ်ခွန်းတည်းပါ
သေချာလွန်းတဲ့ ငါ့အတွက်တော့
အချစ်ဆိုတာ
မရေရာတဲ့ ပျက်လုံးမှ မဟုတ်ခဲ့ဘဲ ….

ဦးတည်ချက်တစ်ခုနဲ့ ရွာခဲ့တဲ့ကောင်းကင်

စိုစေချင်လွန်းကာမှ

ထီးတစ်လက်အောက်ရောက်နေတဲ့
တို့နှစ်ယောက်ဘဝ

ဘယ်တော့များမှ မိုးရေစိုရမယ်မသိ ……

အခုတော့လည်း လေ ….

မရွာတတ်တဲ့မိုး ….

အစိုးမရတဲ့ ကောင်းကင် ….

မိုးခ ချင်နေတဲ့
ဟောဒီ ရင်ခွင်တစ်စုံ ….

နင်ကြုံ သလိုသာ
ပြုစားလိုက်ပါတော့ ကောင်မလေးရယ် …


 ( အတူတူပဲနော် .. ဒီတစ်ပုဒ်လည်း ... အဟီးးး )

((( သူမသို့ <<< ၁ >>> )))

လက်တစ်ကမ်း
ဖြတ်လမ်းနည်းနဲ့တော့
ငါ့ အချစ်တွေကို ခ၀ါချမပြချင်ဘူး ......

ရာစုသစ်တွေ အကြိမ်ကြိမ်
Romance ကို သက်သေတည်ခဲ့တာ
အလကားသက်သက်
လျှာဖျားထက်မှာပဲ
ပျောက်ပျက်သွားဖို့မှ မဟုတ်တာ ...

မင်းကတော့လေ
အချစ်ကို မခံစားတတ်
ဓါးထက်ထက်နဲ့ ပါးပါးလှပ်နေတာ
ငါ့ရင်တောင်
အလွှာချပ်တွေ တစ်စစီ .....

ဒါပေမယ့်လည်းလေ ........
လျှောက်ရဲပါတယ်
လမ်းမရှိတဲ့ ကမ်းမှာ
ပန်းတစ်ပွင့်တောင်မှ
မင်းအတွက် .. ငါယူခဲ့တယ် ....
အေးစက်စက်နဲ့ ..... မင်း
ချွေချရုံသက်သက်အတွက်ပေါ့ ..

ရင်မှာနာ
မျက်ရည်ကျလည်း ...........
နွေခနေတဲ့
ငါ့ ရင်ခွင်အတွက်တော့
မြေမှာကျနေတဲ့
ပန်းတစ်ပွင့်လည်းပဲ
အမြဲလန်းလျက်ပါ ချစ်သူ ...........


(အဟဲ ....  အဟောင်းလေးပါ .... ဆိုဒ်တစ်ခုမှာတင်ဖူးတယ် .... စုစုစည်းစည်း ဖြစ်ချင်လို့ ပါ )  :P
Saturday, June 27, 2009 3 comments By: မင်းနေဝေး

သက်ဆုံးထိ ...

မကြေငြာခဲ့တဲ့ အလွမ်းခန်းပါ ..

မနက်ဖြန်တွေတောင် အရောင်မဲ့လို့
လရောင် ခင်းကျင်းချင် .....

ဒီရေမဟုတ်ခဲ့ပါဘူးလေ ...

အတက်အကျ မရှိ
အတိအကျမသိရတဲ့ အချစ် ...

နေနှင့်ပေါ့လေ
အတိတ်ပြန်လှည့်ကြည့်လို့ မြင်မယ်ဆို
ငါလည်း .. နောင်တတွေ ပြန်သိမ်းချင်တယ် ...

သိခဲ့ပါရစေ ကောင်မလေးရေ ...

ငါလွမ်းနေတာ ...
လမ်းမှန် ကမ်းမှန်မှ ဟုတ်ရဲ့လား .....

ငါ့မှာတော့ သေချာတာတစ်ခုပဲရှိတယ် ..

ချစ်တယ် ... ကောင်မလေးရယ် ...
Friday, June 26, 2009 3 comments By: မင်းနေဝေး

လွမ်းနေမယ် ....

ချစ်သူ ...
မင်း တစ်ယောက်
သိပါစေလေ ...

မရေရာခြင်းနဲ့အတူ
သေချာခြင်း ထပ်တူပါတယ်
နေရခြင်း အဓိပ္ပါယ်
မင်းရှိမှ ပြည့်စုံလိမ့်မယ် ...

မရှောင်ရှား ဝေးပေမယ့်လည်း
စက္ကန့်မလပ်
ရင်ခုန်သံ တူညီပါတယ်
မြင်ရုံနဲ့ သိနိုင်ပါတယ်လေ ..

ချစ်သူရယ်
နေသာတဲ့ အရပ်မှာနေပါ
ဖြေသာပေမယ့်
ဝေဒနာ တစ်စခန်းက
ငါ .. နားမှ ဖြစ်လိမ့်မယ် ...

တစ်ယောက်သောသူကို လွမ်းရန်ပေါ့ ......

မရေရာတဲ့ .. ငါ ...

သတိရတယ် ...

ခါးသီးတဲ့ အလွမ်းမလာခင်
တမ်းတခြင်းက
ငါ့ညတွေကို ပိုင်စိုးတယ် ...

မပင်ပန်းပါပဲ ငါ ... မောတယ် ...

နာရီကို စောင့်ကြည့်နေရတာ
ကိုယ့်ကိုကိုယ် လက်ချိုးရေနေသလို
တဖြေးဖြေးနဲ့
မြိုသိပ်ခြင်းက ပွင့်အံချင်တယ် ...

နေ့ရက်တွေရယ် ...

လေမရှိလည်း ငါနေနိုင်တယ်
ရေမရှိလည်း ငါနေနိုင်တယ် ...

နင်မသိတဲ့ ငါ
အရိပ်လို ရှိနေတယ်ဆိုတာ ...

ဖြတ်သွားလိုက်ပါ ...
ငါ့နံဘေးကနေ
ဝိဥာည်တစ်ခုလို ...

ကမ်းလင့်ခဲ့ပေမယ့်
လေပြည်ညှင်းကို ဖမ်းဆုပ်ရသလို ...

ငါလည်းလေ .
နင့်အချစ်မသိပဲ
လွမ်းမိနေသလိုပါပဲ .. ကောင်မလေးရယ် ...
Tuesday, June 23, 2009 3 comments By: မင်းနေဝေး

နင် ... မရှိခြင်းရဲ့နောက်

ထားခဲ့ပါလေ ...

ခံစားမှုမဲ့နေတဲ့
နှလုံးသားဆီကို
ယူဆောင်လာခဲ့တဲ့ သံယောဇဉ်
မင်းပဲ ချည်နှောင်မှု ရုတ်သိမ်း
နောက်ဆုံး ခြေလှမ်းများနဲ့ .....

အတိတ်ကိုပြန်တမ်းတ
သွားခဲ့တဲ့လမ်းတွေလည်း
ေ၀၀ါးဝါး ...

ငါ့မျက်ဝန်းအိမ်မှာလေ
ရာသီမဟုတ်ပဲ ကျတဲ့မိုး
အဲ့ဒီအတွက်နဲ့
အနာဂါတ်ကို ဘယ်လိုရင်ဆိုင်ရမှာလည်း ...

ကောင်မလေးရယ် ...
နင်မရှိပါရင်
အချိန်မတိုင်ခင်သေဆုံးခြင်းနဲ့
ငါလည်း ..
ချစ်ခဲ့ခြင်းမှာ .. နောင်တမဲ့ ...

အကြိမ်ကြိမ် နေခဲ့ပေမယ့်
လွမ်းဆွတ်ခြင်းက
ရှင်လျှက်နဲ့ သေစေသလို ....

နေသာပါတယ်လေ
ငါ့အတွက်တော့
ရင်ခုန်ခြင်းမဲ့နေလည်း
အသွေးအသားက ချစ်နေစဲ ...
Saturday, June 20, 2009 3 comments By: မင်းနေဝေး

အပိုင်း - ၀ + ၁ = ?

ရင်ခုန်ခြင်းပဲပေါ့ ... သူစတဲ့ဇာတ်ကို သူ့ကိုပဲ ပြန်ရှင်းခိုင်းဖို့ ပြောရတော့မယ် ... အသေအလည်း ပြောပါမှ အင်တင်တင်နဲ့ မင်းဖွင့်ပြောလိုက်တော့တဲ့ .... လွယ်လိုက်တာဗျာ .. သူမပြောရတဲ့အတိုင်းပဲ .. ကောင်မလေးတစ်ယောက်ကို ချစ်ပါတယ်ပြော ဘို့ဆိုတာ .... ကျွန်တော့်အတွက်တော့ ဆေးထိုးခံရမယ့်လူလိုပါပဲ .. သက်သာမယ်မှန်းတော့ သိတာပေါ့ .. နဲနဲနာမှာတော့ ကြောက်သေးတယ် .. :P . ... ကဲဘယ်လိုလုပ်ရပါ့မလည်းပဲ ...


"အချစ်နှင့် စစ်မဖြစ်ရဲပါ "


ရင်ခုန်ခြင်းရယ် ..
သတ်သတ်မှတ်မှတ်နဲ့
ဦးတည်ပြီး
နင် .. ရက်စက်လိုက်တာ

ငါဆိုတဲ့ ငါကလည်း
မလိမ့်တပတ်နဲ့
ကိုယ့်ကိုကိုယ်ညာနေတာ
အိပ်မရခြင်းရဲ့ သားကောင်တောင်
ဖြစ်မှန်းမသိဖြစ်နေပြီ ..

မျက်လုံးစုံမှိတ်လို့
ကောင်မလေးရေ .. ချစ်တယ် ...
အသံကုန်အော်ဟစ်ပြီး
ပြောခဲ့ပေမယ့်လည်း
စိတ်ကူးယဉ်ခြင်းက အသံမထွက်ခဲ့ဘူး ....

သတ္တိကို အကြိမ်ကြိမ်မေးပြီး
နင့်ရှေ့ကိုရောက်ခဲ့ပေမယ့်
သူ့အဖြေက
နင့်ရှေ့မှာ .. အရာမ၀င်ခဲ့ဘူးလေ ....

ခက်တယ် .. ကောင်မလေးရယ်
ငါကတော့လေ
ချစ်ခြင်းကို
ဖွင့်လှစ်ပြမယ့်အစား
ကိုးတောင်ကျားနဲ့သာ ကစားလိုက်ချင်တော့တယ် ...


အဲ့လိုပဲစဉ်းစားမိတော့တယ်ဗျာ .. ကျားနဲ့ကစားလို့ရတဲ့ ဒဏ်ရာကမှ ကုရင်ပျောက်မယ် .. မထင်မှတ်ပါပဲ ဝေးကွာခဲ့ရင် .. သရဲဘောကြောင်တယ်ဆိုရင်လည်း ... ကျွန်တော်သည် ကျွန်တော်ချစ်မိသူ၏ရှေ့တွင် ခေါင်းဖွက်တတ်သောလိပ်တစ်ကောင်သာ ....

(ဆက်ရန်မရှိ)
ဒီနေ့အတောအတွင်း .... :D
Wednesday, June 17, 2009 2 comments By: မင်းနေဝေး

မှားလား

ကောင်မလေးရယ်
ရင်ခုန်သံ နှစ်လွှာပေါင်းဖို့
ဘယ်လို အိပ်မက်ကိုများ
တစိုက်မက်မက် တူးဖေါ်နေရမှာလည်း .....

မမြင်နိုင်တဲ့ အနာဂါတ်မှာ
တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေခွင့်လေး
ငါ ဘယ်လောက်များ မျှော်လင့်နေရမှာလည်း ....

မျှော်လင့်ချက်အတွေးတွေမို့
ဒီမေးခွန်းတွေအတွက်
နင်မဖြေချင်လည်း .. နေနိုင်ပါတယ်လေ ....

ငါ့အတွက်တော့
အတိတ်ကဆိုးခဲ့တဲ့
အိပ်မက်တွေကို
အစကနေပြန်မက်ခွင့်ပေးပါ ..

နင်နဲ့ သက်ဆိုင်သော
ဘာသာစကားကိုသာ ငါပြောချင်လို့ပါ ....

မသိလိုက်ပါပဲ ဖြစ်တည်လာတဲ့
ဘယ်ဘက်ရင်အုံက အသံတွေ
နင့်ကို ချစ်ခဲ့ခြင်းတွေ ဖြစ်မယ်ဆိုရင်
ငါလေ ... စိုးရိမ်စွာနဲ့
ပျောက်ကွယ်မှာ ကြောက်မိတယ် ....

နောက်ကွယ်မှာ မင်းရီနေနိုင်တယ်
ပေါ့ပျက်တယ်ထင်ရင်ပေါ့ ....

ငါကတော့လေ
ပြောမပြတတ်တဲ့ ဒီခံစားချက်နဲ့ပဲ
နင့်အနားမှာ အရိပ်လိုနေထိုင်ချင်တယ် .........

ဟုတ်တယ် ..
.....အရိပ်တစ်ခုလို နေထိုင်ချင်တယ် .....

အပိုင်း - ၁

မျှော်လင့်ချက်ရှိမှ အသက်ရှင်ရတာ အဓိပ္ပါယ်ရှိတာလား .. အလိုမတူပါပဲ ရွာသွန်းခဲ့တဲ့ မိုးအတွက် ရင်ခုန်ခြင်း
တိုးတိုးတိတ်တိတ်ဖြစ်ခဲ့ရတယ် ... အရိပ်လိုပဲ စောင့်ကြည့်ရင်းနဲ့ မသိလိုက်ခြင်းက အချစ်ကို ဖြစ်တည်စေခဲ့
တယ် ... စိုးထိပ်ခြင်းက မြိုသိပ်မှုကို မွေးဖွားခဲ့တယ် ... လိုရင်းကတော့ ကျွန်တော်သူ့ကိုချစ်မိခြင်းနဲ့အတူ
ဆုံနိုင်ခွင့်ကို မျှော်လင့်တတ်လာတယ် ....

" မစလိုက်ရတဲ့လမ်းဆုံး "

ညတာရှည်ခြင်းမှာ
နေရခြင်းရဲ့ ဘ၀ကဆိုးတယ် ...

အိပ်မက်ကို တမ်းတပါတယ်
တိတ်ဆိပ်ခြင်းက
အတွေးကို ဖြစ်စေလို့
ချစ်ခြင်းကို လေးနက်စေတယ် ....

ငါလည်း လေ
နေတတ်ပါတယ် ကောင်မလေးရယ် ...

အဖြေရခက်နေပင်မယ့်
ရင်ခုန်ခြင်းရဲ့ အဆုံးစွန်မှာ
အလွမ်းရှိတယ်ဆိုတာ
မြင်တတ်ပါတယ် ....

နင်သိပါစေလေ ....
ငါဆိုတဲ့ ငါကလည်း
လေပြေညှင်းရဲ့
အနားသတ်မှာ
ပျံသန်းခွင့်ရမယ်ဆိုရင်ပဲ
ကြွေလွင့်ရကျိုး နပ်ခဲ့မှာပါ .... ကောင်မလေးရယ် .....
Friday, June 12, 2009 3 comments By: မင်းနေဝေး

အရိပ်လူ ....

ကောင်မလေးရေ
မြင်တွေ့နေပါလျှက်နဲ့
ကြည့်ခွင့်မရှိတဲ့ .. ငါ
နင့်အပြုံးတွေကိုပဲ
ခိုးကြောင် ခိုးဝှက် သိမ်းဆည်းနေရမှာပေါ့ ...

ရေစီးထဲမှာပါတဲ့ ပန်းလို
လှတော့ လှပါတယ်
ငါ့အဖြစ်က ကမ်းပျောက်နေတယ်လေ ...

လမ်းမရှိတဲ့ နင့်ဆီကို
အလှမ်းမညီတဲ့ ခြေလှမ်းနဲ့
ငါ .. ဘယ်လိုများ လာခဲ့ရမှာလည်း ..

ရောက်လာမှာကို ကြောက်နေတဲ့
မင်းရဲ့ နှုတ်ခမ်းတွေအတွက်လည်း
ငါလေ .. ပန်းတစ်ပွင့် မဟုတ်ခဲ့ဘူး ....

ကောင်မလေးရယ်
အဝေး တစ်နေရာကပဲ
အလွမ်းပန်းကို
လူမသိ သူမသိ
မျှော်လင့်နေမယ့် လူတစ်ယောက်ကို

နင်ကလေ ...
လှမ်းလို့တောင် မငဲ့လင့်ခဲ့ဘူး ....

အပိုင်း - ဝ

အချစ်ကိုရင်ဆိုင်ဖို့ သတ္တိတွေ မလုံလောက်သေးပါပဲ ကျွန်တော်ချစ်ခဲ့မိပြီ ... အဲ့ဒီ ခံစားချက်ကို အကြိမ်ကြိမ်
ငြင်းဆိုနေပင်မယ့်လည်း ခုန်နေတဲ့ ရင်က ကျွန်တော့်ဘက်က ပါမလာခဲ့ဘူးလေ ..... ပိုင်ဆိုင်နေရပါလျှက်နဲ့
သူများက ချုပ်ကိုင်နေသလို ...ဘယ်လို ခံစားချက်များပါလိမ့် .. နွေးထွေးမှု .. ချိုမြိန်မှု .. ပျော်ရွှင်မှု ..
ကျွန်တော့်စိတ်ထဲမှာ မရည်ရွယ်ပါပဲ သာယာခဲ့မိတယ် ..သြော် ... အချစ်ဆိုတာ လိုချင်သည် ..မလိုချင်သည်
ပြောဆိုချိန် .. စဉ်းစားချိန် မရလိုက်ပါပဲ အချိန်အခါမဟုတ် ရွာချတဲ့မိုးလို နင့်နင့်နဲနဲကို စိုရွှဲစေတာပါပဲလား ...
ဘယ်သူကများ ထင်မှာလည်းနော် ... လက်တစ်ဖက်ကိုတောင် မကမ်းလင့်မိပါပဲ နှလုံးသားတစ်စုံအပိုင်စီးခံလိုက်ရတာ .... ပျော်တောင် ပျော်နေသေးတဲ့လူတစ်ယောက်လေ ... အဲ့ဒီနေ့ကပေါ့ ... အိပ်မက်ဆိုတာကို အသေအလဲ မက်ခဲ့ရတယ် ... မျက်စိဖွင့်ရက်ကြီးနဲ့ပေါ့ဗျာ .........




သိပ်ထူးတဲ့ နေ့တော့လည်းမဟုတ်ခဲ့ဘူး
အဲ့ဒီနေ့က
လေထဲမှာ အောက်ဆီဂျင်ပါသလို
ရေထဲမှာလည်း အသက်ရှူ မရခဲ့ဘူး .....
အဲ .. ရင်ထဲမှာတော့
နွေရဲ့ လှိုင်းတစ်ခု .. အပျော်ကြူးသွားခဲ့တယ် .....

ဆောင်းနှင်းပွင့်ချိန်မှာ
သံပုရာရည် ခပ်အေးအေးလေး
မှုတ်သောက်လိုက်ရသလိုပါပဲ
အသဲနှလုံးက ရုတ်ချည်းအေးစက်
နွေရက်တွေနဲ့ ရင်ဆိုင်လိုက်ရသလို
မုန်းတိုင်းငယ်တစ်ခု အလိုမတူပါပဲ တိုက်ခတ်ခဲ့ပြီ ....

မျက်ရည်လည်ရွှဲနဲ့
ငါဒူးထောက်နေပင်မယ့်လည်း
အသွားထက်တဲ့
အဲ့ဒီ နှုတ်ခမ်းတစ်စုံက
အချစ်တေးသွားကိုပဲ သီဆိုနေခဲ့တယ် ....

မပြိုခင် နေချင်သူမို့
အလုံးစုံကျဆုံးခြင်းမတိုင်ခင်
ငါလည်းလေ စစ်ကူတောင်းချင်ပါတယ် ...

လေညှင်းလေး .......

လေညှင်းလေးရေ
နင်သာ အရောက်နောက်ကျခဲ့ရင်
ငါဆိုတဲ့ .. ခပ်တုံးတုံး လူတစ်ယောက်တော့
ပ၀ါမကူ ရေမရှူလိုက်ရပါပဲ
အလဲထိုးခံရတော့မယ် ထင်ပါရဲ့ ....



ကျွန်တော် ကြောက်မိပါတယ် .. အချစ်ကို မပြင်ဆင်ပဲ ကြိုဆိုလိုက်ရတော့ အဆင်သင့်တော့ မဖြစ်ခဲ့ဘူးလေ ... ဒါကြောင့်ကျွန်တော့ရဲ့ တမ်းတဖေါ် လေညှင်းလေးကိုပဲ မျှော်လင့်မိတာပေါ့ .... ရင်ကို အေးမြစေတာကိုး ......

ဒါပေမယ့်လည်းလေ
ကျွန်တော့ရဲ့ လေညှင်းလေးကိုက
သူမပဲ ဖြစ်နေတယ်လေ ......

ကျွန်တော် ပြောပါတယ်... အဲ့ဒီမုန်တိုင်းက မကမ်းလင့်ပါပဲ အပိုင်စီးခံလိုက်ရတဲ့ နှစ်လုံးသားတစ်စုံအတွက် သီးသန့် တိုက်ခတ်ပေးခဲ့ ခြင်းမို့ ကြောက်ရင်းနဲ့ပဲ ပျော်နေခဲ့မိတယ်လေ .......
Tuesday, May 26, 2009 1 comments By: မင်းနေဝေး

ပေးဆပ်ချင်သူ

နှင်းဆီတစ်ခင်းပါ
ရင်ခုန်သံနဲ့ စိုက်ပျိုးထားတာ
အချစ်ပွင့်တွေ ... ယူ ....

လေသင့်ရာပါတဲ့
ဝတ်မှုန်
နင်ကလေ ...စိတ်ကို လွင့်ပါစေ သူ ....

မသွေတဲ့သစ္စာ
ငါကလေ
နေရာတကာမှာ
နင်မပါရင် .. အဓိပ္ပါယ်မဲ့ လူ....

စိတ်ကိုယူ
..နှလုံးသားကိုယူ
...အချစ်ကိုယူ
....ဘ၀ကိုယူ
ငါကလေ .. အဆုံးမဲ့ပေးဆပ်ချင်သူ ....

နှင်းဆီတစ်ခင်းနဲ့
ပန်းသက်ကြွေစေတဲ့ ကောင်မလေးရေ
နင်ပဲဆုံးဖြတ်
ချစ်ခဲ့တော် မူ ...
Tuesday, May 5, 2009 1 comments By: မင်းနေဝေး

အချစ်စိတ် ဟူသည် ....

လိုအပ်ခြင်းပြည့်နှက်
သူ့မှာ.. ပိုင်ဆိုင်မှု မဲ့လည်း
အတ္တတွေက အထပ်ထပ် ...

လွဲမှားခြင်းကို တပ်မက်
သိနေပါလျှက်လည်း
မမြင်ကွယ်ပြု
အလိုလိုက်မှုတွေနဲ့ .. ပြည့်နေတယ် ...

ဖြေသိမ့်မှုကို
အကြိမ်ကြိမ်ကျောခိုင်း
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
အဲ့ဒီစိတ်ကလေ
အသင်္ချေဘ၀မှာလေလွင့်
နေမြင့်လေ အရူးလင့်လေ ....

စေလိုရာစေပါစေ
စိတ်ဆိုတာကလေ ..
မြေပြင်မှာ နေပေမယ့်
နေ၀င်ချိန်တော့လည်း .. ရှိခဲ့မြဲ ....

သြော် .. လေရယ်
ညှင်းသွဲ့သွဲ့ ခိုဝင်နားလိုက်ပါ
အဲ့ဒီ အိပ်မက်တွေ
ဘ၀ကူးကောင်းခဲ့စေချင်တယ်လေ ......
Thursday, April 30, 2009 2 comments By: မင်းနေဝေး

....ခံစားမှုမျက်နှာဖုံး ....

နောက်ကျပြီဆိုတဲ့ အသိနဲ့
ရင်ခွင်တံခါးကိုဖွင့်ပြီး
အလင်းမဲ့ ငါ့နှလုံးသားကို
အားနာစွာနဲ့ပြုံးပြမိတယ် ...

ကံကြမ္မာဆိုတဲ့ စကားလုံးရဲ့
ဖိနှိပ်မှုတွေကြောင့်
ခေါင်းငုံ့လည်စင်းပြီး
အရှုံးပေးခဲ့ရတာဆိုရင်
မင်း ... ဟားတိုက်လှောင်ပြောင်လိမ့်မယ် ...

နောင်တစ်ချိန်မှာ
အဟောင်းများစွာကို အသစ်လုပ်ပြီး
စကားလုံးတစ်ပါတ်နွမ်းတွေနဲ့
မင်းရည်းစားလက်ကိုဆွဲပြီး
ပျက်ရည်မပြုပါနဲ့ချစ်သူ ....

လာခဲ့တဲ့လမ်းတစ်လျှောက်
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
အချစ်တွေ နှစ်ဆတိုးခဲ့တာပါ ...

အခုတော့လေ...
အရှုံးသမားဆိုတဲ့ ဝေါဟာရကိုခံယူပြီး
မနိုင်ခဲ့တဲ့ကိုယ်
အမုန်းသမားတွေထဲမှာ မပါချင်ဘူး ...

ဇါတ်လမ်းဆုံးတဲ့အထိပေါ့
မင်းကို .. ပြုံးပြနေပါ့မယ် .. ချစ်သူ ....
Saturday, April 25, 2009 2 comments By: မင်းနေဝေး

online ချစ်သူ .... :D

အတိတ်တွေပေါ့ ... ဒီလမ်းကိုလျှောက်မိတိုင်း ငယ်ငယ်က ဘ၀လေးကို လွမ်းမိတယ် .... ခုတော့လည်း အသစ်သစ်တွေနဲ့
ဘယ်နေရာကြည့်ကြည့် ခမ်းနားနေတာ ... ပြန်ရောက်လာတဲ့ ကျွန်တော် တစ်ယောက်ပဲ အလွမ်းဆိုတာကြီး ကို ထွေးပိုက်ပြီး
ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ .. သနားမဲ့လူကမရှိ ... အဲ့ဒီတော့ဘာလုပ်လည်း.. ထင်တဲ့အတိုင်းပဲပေါ့ အသဲကွဲသမားဆိုတာ
အရက်ကလေးနဲ့ဖြေမှပြေတယ်ထင်တာကိုး .. အဲ့တာပိုဆိုးတယ်ဗျာ ... မထင်ရဘူး .. မျက်ရည်နဲ့ မျက်ခွက် ....
အရင်တုန်းကများ အရက်သမားများငိုရင် " ဒီလူ့နှယ် အရက်သောက်ပြီး ငိုနေရသေးတယ် .. အလကားအပိုတွေ" အဲ့လိုထင်ခဲ့တာ
ကိုယ်တိုင်ကြုံတော့မှပဲ .. သြော် .. အရက်ဆိုတာ မကောင်းဘူးပြောကြတယ် .. ခံစားတတ်တဲ့လူတွေအတွက်ကျတော့ နူးညံ့သွား
လိုက်တာ ... ပြောချင်တာပါ .. အရက်သောက်ပြီး ဒဏ်ရာကုမလို့ပါဆို အရက်နဲ့ ဆေးလိုက်မှပဲ ဒဏ်ရာ အသစ်လိုဖြစ်ပြီး
ပိုပြီးနာကျင်ခဲ့ရတယ် ... မြို့အသစ်မှာ .. အတိတ်ထဲက ရုန်းမထွက်နိုင်တဲ့လူတစ်ယောက်အဖြစ်နေထိုင်ခဲ့ရတယ် ..

ခုတော့ရော ... ဘာထူးသေးလည်းဆိုတော့ .... ထူးတာပေါ့နော့ ...
မထင်ရဘူးလေ အင်တာနတ်ဆိုတာကြီးကို စသုံးမိပြီး ဟိုဝင် ဒီထွက်နဲ့ ကျွန်တော်လည်း ချက်တင်ဝင်ခဲ့မိတာပေါ့ .....
စိတ်တော့ပြေသား ... ကောင်မလေးတွေနဲ့ စကားပြောလိုက် ... စာတွေဖတ်လိုက်နဲ့ .. လူကလည်း နေသားကျလာတယ် ...
တစ်နေ့ပေါ့ မထင်မှတ်ပဲ ဆိုဒ်တစ်ခုထဲဝင်ခဲ့မိတယ်.. အားပါးပါး မြန်မာတွေအများကြီး တွေ့လိုက်တယ်လေ ..
မရီနဲ့ဗျ .. ကျွန်တော်စသုံးသုံးချင်းတုန်းက online မှာ မြန်မာတစ်ယောက်နဲ့ တွေ့ဖို့ တော်တော်ကြိုးစားလိုက်ရတယ်....
အဲ့လိုပြောလို့ ငတုံးလို့ထင်ချင်လည်းထင်တော့ ... ကျွန်တော်က အင်တာနတ်ကို တစ်ယောက်ထဲ ကိုယ့်ဘာသာကိုယ် လေ့လာခဲ့ ရတာ .. ခုလည်း လေ့လာဆဲပါပဲ ... စကားကပြတ်သွားပြီ ... ပြန်ဆက်မယ်လေ .. :D .. အဲ့လိုတွေ့တော့ ၀င်ပြီး အကောင့်လုပ်
ဘာလည်းပေါ့ လေ့လာကြည့်မိတယ် .. ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ကိုယ်ပိုင် နေရာလေးတွေနဲ့ အပြင်စကားပြောရရင် ကိုယ့်အိမ် သူ့အိမ်လည်ပတ်ပြီး ကွန်မန့်ရေးနေကြတာ ... blog လည်းတင်ရတယ် ... အဲ့မှာစတာပေါ့ လက်အငြိမ်မနေတတ်တဲ့ အကျင့်လေ .. blog လေးတစ်ခု စတင်လိုက်မိတယ် ... သောင်းသောင်းဖျဖျ ၀ိုင်းအားပေးပြီး .. နွေးနွေးထွေးထွေးကြိုဆိုကြတယ် ...
တော်တော်ပျော်သွားတယ်ဗျာ ... သူ့အိမ်မှာ ကွန်မန့်ရေးလိုက် ကိုယ်ကအိမ်မှာ ကွန်မန့်ရေးလိုက်နဲ့ သူငယ်ချင်းတွေ အများကြီး ရလိုက်တယ် ... ပြောရမယ်ဆို အသဲကွဲဖို့တောင်မေ့နေတယ်ဗျ .. :D .. blog ရေးတော့လည်း သူလိုကိုယ်လိုပါပဲ အသဲကွဲကဗျာ လေးတွေ ရေးတင်မိတယ် ..

လိုရင်းတော့ရောက်လာပါပြီဗျာ .. အဲ့ဒီ ဆိုဒ်မှာပဲ ကျွန်တော်ကဗျာတွေ ရေးတယ် .. တင်တယ် .. အဲ့ဒီလိုနဲ့ အသဲကွဲနေတဲ့ ကျွန်တော့အတွက် ဆေးတွေ့တော့တယ် ... ကျွန်တော့ရဲ့ စိတ်ကို အင်တာနတ်ထဲမှာပဲ ပစ်သွင်းထားလိုက်တယ် .. အဲ့ဒီ Online မှာပဲ ကျွန်တော် နေတယ် .. အဲ့ဒီလိုနေလို့ ကျွန်တောဘာတွေတိုးတက်လည်းဆိုတော့ ဘာမှမတိုးတက်ပါဘူး :D အရင်လိုပါပဲ ..
ဒါပေမယ့် အသဲကွဲရောဂါပျောက်သွားတယ် .. ခု အစားထိုးဝင်ရောက်နေတာက ကျွန်တော့ ဘယ်ဘက်ရင်အုံမှာ နွေးနေတယ် ..
online တက်ရမယ်ဆိုရင် .... ဘာကြောင်လည်းဆိုတော့ ကျွန်တော့ သူငယ်ချင်းတွေ အဲ့ဒီမှာ ရှိနေလို့ပေါ့ ... ရီချင်စရာပဲနော် .
ကျွန်တော် သူတို့ကို ချစ်မိသွားပြီ ....



အဟဲ .. ကဗျာတွေပဲဖတ်ပြီးပျင်းနေမှာစိုးလို့ ရေးတတ်သလိုလေးရေးပြီး အပျင်းပြေ ဖတ်စေချင်တာပါ .. ပြီးတော့ တောင်းဆိုလို့ :D
နဲနဲတော့ သီးခံပေါ့နော် ...
( ကဲ ရေးလိုက်ပြီနော် .... မကောင်းဘူးလို့ပြောရဲပြောကြည့် တွေ့တဲ့နေရာ နာပြီသာမှတ် ) :P

... နှလုံးသားအမိန့် ....

ကောင်မလေးရယ်
မင်းကို ချစ်မိခြင်းတဲ့လေ
ငါ့နှလုံးသားမှာနေရာယူလာတာ
ငါ့ကိုယ်ငါတောင် မေ့လုမတတ် ..

နှလုံးသားကို မျက်ကွယ်ပြုပြီး
အဲ့ဒီ ရင်ခုန်ခြင်းကနေလေ
ပြေးထွက်ခဲ့ချင်ပါတယ် ....

ဝေးရာမှာ မနေနိုင်လို့
ဒီမျက်ဝန်း တစ်စုံကနေ
မိုးများရွာချခဲ့ရင်တောင်
ချစ်သူရယ် .. မင်းမစိုခဲ့စေချင်လို့
ငါမကြည့်ရက်ခဲ့ဘူးလေ ....

အရှုံးများတတ်တဲ့
ငါ့ကံကို
ငါကိုယ်တိုင် အလဲထိုး
အဲ့ဒီ စည်းဝိုင်းနဲ့ဝေးရာမှာ
ဘေးထွက်ထိုင်နေပါ့မယ် ...
ချစ်သူ ...

ငါကတော့လေ
မင်းနှလုံးသား ပြခန်းမှာ
အရန်လူနေရာက
ပါခွင့်ရရင်ပဲ
ပျော်ရွှင်နေမယ့်လူပါ .....

... နားခိုရာ ...

ခြောက်သွေ့နေတာပါ
အဲဒီအိပ်မက်မြစ်က
စီးဆင်းမှုမဲ့ ရက်စွဲတွေနဲ့ ...

နေထိုင်းရင်းနဲ့
လွင့်ပါးခဲ့တဲ့ စိတ်တွေ
ဘ၀ရဲ့ နောက်မှာ အရိပ်တွေလို
လွမ်းလွမ်းဆွေးဆွေး ကြေကွဲလို့ ....

ငါလည်းလေ
တမ်းတမှု ရက်စွဲတွေမှာ
ငါ့ အတိတ်ကို မြှုပ်နှံထားပါတယ် .....

နောက်လာမယ့်
ငါ့အလင်းရောင်တွေမှာ
မြူမှုန်ကင်းစေချင်လို့ပါ ...

အဲ့ဒီအလင်းရောင်တွေမှာ
ငါ့အတွက်
နားခိုရာ ရှိနေနိုင်တယ်လေ ..

နွေးထွေးသော ရင်ခွင်
ချိုမြိန်တဲ့ ရင်ခုန်သံနဲ့
ပျော်ရွှင်စရာကောင်းတဲ့
ချစ်ခြင်းများ ရနိုင်မလားလို့ပါ ......

တိတ်တဆိပ်မျှော်လင့်လို့ ............


( ဘယ်သူကများနားလည်ပေးနိုင်မှာလည်း )

လမ်း ....

ပုံပြင်တစ်ပုဒ်ပါ
အိပ်မက် သက်တန့်တွေထဲမှာ
ရင်ခုန်ခြင်းတွေကို
ခိုးကြောင်ခိုးဝှက်နဲ့
တိတ်တိတ်လေးထုတ်ပိုးနေတာ
လမင်းကို မျှော်ကြည့်ပြီး .......

အတိတ်တွေရိုင်းခဲ့တော့လည်း
ကြယ်အလင်းရောင်
ဝိုးတိုးဝါးတားတောင်
မော်မကြည့်ရဲ ...

စိုးထိပ်မိပါရဲ့
ခံစားချက်တွေ ပေါက်ထွက်ကုန်မှာ
ငါကိုယ်တိုင်က
မီးငြိမ်းတောင်တစ်လုံး ....

အဲ့ဒီ .. အရိပ်တွေထဲမှာပေါ့
ငါ့ကိုယ်ငါပြန်ရှာပြီး
တစ်ရေးနိုးနေရတာ
ချစ်မိခြင်းနောက် အပြေးတစ်ပိုင်းနဲ့.....

သြော် ...
စိတ်ကို လေလိုလွှင့်မိတော့လည်း
ခံစားပါစေတော့လေ
သခင့်ခြေရင်းမှာ
နောင်တမဲ့ ...
Sunday, April 19, 2009 2 comments By: မင်းနေဝေး

ချစ်မိခြင်းအလွန် ….

ဘာ့အတွက်လည်း လို့ စဉ်းစားပြီး
ဘာ့ကြောင့်မှန်းမသိတဲ့
ခပ်တုံးတုံး အတွေးတွေနဲ့
မျက်စိအရှေ့က အရာကို
တည့်တည့် မကြည့်နိုင်ခဲ့ဘူး ….

ခပ်ပြင်းပြင်း အသက်ရှူသံတွေနဲ့
မနားတမ်း ပြေးလာခဲ့တာ
လမ်းဆုံးမှပဲ
မျှော်လင့်ချက်ဆိုတာ
ေ၀၀ါးသွားမယ့် ပုံရိပ်
အိပ်မက်တွေလို့များ
ပြောရက်လိုက်တဲ့ ကောင်မလေးရယ် ….

ရှင်းလင်းနေပါလျှက်နဲ့
ငါကိုယ်တိုင်က ရှုပ်ချင်နေတာ
တဖြည်းဖြည်းနဲ့ ဒီနွံထဲ
ငါ့ကိုယ်ငါ နှစ်မြုပ်နေတာ
ကောင်မလေးရေ
မိုးမလင်းခင်တော့ ငါ ……
နစ်မြုပ်သွားခဲ့ချင်တယ် ….

တွေဝေခြင်းမဲ့ ...
ချစ်ခြင်းတွေနဲ့ .....
Saturday, April 18, 2009 2 comments By: မင်းနေဝေး

့ ... သြော် ... ကံ

လွဲခဲ့ရတဲ့ဘ၀တွေ
ဟောဒီကမ္ဘာမှာ
ဘယ်လောက်များ .. များခဲ့ပြီလည်း ....

တကယ်ချစ်ခဲ့ကြသူတွေကို
ကံ မတိုက်ဆိုင်လို့ ဆိုရုံနဲ့
သနားချင်ယောင်ဆောင်
မြင်ရက်နဲ့ ဝေးနေစေတဲ့
အဲ့ဒီ လှည့်စားခြင်းတွေ ....

ငိုကြွေးခဲ့သူတွေရဲ့ မျက်ရည်တွေ
သေချာများ စုစည်းခဲ့မိရင်
ကံဆိုတဲ့ အရာရယ်
မင်းလည်းပဲ
မျက်ရည်မြုပ်ပြီး ... နောင်ဘ၀မှာ
အတောင်အလက်စုံစုံ နဲ့
ပျော်နေလောက်ရောပေါ့ ...

ကံဆိုတာလူက လုပ်တာပါဆိုရင်
မင်း ကိုလေ
အနေမခက်စေရပါဘူး
သေသေသပ်သပ်နဲ့ ထုတ်ပိုး
ချစ်သူဆီသာ လက်ဆောင်အဖြစ်
ပေးထားချင်လိုက်တော့တယ် ....
Tuesday, April 14, 2009 2 comments By: မင်းနေဝေး

တွဲလက် မဖြုတ်ကြေး .....

သူငယ်ချင်းရေ ..

မျှော်လင့်ခြင်း အရောင်တွေနဲ့
တလက်လက်တောက်ပနေမယ့်
ငါတို့ ရဲ့ မနက်တွေမှာ
မင်းအပြုံးတွေကိုပဲ
အမြဲ မြင်ချင်ခဲ့တာပါ ......

ပျော်ရွှင်ခြင်းတွေပဲလည်း
ရောက်မလာနိုင်မယ့် ဘ၀မှာ
ခါးသီးခြင်းတွေနဲ့တော့
မင်းမဆုံပါစေနဲ့လို့
ငါ အမြဲ .. ဆုတောင်းပေးနေမှာပါ ...

ကြုံဆုံခြင်းဆိုတဲ့ လောကဓမ္မတာမှာ
ငါတို့တွေ
မောဟမပါပဲ လျှောက်လှမ်းကြတာပေါ့ ...

တစ်ခုပါပဲ
ခင်မင်မှုဆိုတဲ့
လောဘလေးတော့ ယူဆောင်သွားရင်းပေါ့ ..
လာ ... သွားမယ် ...
....... လက်တွေ ခိုင်ခိုင်မြဲကြပါစို့ ...

တစ်လမ်းသွား ...

ခုနှစ်ပြည်ထောင်မှာ
ကျော်ကြားခဲ့တဲ့ အိပ်မက်တော့
မဟုတ်ခဲ့ဘူး ....
ဟောဒီ ကောင်ရဲ့ နှလုံးသားမှာ
ထာဝရ ရှင်သန်နေမယ့်
ပန်းချီကား တစ်ချပ်ပါ .....

နှလုံးသားထက်
ဆေးတစ်စက်ကျတိုင်း
အချစ်လို့မြည်နေတာ
ကောင်မလေးရယ် ...
ရင်ခွင်တံခါးဖွင့်
မင်း ..နားထောင်ကြည့်စမ်းပါ ...

ပန်းချီသံစဉ်လေ
အချစ်တွေနဲ့ ရေးဖွဲ့ထားတာ
ဘောင်ကွပ်မရတဲ့
ခံစားချက်တွေနဲ့ ....

မှန်သားပြင်လို
မင်း .. မြင်နိုင်ပေမယ့်
ကျောခိုင်းထွက်သွားသူ ....

ဒီရင်ခွင် အချစ်ရူးကတော့
ခြားထားတဲ့ နံရံပါးပါးကို
အသွားထက်ထက်နဲ့ပဲ
ထိုးဖေါက်
ငါလေ .. မင်းအနားကို ရောက်ခဲ့ချင်ရဲ့ ....

သြော် ....
စည်းတစ်ဖက်ခြား .. ချစ်သူရယ် .....
Friday, April 3, 2009 1 comments By: မင်းနေဝေး

ရင်လှိုက်သံ ......

အမှတ်တမဲ့ပါပဲ
နင်ပြောရက်တဲ့ စကားအတွက်
နာလိုက်တဲ့ရင်
ဖြေစရာဆေးရှိပါလျှက်နဲ့
လမင်းကို တမ်းတမိတဲ့အဖြစ်
ငါ့အပြစ်နဲ့ ငါပဲလေ .....

ဆိုခဲ့တဲ့ စကားတွေ
လူတိုင်းလည်းပြောတတ်နေလို့
ငါ့အချစ်တွေကို
မိတ္တူ တစ်ခုလောက်မှ
နင် တန်ဖိုး မထားခဲ့တာ .....

ရက်စက်ခဲ့ပါ
အဲ့ဒီ နှုတ်ခမ်းပါးလေးနဲ့ပဲ
အမှတ်မရှိတဲ့ ငါလိုကောင်ကို
နင်ပြောစရာမလိုပါဘူး
ကျောခိုင်းပြရုံပါပဲ ကောင်မလေးရယ် ....
နားလည်တတ်ပါတယ် .......

ထားရစ်ခဲ့ဖို့
အကြိမ်ကြိမ်တောင်းဆို
ဒီနှလုံးသားကလေ
နီးချင်ရက် ငိုနေတယ် ..

အပိုတွေလို့သာ သတ်မှတ်ပေးပါ
........... အပိုတွေလို့ပဲ သတ်မှတ်ပေးပါကွာ ...........

နေ၀င်ချိန် ......

ခပ်ပေပေ
ကောင်မလေးရေ
စိတ်တေလေ ငါ့အဖြစ်ကို
နင် .. အလှသာကြည့်နေလိုက်ပါတော့
ဘ၀များ ပျက်ခဲ့လေမလားလို့ ...........

နင်မတောင်းပဲ ပေးခဲ့မိတဲ့
ငါ့ဘဝ
အကျနာချင်လည်း နာပါစေတော့လေ .......

ကျိုးကျခဲ့တဲ့
ဟောဒီလေတွေလည်း
ငါ အသက်ရှူချိန်လေးတော့
အချိန်မှီတန်ကောင်းရဲ့ .........

ရင်ခွင် ငှက်တစ်အုပ်တောင်
ခပ် သုတ်သုတ်ပျံသွားပြီ
အသဲကွဲသီချင်းတွေနဲ့ ...

ငါလည်း ...
အလဲလဲ အကွဲကွဲ နဲ့ပေါ့ ..........
Tuesday, March 17, 2009 2 comments By: မင်းနေဝေး

စိတ်စေရာ ....

တစ်သသနဲ့ပေါ့
မင်းရဲ့ အချစ်တွေကို တမ်းတပြီး
ငါ့ ရင်ခွင်ကို
ယုယနေရတာ .. ………..

မင်း ပြုသမျှ နုချင်နေတဲ့
ဟော ဒီ ရင်ခွင်ကလည်း
ငါ့ စကားကိုတောင်
တစ်စိမ်းတစ်ရံ လို
ဆက်ဆံချင်နေပြီ ………..

မနက်ဖြန်တွေကိုတောင်
ငါ့ ဆီရောက်လာမှာ ကြောက်မိတယ်………..
မင်းကို သတိရခြင်းတွေက
လာလာ နှိပ်စက်လို့လေ ………….

ကောင်မလေးရယ်
ကိုယ့်စိတ်ကိုယ်
မနိုင်တဲ့ အတူတူတော့
မင်းဆီမှာပဲ ငါ အပ်နှံပါရစေ ……

သိပ် မတောင်းဆိုပါဘူး
တစ်ဘ၀စာလေးပဲ
ထိမ်းသိမ်း ပေးပါလားကွာ ………….

နောင်ဘ၀အတွက်
ရေ စက်ကလေးပဲ ပါချင်လို့ပါ …………..


(တစ်မျိုးကြီးပဲ ဟာတာတာနဲ့ ... တစ်ခုခု လိုနေသလိုခံစားရတယ် ....... အချစ်ဆိုတာကိုက အဲ့လိုပဲ ထင်ပါတယ်နော် ....... )
Sunday, March 15, 2009 2 comments By: မင်းနေဝေး

ရူးသွပ်ခြင်း..............

လွမ်းလို့ပါ
အလွမ်းကဗျာတွေရေးတာ
ဖတ်ရ ရုံသက်သက်
ငါ ... ခြွေချပြခဲ့တာ မဟုတ်ဘူး ..

သြော် ........
မြေမှာခနေတော့လည်း
တန်ဖိုးတော့ဘယ်ရှိမလည်း
အလွမ်း ပန်း
အကြွေ ပန်း
အခုတော့လည်း
မနေတတ်တဲ့ပန်းပါ ဖြစ်ခဲ့ရပြီ ..........

အခြေတကျ မဟုတ်တော့လည်း
ငါ နေမပြတတ်တာပါ .......

မသေချာဘူးဆိုပေမယ့်
မရေရာတဲ့ ခံစားမှုတော့ မဟုတ်ခဲ့ဘူး ......

ဖြေသာမှု တစ်ခုအတွက်
တပ်မက်ခဲ့တဲ့ အိပ်မက်
အိပ်ရေး ပျက်ခဲ့ရုံလည်း မဟုတ်ခဲ့ဘူး ......

နှလုံးသား တစ်ထောင့်တစ်နေရာ .... မဟုတ်ဘူး
ရင်ခွင်တစ်ခုလုံး ... မဟုတ်သေးဘူး

ငါ့ဘ၀ ... လွန်တယ်လို့များထင်မလား ...

အဲ့ဒါကလေ
ချစ်တတ်သောသူများသာ
နားလည်တတ်သောစကားပါ ....

အ ဆုံး မ ရှိ ... တဲ့
Friday, March 6, 2009 4 comments By: မင်းနေဝေး

အရိပ် .........

တောမီးလောင်နေတာပါ
ငြိမ်းသတ်သူမဲ့
အစိမ်းသက်သက်နဲ့ပဲ
လောင်ကျွမ်းခံနေရတာ
ရင်ခွင်တစ်ခုလုံး ပြာဖြစ်သွားပါပေါ့ .. ချစ်သူ ..

တစ်ယောက်ထည်းလည်း
နေတတ်ခဲ့သလို
လူမသိ သူမသိလည်း
ကြေကွဲ တတ်ခဲ့ပါတယ်
နေခဲ့လိုက်တာကိုတော့
မင်း .. အပြစ်မဆိုပါနဲ့ ......

ငါလေ ..
တွေဝေခဲ့တာ မဟုတ်ပါဘူး
အသေအကျေ ခံစားခဲ့ပြီးမှ
နှလုံးသားကို
သေဒဏ် ပေးခဲ့ရတာပါ ....

ပေးဆပ်ခဲ့တာ မဟုတ်သလို
ရယူခြင်းလည်း မမည်ခဲ့ပါဘူး ...

ညချင်းအတူတူ
လကလေး လင်းရုံလောက်ပဲ
ငါ .. ဖြာလင်းခဲ့မိတာပါ ....

ချစ်သူရယ် ....
.....မင်းအနားမှာ
တိတ်တဆိတ်နဲ့ပဲ
ငါ ... အရိပ်တစ်ခုလိုရှိနေလိုက်ပါ့မယ်
မင်း .. မနက်ခင်းရဲ့ အလင်းရောင်အောက်
မရောက်ခင် အချိန်လေးအထိပေါ့ ကွာ ......
Friday, February 27, 2009 3 comments By: မင်းနေဝေး

........ပေးဆပ်ခြင်း ........

နင်သောက်နေတဲ့
......... ကော်ဖီတစ်ခွက်လို ........
.......... ငါ့ .. အချစ်ကို ...........
မတန်တဆ ပေးထားပါလျှက်နဲ့
........ ချိုမြိန်မှုကို .........
.......... မခံစားမိဘူးလား ........

........ နှလုံးသားကို သေချာနှပ် .......
.... ခံစားချက်ကို ပေါင်းခံပြီး ..........
... ငါ့ အသွေးအသားတွေနဲ့ ...
... ဖျော်စပ်ထားတဲ့ .....
...... နင် .. ကြိုက်တတ်မယ့် .....
....... ကော်ဖီတစ်ခွက်ပါ .............

...... နင့်ေ၇ှ့မှာ စားပွဲမှာ .......
............... သေချာတည်ခင်းထားတာ ......
...... နင်သွန်လိုကသွန် ..........
......သောက်လိုကသောက် .......
.... နင့်သဘောကို ခေါင်းငြိမ့်မယ့် .....
.... ဆိမ့်သက် တဲ့ ကော်ဖီတစ်ခွက်ပါ ....

..... ချစ်သူရယ် ....
........... ခါးသက်မှု့နဲ့တော့ ..........
....... မရော စပ်ခဲ့ပါနဲ့လား ........
... ငါ လေ .. ခံစားချက်တွေ .....
....... အတောမသပ်ခဲ့ချင်လို့ပါ .............
Saturday, February 21, 2009 2 comments By: မင်းနေဝေး

စိတ်ဒဏ်ရာ .........

မြင်ကွင်းရဲ့အဆုံး
မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဘက်စွန်းမှာ
စိတ်ကူးယဉ်ခွင့် လမ်းတစ်လမ်း
အခမဲ့ ဖြတ်သန်းခွင့် ပြုထားတယ် ....

လမ်းဖြတ်ခွင့်တော့တောင်းပါ
ခင်းထားတဲ့ နှလုံးသားက
ဒဏ်ရာတွေနဲ့မို့ပါ ....

မကြမ်းတမ်းပေမယ့်
သဲသောင်ပြင်လို မွမွကြေနေတယ်လေ .....

ဒါပေမယ့်လည်း
ဘယ်လိုပဲ တိုးလျှိုးတောင်းပန်
ကတ္တီပါ ဖိနပ်ပါးက
နတ်ဆိုးတစ်ပါးလို ခြေချမြဲပါပဲလား .....

လွမ်းစရာလေးပေါ့
တစ်ချိန်က ပျံသန်းခဲ့တဲ့
ငါ့ရဲ့ အတောင်ပံတွေလည်း
စိတ်ကူးနဲ့အတူ ဟိုး ... အဝေးမှာ .....
Friday, February 20, 2009 2 comments By: မင်းနေဝေး

နံနက်ခင်းသို့  .......

ငါ့ရဲ့  မနက်ခင်းလေးရေ
မင်းရောက်လာဖို့ အတွက်
ညတွေထဲကို ငါခုန်ဆင်း
လမင်းနဲ့  မှတ်တမ်းတွေ ရေးနေတာပါ ....

ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း ... တကယ်တော့ ..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ ....

ထားပါလေ ..
မင်းရောက်လာမှပဲ
ငါ့ ကို နှိုးလိုက်ပါတော့  .....

မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ .....
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ .....
Wednesday, February 18, 2009 2 comments By: မင်းနေဝေး

အချစ် .....

သြော် ..
ဒီတစ်ညလည်း
တိုးတိုးတိတ်တိတ်နဲ့  အိပ်မက်ထဲကို ၀င်ရမှာလား ...
စိတ်ပျက်တဲ့ အတွေးတွေနဲ့  မိုးလင်းရမှာလား ....

အတွက်ခက်တဲ့ ပုဒ်စာတော့ မဟုတ်ခဲ့ဘူး ..
ဒါပေမယ့်
အဖြေရှာမရသေးတဲ့ အိမ်စာ
တကယ်တော့
တစ်ဘ၀စာအတွက် .. တွက်စာ ...

မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမလဲ ..
အလင်းရောင်ကို မြင်ရမှာ မှန်ပေမယ့် 
ငါ့ နှလုံးသားအတွက် မှောင်နေခဲ့ရင်ရော
ငါ ... နိုးထသင့်ပါ့မလား ....

ဟူး ..........
တကယ် တွက်ရခက်ပါလား .. အချစ်ရယ် ....
Friday, February 13, 2009 3 comments By: မင်းနေဝေး

ဘာများလိုအပ်နေတာလဲ

မှောင်မဲမဲထဲက လာခဲ့လို့ 
အလင်းကြောက်တာ မထူးဆန်းပါဘူး ...
အတွေးထဲမှာ .. စိတ်ထဲမှာ
တိတ်တခိုး ချစ်နေရုံနဲ့ တော့
ငါ .. အလင်းရောင်ကို ကြောက်မိနေအုံးမှာပါပဲ ....
အခုအချိန်ထိလည်း
calculator နဲ့  တွက်ချက်နေဆဲပါ
ရှိတ် ရမှာလား .. ဂရိတ် ရမှာလား ...
ငါ .. တိတ်တိတ်လေးပဲ နေရမှာလား ....
မျှော်လင့်ချက်တွေကလည်း
တစ်ခါတစ်ရံမှ တွေ့ ရတဲ့  ကြယ်တံခွန်လိုပါပဲ
ဘေးချင်းကပ်ထိုင်ပြီး ဝေးနေရတာ
ငါ .. ဘာများလိုအပ်နေလို့ လဲ ...
မေးခွန်းပေါင်း များစွာနဲ့ 
နေထိုင်လာခဲ့တာ
တို့ နှစ်ယောက်လည်း အသက်တွေကြီးလာပြီ ...
ငါလေ ..
မင်းပြောတဲ့ စကားတိုင်း
မင်းကြည့်တဲ့ အကြည့်တိုင်း
အဖြေတစ်ခုများတွေ့ ရမလားလို့ 
ရှာရင်း ... ရှာရင်း ...
ငါပြောမယ့် စကားတွေ ဆွံ့ အခဲ့ရတယ် ....
ငါ .. ဘာများလိုအပ်နေလို့ လဲ...
မင်းအကြောင်းတွေးမိတိုင်း
ရင်ခုန်လာတယ် ...
မင်းအသံကြားရမှ
ငါ့ အာရုံနိုးထလာတယ်
ငါ .. ဘာများလို အပ်နေလို့ လဲ ....
မင်းနဲ့ မတွေ့ ရရင်
မင်း အသံမကြားရရင်
အလိုမကျမှု နဲ့  ဒေါသဖြစ်လာတယ်
ငါ လောဘများ တက်နေပြီလား ...
ငါ .. ဘာများလို အပ်နေလို့ လဲ ...
သူငယ်ချင်းရယ်
ငါတို့ နှစ်ယောက် ကြားမှာ
ခင်မင်မှု ထက်ပိုပြီး
ဘာများလိုအပ်နေလို့ လဲ....
ငါ ဘာ များ လို အပ် နေ တာ လဲ ......
Tuesday, February 10, 2009 2 comments By: မင်းနေဝေး

ကြောက်ပါပြီဗျ .....

ဘာလဲဗျာ
ခံစားချက်တွေက
အတိတ်တွေကို တမ်းတပြီး
တစ်သက်လုံး လွမ်းပြနေရတော့မှာလား ....

ဒီမှာ
မှန်းဆမရတဲ့  ဦးနှောက်ကြီး
ဘာလို့ များ သိမ်းထားရတာလဲဗျာ
အိပ်မရတဲ့ ညတွေကို ...

ငါက
တစ်ဘ၀စာအတွက်
အသက်ရှင်နေထိုင်နေတာပါ
တစ်ခဏတာအချစ်က
ဘာလို့ များ ဘ၀နာစေခဲ့တာလဲ ....

ဟေး ... လောကကြီး
တစ်ယောက်ထဲကို အငြိုးအတေး
အမှတ်အသားကြီးကြီးနဲ့ 
သက်သက်မဲ့ နှိပ်စက်နေတာလားဗျာ .....

အတွေးတွေကလည်း
အနှေးပြကွက်လို .. သရုပ်ဖေါ်နေကြတာ
ခံစားချက်တွေကို
မသနားတတ်သလို နဲ့  ....

ကျေနပ်အောင်လည်း ချစ်ခဲ့ပြီးပြီ
ကျေနပ်အောင်လည်း ဆွေးခဲ့ပြီးပြီ
ကျေနပ်အောင်လည်း လွမ်းခဲ့ပြီးပြီ
ဒီမှာ အသဲတွေလည်း ကွဲနေပြီဗျာ ..
မကျေနပ်သေးဘူးလား ....

တစ်ဘ၀လုံး .. ယူကြုံးမရတဲ့ပုံစံနဲ့ 
ဆက်လက်ကြေကွဲ ပြနေရအုံးမှာလား
ခင်ဗျား မတရားဘူး ......

ရှိစေတော့လို့ လည်း
ခွင့်လွှတ်ခဲ့ပေါင်းများပြီ ..
သွားပြီဗျာ အလွမ်းတွေနဲ့ ဝေးရာကို
အနောက်ကနေ ခင်ဗျား ပြေးမလာခဲ့နဲ့ 

ထပ်ပြောမယ်
ဘာလဲဗျာ ... ခံစားချက်တွေက
အတိတ်တွေကို တမ်းတပြီး
တစ်သက်လုံးလွမ်းပြနေရမှာလား .....

ငါ့ဘ၀များ ပြောပါတယ် ...

အနာဂါတ်ကို သယ်ဆောင်လာတဲ့
ဟောဒီ နာရီတွေမရပ်သေးသရွေ့ 
ငါ .. နောင်တတွေကို
မသပ်မရပ် ထုတ်ပိုးနေမိတယ် ...

ကုန်လွန်ခဲ့တဲ့ အချိန်တွေကလည်း
မြစ်ရေအလျင်လို
တသွင်သွင် စီးမျောသွားပေါ့ ...

ငါဝါးနေတဲ့ ပီကေ
ချို မလို နဲ့ 
ကြာကြာဝါးမှ ပါးစပ်ပဲညောင်းတယ် ...

ဘ၀ နဲ့  အချစ်
ပီကေလို ပါပဲလားလို့ 
အစက ကြိုသိခဲ့ရင်
ငါ မ၀ါးပဲ သိမ်းထားလိုက်ပါတယ် ...

စီးဆင်းတဲ့  မြစ်ရေ
အတ္တတွေကို သယ်ဆောင်ပြီး
ငါ့နောင်တတွေအတွက်
ကမ်းမရှိခဲ့ပါဘူး .......

ရင်ကွဲနာ ....

မရယ် ....
နှလုံးသားတစ်စုံအတွက်
သက်သေတွေကို .. သတိရလိုက်တာဗျာ ...
မျက်ရည်တွေနဲ့ ဖြေမဆည်နိုင်တာ
ကျွန်တော့် အတ္တတွေများလား ...

မရယ် ...
ရင်ခုန်ပြီး အိပ်မပျော်ခဲ့တဲ့
ရည်းစားဦးညတွေကို သတိရလိုက်တာဗျာ ...
အခုတော့ .. ကျွန်တော်
အလွမ်းညတွေကို
အိပ်မရနိုင်ပဲ ဖြတ်သန်းနေရတယ် ....

မရယ် ....
အခြေအနေတွေပြောင်းသွားတော့
မနက်ဖြန်ဆိုတာတွေမှာ
ကျွန်တော့်အတွက်
ဘာများ အဓိပ္ပါယ် ရှိတော့မှာလည်း ...
ဟန်ဆောင်ရယ်မောရတာလည်း
ရင်နာတယ်ဗျာ ....
မျက်နှာဖုံးတပ်ထားရတာ အသားကျနေသလို
ငိုကြွေးရတာလည်း ခဏခဏပါပဲ ...

မရယ် ...
တမ်းတလိုက်ရတာဗျာ
နှိုင်းဆမရတဲ့ ခံစားချက်တွေက
ဘာလို့ များ ပျောက်ကွယ်မသွားတာလဲ
ဘာလို့ များ .... ဘာလို့ များ
စိမ်းစို လတ်ဆတ်နေရတာလဲ ....

တစ်ဘက်စွန်းကျရင်
လူဟာ ... အရူးတစ်ယောက်လို ပဲတဲ့
ကျွန်တော်လဲ ... အခု
အမည်တပ်မရတဲ့ အရူး ..
အရူး .. တစ်ယောက်ဖြစ်နေပြီဗျာ .....

ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်လေ
တစ်ခါသုံး နှလုံးသားပဲတပ်ထားချင်တယ်
အဖြစ်အပျက်တွေကို မှတ်ပေးတဲ့
ဦးနှောက်ကြီးလည်းပါတာပေါ့ ...

အခုတော့ .... မရယ် ...
လွမ်းတယ် ... တစ်အားပဲ
ပြီးတော့ .. မေ့ချင်တယ်
ကျွန်တော်ကြိုးစားနေပါတယ် .....
Friday, February 6, 2009 3 comments By: မင်းနေဝေး

နှလုံးသားငိုကြွေးသံ

ရူးမိုက်အောင်ချစ်ခဲ့မိလို့ 
နှလုံးသားကို စူး (ဆူး) စိုက်ခဲ့တာလား ..

ငါ့ရင်ခွင်တံခါးမှာ
အမှတ်အသားထင်ထင်ရှိခဲ့ပြီးမှ
ဘာလို့ များချန်ထားရစ်ခဲ့တာလဲ ..

လမ်းခွဲမယ်ဆိုရင်တောင်မှ
ကျောခြင်းကပ်ခွင့်ရှိပါသေးတယ်
အခုတော့ ..
မင်း လုပ်ရက်လိုက်တာက
အကြောင်းပြချက်မဲ့ နောက်တစ်ယောက်နဲ့ 
ထွက်သွားရက်တယ် ...

ငါ့အသားကို ဓါးထက်ထက်နဲ့ 
ပါးပါးချင်း လှပ်ရင်တောင်မှ
နှလုံးသားကို ခါးသက်သက်
ဆက်ဆံခံရတာလောက်
နာကျင်မယ်မထင်ဘူး ....

ချစ်သူရယ် ..
မျှော်လင့်ချက်ကို
အရောင်တွေ အထပ်ထပ်ဆိုးပြီးကာမှ
အဖြူထည်သက်သက်
ငါအမြဲ လွမ်းနေရတော့မှာလား ...

ရှိပါစေလေ
ကိုယ်ပိုင်ခံစားချက်နဲ့ 
အလွမ်းကိုမိတ္တူကူးပြီး
ငါ့နှးသားပြတိုက်မှာ ... မင်းကို ...
ထာဝရ သိမ်းထားလိုက်တော့မယ် ......


(တောင်းပန်ခြင်း ... ဆိုဒ်တစ်ခုမှာတင်ဘူးတယ် .. စုစုစည်းစည်းရှိချင်လို့ ပြန်တင်တာပါ .. နားလည်ပေးကြပါ .. )

ရင်ခွင်တံခါးဖွင့်လှစ်ခြင်း ...

မိန်းခလေး
ငါလေ ခံစားရတာတွေအတွက်
မျှော်လင့်ချက်တစ်ခုကို
အသက်သွင်းမိတာပါ ...

ခပ်ပါးပါးပဲဖြစ်ဖြစ်
ရှင်သန်ခွင့်ပေး
အမြဲ မစိမ်းလန်းရရင်တောင်
ငြိမ်းချမ်းမှုတွေကိုတော့
မိန်းခလေး ... နင်ပေးခဲ့ပါလား ....

ခဏလေးပါပဲ ဒီဘ၀အတွက်
နေပျော်ရုံလောက်
ငါတို့ အရောင်ဆိုးကြရအောင် ...

အချစ် မေတ္တာ သစ္စာ
သုံးရောင်ခြယ်ဘ၀ကို
အတူတူလျှောက်လှမ်းပြီး
အလွမ်းတွေကို မေ့ထား
ကတိတွေ ထားကြရအောင်လား ...

ဝမ်နည်းတာတွေဖြေဖျောက်
မျက်ရည်ကိုလေ
စိတ်ကောက်တဲ့အခါမှသာ
သုံးကြရအောင်လား ...

ဖြစ်လာတတ်တဲ့ စိတ်ညစ်မှုတွေ
ဟိုအရင်အချိန်က အတိတ်တွေကို
သိပ်ချစ်မှု နဲ့  အစားထိုး
လက်ကိုခိုင်ခိုင်တွဲထားကြပါစို့ လား ....

ခဏလေးပါပဲ ဒီဘ၀အတွက်
နေပျော်ရုံလောက်
ငါတို့  အတူလျှောက်လှမ်း
အပျော်တွေကိုပဲ ဖန်တီးရအောင်လား ...

မျှော်လင့်နေပါတယ် .. မိန်းခလေးရယ် .....
မနက်ဖြန်တွေကို
သံယောဇဉ်နဲ့ အတူ
ငါတို့  .... လျှောက်လှမ်းကြရအောင်ပါ ....

ကြောက်တောင်လာပြီ ...

ပြောပြချင်လို့ ပါ
ကျောချမှ ဓါးပြမှန်းသိခဲ့ရတဲ့
ချောနှမ အကြောင်းလေးကို ...

မချစ်ဖူး အရူးထင်ထင်
အချစ်ဦးမို့ 
ရင်ခွင်ဦးမှာ စူးခဲ့တာလည်း
လူတိုင်းပါပဲ ....

မပစ်ဘူး ပြောလည်း
အသစ်ကထူးနေရင်
ချစ်ပါဖူးလို့ ပြောဖို့ လည်း
သူ့ အတွက်
လွယ်ခဲ့တာပါပဲ ....

မရဲတဲ့အခြေမို့ 
လွဲခဲ့ရတာကိုလည်း
အသည်းကွဲသမားလို့ ပဲ
လူတွေသိပါစေတော့ ...

ဒီမှာ အလဲအကွဲနဲ့ 
ခနဲ့ တဲ့တဲ့ စကားတွေကြောင့်
အသဲကျွမ်းပြီး
မနည်း အသက်ဆက်နေရတာပါ ...

မပြောချင်တော့ပါဘူးဗျာ ...
မောရင်သာမောရော့မယ်
သူကလေ
စိတ်တော့လျော့မယ့်ပုံ ပေါ်ဘူး ....

အင်း ....
ကျွန်တော်လည်း
သိပ်တော့ .. မလွမ်းရဲတော့ပါဘူး .....
Thursday, February 5, 2009 2 comments By: မင်းနေဝေး

အလွမ်းနှစ်ကူး

တွေ့ မည့်တစ်ရက်
သိနေလျက်နဲ့ 
စိတ်မှာမျှော်ကိုး
အလွမ်းတိုးပြီ ......

မျက်ရည်ဝဲမိ
လှမ်းမျှော်ကြည့်တော့
ချစ်သူမမြင်
မြူနှင်းမြင်သည်

သည်တစ်ဆောင်းက
.... သစ်ပြန်ပြီ ....

တိတ်တခိုး

မျှော်လင့်ခြင်းကမ်းခြေမှာ
ငါ .. စမ်းတ၀ါးဝါး လျှောက်ခဲ့ရတယ် ..
ကမ်းကပ်တဲ့ လှိုင်းတော့ ရှိပါရဲ့ 
ဒါပေမယ့် ... အလှမ်းခက်တယ် ..
လွမ်းတယ်လို့ မဆိုသာပေမယ့်
မင်းကို သတိရခြင်းတွေဟာ
ငါနဲ့  အတူရှိနေတယ် ..

သူငယ်ချင်းရယ် ..
ငါ့ ရင်ထဲမှာတော့ ပန်းနေတယ် ...



(ပန်း = ပင်ပန်းသည်ကိုဆိုလိုပါသည် :P )
သူငယ်ချင်းကို ရည်းစားစာပေးမလို့ ပျိုးနေတုန်းကရေးခဲ့တဲ့ ကဗျာလေးပါ :)

အမှန်

အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းလည်း ဟုတ်တယ်
စွန့် လွှတ်ခြင်းလည်း ဟုတ်တယ်

အချစ်စတာ
မျက်စိကလည်း ဟုတ်တယ်
နှလုံးသားကလည်း ဟုတ်တယ်

ဒွိဟဆိုတာ
လုပ်ချင်သည်လည်း ဟုတ်တယ်
မလုပ်ချင်သည်လည်း ဟုတ်တယ်

ဒွိဟစတာ
မျက်စိကလည်း ဟုတ်တယ်
ဦးနှောက်ကလည်း ဟုတ်တယ်

အချစ် နဲ့  ဒွိဟ

ဒွိဟ မဖြစ်ချင်ရင် မချစ်ပါနဲ့ 
အဲ ..
ချစ်ပြီးရင်လည်း ဒွိဟမဖြစ်ပါနဲ့ 

အမှန်ကတော့
အချစ်ဆိုတာ
အမှားနှစ်ခုရဲ့ အလယ်က
မမှန်တဲ့ အရာပါ ...

ဒွိ ဟဆိုတာ
မမှန်တာနှစ်ခုရဲ့  အလယ်က
မှားနေတဲ့  အရာပါ ..

အဲဒါဆို .... အမှန်က ...





ငယ်ငယ်ကရေးခဲ့တဲ့ ကဗျာလေးပါ .. အချိုးတော့ ဘယ်ပြေမလဲနော့ :P
Wednesday, February 4, 2009 4 comments By: မင်းနေဝေး

ဝိဥာည်တစ်ခုရဲ့  လိုအပ်ချက်

ကမ္ဘာမြေကြီးရယ်
ကျေးဇူးပြု၍တံခါးဖွင့်ပေးပါ
ကျွန်တော့်နှလုံးသားမွန်းကျပ်နေတယ် ...
တိုးတက်နေတဲ့ အိုင်တီခေတ်မှာ
ကျွန်တော့် စိတ်ကူးတွေ
ငမိုးရိပ်မိကျောင်းစီးပြီး
စောင်းတစ်လက်နဲ့ 
ရင်ကွဲပက်လက် ငိုညည်းချင်ခဲ့တယ် ....

ပင်လယ်ပြင်ကြီးရယ်
ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ
ကျွန်တော့်နှလုံးသား မီးတောက်နေတယ် ...
တိုးတက်နေတဲ့ စာပေခေတ်မှာ
ကျွန်တော့် ကဗျာတွေ
အသဲကွဲ လွမ်းချင်းနဲ့ 
ငိုချင်း ရှည်ချင်ခဲ့တယ် ...

နည်းနည်းဖြစ်ဖြစ်ပေါ့
ပန်းသီးတစ်လုံးရဲ့ ရင်ထဲကို
ဓါးစိုက်ထားချင်တယ် ..
နွေဦးရဲ့ လေရူးတွေထဲမှာ
ရော်ဝါရွက်လို ကခုန်ချင်တယ် ...
ကွန်ပျူတာရဲ့  မန်မိုရီထဲကို
အကြည်တော်ရဲ့ စကားလုံးတွေ
ပြွတ်သိပ်ထည့်ထားချင်တယ် ...
အခန်းထဲမှာရှိတဲ့ ၀ှိုက်ဘုတ်ကို
အနားတွေဖြုတ်ထားချင်တယ် ...
တပ်ထားတဲ့ မျက်မှန်ကိုလည်း
ရိုက်ခွဲချင်တယ် ....
ပုံစံတစ်ကျဖြစ်လာတဲ့ လူ့ ဘ၀ကို
မုန်းတယ် ....

ကောင်းကင်ကြီးရယ်
နည်းနည်းလောက်ငိုကြွေးပေးပါ
ကျွန်တော့်ရဲ့  ၀ိဥာည်
ကမ္ဘာကြီးပေါ်မှာ ကခုန်ချင်လို့ ပါ ..
ဒီ လူ့ လောကကြီး တည်ရှိသရွေ့ ပေါ့ ...

မုသားတစ်ခုပါ

နှုတ်မဆက်ပါနဲ့ ချစ်သူ
မင်း .. ရုတ်တရက်ပဲ ထွက်သွားလိုက်ပါ ...
နှလုံးသားဆီကို အကြောင်းမကြားပဲ
ဝင်ရောက်ခဲ့တဲ့ မင်း ...
ငါ့ရင်မှာ အချစ်များဖြစ်စေခဲ့တယ် ..
ချစ်ခဲ့တုန်းက ပျော်ခဲ့သလို
လွမ်းရတော့လည်း ငိုရမှာပဲပေါ့ ..
မင်းအနမ်းလေး မရခဲ့တာကိုတော့
ငါ .. ရင်နာလို့ မဆုံးပါဘူးကွာ ...
လမ်းတွေမှာ လွမ်းမိတာ
ပန်းတွေတောင် နွမ်းမိစေသလား ...
ငါတကယ်မမုန်းခဲ့ပါဘူးကွာ
ခံယူချက်တစ်ခုကို
ကယ်သူမဲ့ အပြုအမူတွေနဲ့ 
အဝေးကနေ .. ကောင်းချီးပေးနေမှာပါ ...
တကယ်တော့
ပညာရေးဆိုတာ ချစ်သူတွေကိုခွဲဖို့ 
အကောင်းဆုံလက်နက်တစ်ခုပါ ...
တကယ်လည်း ပစ်ဖို့ မလို ပါပဲ
ပြီးတော့ မထိမှန်ပါပဲ
ငါ .. ကျရှုံးခဲ့ရတာပါ ကွာ .....
နှုတ်မဆက်ပါနဲ့ ချစ်သူ
မင်း .. ရုတ်တရက်ပဲ ထွက်သွားလိုက်ပါ ...

အတိတ်ရဲ့ နေ့ သစ် (သို့ ) နေ့ သစ်ရဲ့ အတိတ်

သူငယ်ချင်းဆိုတဲ့ ပုံရိပ်တွေနဲ့ 
လက်ရှိလှေကားကိုတက်ရင်း
ချော်မကျဖို့  ဖေးမနေကြတုန်းပေါ့ ...
ဘ၀ ဆိုတာကို တွေ့ မိပါရဲ့ 
ကျွန်တော်နဲ့ တော့ မရင်းနှီးခဲ့ဘူး
လက်မှဆွဲ မနှုတ်ဆက်မိပဲလေ ....
အချစ်ကို ကြည့်လိုက်မိတော့
နှလုံးသားအပိုမပါလို့ ထင်တယ်
ထောင့်တစ်ခုမှာ လွဲခဲ့ရတယ် ....
ရူးတယ်လို့ ထင်မှတ်ခဲ့မိပါတယ်
ခံစားချက်တွေများတုန်းကပေါ့
ဒါတွေက
ရေမရှိတဲ့ ပင်လယ်တုမှာ
ကူးခတ်လွင့်မျောခဲ့ရတဲ့နေ့ ရက်တွေပေါ့
မေခလာလဲ မလာခဲ့ပါဘူး
ကျွန်တော်လည်းပဲ လွင့်မျောဆဲပေါ့ ...
အခုတော့ ကျွန်တော်
ချစ်လည်းချစ်တတ်ပြီ
လွမ်းလည်းလွမ်းတတ်ပြီ
ခင်လည်းခင်တတ်ပြီ
ပျော်လည်းပျော်တတ်ပြီ ...
ဒါပေမယ့်
မမုန်းတတ်သေးပါ
အသည်းလည်းမကွဲဖူးသေးပါ ...
ကြုံဖူးချင်ပါတယ်
နေ့ သစ်တွေကိုလေ အတိတ်ကာလတစ်ခုစီမှာပေါ့

... အားလုံးသိတဲ့တိုင်း
အားလုံးဟာနေ့ သစ်တွေမှာဖြစ်ခဲ့တယ်
တစ်ချိန်မှာ အတိတ်တွေဖြစ်သွားကြမှာပါ
ဒါကြောင့်
အားလုံးဟာအတိတ်တွေပါ
နေ့ သစ်တွေဆီမှာ သူတို့ စောင့်နေတယ်
လျှောက်လှမ်းကြပါစို့ 
ပျော်ပျော်ပါးပါးပေါ့ :)
Monday, February 2, 2009 2 comments By: မင်းနေဝေး
စစချင်း ဘာရေးရမှန်းကို မသိဘူးဗျ ... blogger တွေကိုအားကျလို့  တစ်ခုတည်ဆောက်ကြည့်တာ ... ကျွန်တော် ရေးတော့ရေးမယ် အစမို့ လို့  အချိုးမပြေတာတွေများနေမှာကိုတော့ သည်းညည်းခံပေးကြပါဗျာ ... စာတွေကလည်း အချိုးပြေမယ်တော့မထင်ဘူးဗျ ....
ကဗျာ ကိုကောင်းကောင်းမသိပါပဲ ကဗျာရေးတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားတော့ ဖြစ်အောင်ရေးရတော့မှပေါ့ .... ကလေးကလားဆန်တဲ့ blog တွေ စတင် တင်ပါတော့မယ်လို့  .... လူကြီးကတော့ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့တာပါ ... ကလေးတစ်ယောက်ရဲ့  လွတ်လပ်မှု ကို ရဖို့ အတွက် .. ကျွန်တော့် စိတ်တွေကို မောင်းချထားမှာပါ ... အဲ မျက်စိနောက်ရင်တော့ ဂဲနဲ့ သာကောက်ပေါက်လိုက်ပေါ့ဗျာ ... အဟီး
တကယ်လုပ်နဲ့ နော် .. တားတားကနောက်တာ ... :P