Tuesday, December 27, 2011 1 comments By: မင်းနေဝေး

အတိတ်မေ့သွားတဲ့အချစ်


လူတိုင်းဖွဲ့သီနေတဲ့  အချစ်

တကယ်အစစ်က
အရှုပ်အရှင်းတွေနဲ့
ဒေါသတွေ ပေါက်ကွဲ .. မောဟတွေ ဖုံးလွှမ်း
ခပ်ပါးပါးလေးတောင် အရိပ်မထင်ခဲ့ဘူး ....

အလွဲသုံးစားလုပ်နေလိုက်ကြတာ
အဂတိတွေလိုက်စားနေလိုက်ကြတာ
အချစ်ကို သက်သေပြုနေလိုက်ကြတာ
အချစ် ကတောင်မှ
သူ့ကိုသူ မေ့လို့  မာယာတွေထဲမှာပျော်နေတယ် .....





 By (မင်းနေဝေး)


Monday, December 19, 2011 3 comments By: မင်းနေဝေး

တစ်ခါတစ်ရံ


ဒီကဗျာအတွက် နောက်ကျောရိုးတစ်ချောင်းအပိုဆောင်ထားပေးပါ

ကာလံဒေသံရွေးပြီး မျက်နှာပိုးမသေတတ်တဲ့ သူတစ်ယောက်နဲ့
ရထားအတူစီးရသလိုပေါ့
နဲနဲချဉ်မယ် နဲနဲလည်း ခါးမယ် ....

တစ်ရံတစ်ခါက စရမှာပဲ

ကာရံညီညီလေးတွေနဲ့ စကားအထအနကောက်
အချစ်လို့ လိုရာတွေးပြီး ဘေးကင်းကင်းနေခဲ့တယ်ဆိုရင် ကျွန်တော့ကို ရီကြမလား

သင်သိလိုရာသိ နိုင်ပြီဆိုပြီး
ကွန်ပျူတာကိုဖွင့် မသင်ရတဲ့ အဌာရသ ပညာတွေ နဲ့
နယ်မြေသစ်တွေ ထွန်ကျူးမိတာ ... အဲ့တာ အချစ်တဲ့

နဲနဲချိုတယ် နဲနဲခါးတယ် ...

တစ်ရက်တာ အလွမ်းကို ကဗျာရေးနေတယ် မနှောက်ယှက်ကြပါနဲ့
ရင်ခွင်ကို ငုံ့အပြော ... နှုတ်ခမ်းတွေ နွေးမြသွားစေတယ် ....
ကောင်မလေး  မင်းဘာလုပ်နေတာလည်း .....

ကဲဘာများပြောချင်ကြသေလည်း
တွေးချင်ရာတွေး  ရေးချင်တာရေး
အတ္တတွေ စာစီပြနေတယ် ....  နားလည်ပေးမည့်သူရှာရင်းနဲ့ ...

သူလိုငါလိုပဲ ကဗျာအဆုံးသတ်မယ် ..

ကောင်မလေးရေ ...  ကောင်မလေးရေ
ဒီရင်ခွင်မှာ မင်းနာမည်တွေ ထုံသင်း
အချစ်တွေ ဖြစ်နေလိုက်တာများ ... ငါ့ဆိုတဲ့  ငါ့ကိုတောင်မေ့လို့ ....





Thursday, October 27, 2011 0 comments By: မင်းနေဝေး

အလွမ်းချစ်

ငါ့ရဲ့ အတ္တတွေကိုပဲ ပျက်ရယ်ပြုလိုက်ပါ .....

အချစ်ကို ရယူခြင်းလို့ပဲ ခံယူတတ်တဲ့ ခပ်အအ လူတစ်ယောက်
မင်းရဲ့ သမိုင်းထဲမှာတော့  ဒါ .. ဟာသတစ်ခုနေမှာပေါ့
ပစ်ပယ်လိုက်ပါ ချစ်သူ .....

သွေးအေးလွန်းတဲ့ မင်းရဲ့ဘေးမှာ ထိုင်နေရုံနဲ့တင်
ငါ့ နှလုံးသားတွေရပ်တန့်
ဒီ .. မျက်ရည်တွေပဲ ကျဆင်း ... ရင်တွင်း ဖွဲ့ ...

အဆင်မပြေတာတွေ ထပ်ပေါင်း
ငါတို့နှစ်ဦး ပေါင်းခြင်းကိုက .. အဆင်မပြေခြင်းတဲ့လား
ထားပါလေ ... ငါက
အဆင်မသင့်စွာပဲ   ချစ်တယ် .....

တစ်သက်လုံး  .......  တစ်သက်လုံးသာ ...
မင်းဘေးအနား ချစ်သူဆို
ဒီနှလုံးသားနဲ့ပြောမယ်
လွမ်းပြီး ချစ်ရပါတယ်   ချစ်သူရယ် ....




မင်းနေဝေး
Friday, October 14, 2011 0 comments By: မင်းနေဝေး

ကျွန်တော်

အကြိမ်ကြိမ်

ဒုစရိုက်နဲ့ မုသာဝါဒတွေ အလွတ်ကျက်
ငါ့ကိုယ်ငါ ဘာမှန်းတောင် မချပြတတ်တော့ဘူး

သေချာတယ်
ငါ့ဘ၀ ကိုက ငါနဲ့ ဖီလာနေသလို
ခံစားချက်ချင်း တူနေတယ် ...




Friday, August 19, 2011 0 comments By: မင်းနေဝေး

နှစ်နားညီရဲ့ အစွန်းတစ်ဖက်

၁။ ခတ္တာ နင် စဉ်းစားပါ...

... နွယ်နေတဲ့ သံယောဇဉ်ကြိုးရဲ့
.... နှောင်ဖွဲ့ တည်ရှိခြင်းဆိုတာ
.... နှလုံးသား စေစားချက်သက်သက်လို့ နင်ထင်မြင်နေခဲ့သလား ...

မြတ်နိုးခြင်း အတွက် ချုပ်တည်းထားခဲ့ဖူးတဲ့ တဒင်္ဂ ဆိုတာ
ဒီဘ၀တစ်သက်တာမှာ နောင်တဆိုတာ ဖြစ်တည်ခဲ့ရိုးမှန်ရင်
အဲ့ဒီအချိန်တွေအတွက် ငါ့မှာ အပြစ်ရှိပါတယ် ...

... ဒါပေမယ့်လည်းလေ
.... သုံးနားညီခြင်းသီအိုရီက နှလုံးသားရေးရာမှာ ညီမျှခြင်းချခဲ့လို့လား
.... နှစ်နားညီနေမှတော့ အစွန်းထွက်က ငါပါ
.... လာပါလို့ မဆိုကြပါနဲ့ ...

၂။ ခတ္တာ ရေ ...

အချိန်ကာလဆိုတာ လွမ်းတတ်သူတွေက ပိုတွက်ချက်ကြရပါတယ်
တစ်စစီ စုတ်ဖြဲနေတဲ့ လက်အစုံမှာ ရင်ခွင်ကို ပုံအပ်ရသလို
နာကျင်ကြေကွဲရပါတယ် ..

 ... ပိုပြီးတော့ ၀မ်းနည်းရပါတယ် နင် ငါ့အနားမှာ မရှိခြင်းအတွက်
.... ခက်ခဲခြင်းဆိုတာတွေ နေ့တိုင်းတွေ့နေရတယ်
.... တစ်ရက်ပြီး တစ်ရက်တော့ ကုန်သွားခဲ့ကြတာပဲ
.... ဒီ နှလုံးသားကို တိုက်စားပြီးတော့ပေါ့

ဒီလိုပါပဲလေ ချစ်ခြင်းဆိုတာကို နှလုံးသားနဲ့ ခံစားမိသူအတွက်
ဒဏ်ရာနက်နက်တစ်ချက်ဆိုတာ အပေါ့ပါဆုံး ပြစ်ဒဏ်တစ်ခုလိုပါပဲ ...
ချစ်၍ ခံစားရပါတယ် ...

၃။ မေ့ပစ်ဖို့မလိုတဲ့ အရာ ပါ ... ခတ္တာ ......


.....မျှော်လင့်ခြင်းဆိုတာမစိုက်ပဲရှင်သန်နေတဲ့
.......နှစ်ရှည်ပင်တစ်မျိုးပါ
......... ရေလောင်း ပေါင်းသင်ဖို့သတိမရလည်း .......
.... လွမ်းစွတ်ခြင်းနဲ့ ဆက်လက်ရှင်သန်နေအုံးမှာပါ ....







မင်းနေဝေး 

Saturday, August 13, 2011 0 comments By: မင်းနေဝေး

နွေ ပြီးရင် နွေ


နွေ ပြီးရင် နွေ












ရင်ခွင်တစ်ဖက်ခြားမှာ
အရှေ့အနောက် ကာရံတွေ စီးမျှောနေလို့
အချစ်ကို မျက်နှာ သစ် ဖွင့်ခဲ့တာမဟုတ်ပါဘူး

မိုးတစ်ပွင့် စွတ်စိုချင်စိတ်နဲ့
လူးလွန့်မိတဲ့ အဆိပ်ရိုင်း ပန်းတစ်ပွင့်ဆိုတော့လည်း
အနားသတ်တွေက ယဉ်ကျေးခဲ့မှာ မဟုတ်သလို
လှပခဲ့မှာလည်း မဟုတ်ဘူး ...

သိလိုရာ သိပါစေတော့ဆိုပြီး တံခါးဖွင့်ပြ
လမ်းညွှန်ပြနဲ့
ဒီ ရင်ခွင်ပြတိုက်တောင် အတော်အသင့် (အမှန်က အတော်လေးကို)
ဟောင်နွမ်းသလိုလို ဖြစ်နေပြီ ...

မလွယ်တာ ခက်လို့တဲ့
အမှန်တရားဆိုတာ အမှန်အတိုင်းပြောလို့မရတဲ့အရာ
ချစ်တယ်ပြောရင် ယုံတယ်ပြောမှာတဲ့လား ...

ဒီနေရာက ယုံတတ်သူများ မလာရတဲ့နေရာမှမဟုတ်တာ ....

ခမ်းခြောက်နေခဲ့လို့ စွတ်စိုချင်တာပါ
အနမ်းရေတစ်စက် ဆိုလည်း
တစ်သက်စာ အတွက်လို့ မှတ်ယူပါရစေတော့လေ .....



မင်းနေဝေး



Wednesday, June 15, 2011 0 comments By: မင်းနေဝေး

အန​မ်း​မီး

အန​မ်း​တစ်ခု​တို​င်း​မှာ

ေ​မး​ခြ​န​္းေ​တြ​နဲ​႔



ေ​တြေ​၀ေ​န​တဲ့ မီး​ေ​တာက္တစ္ခု

ေ​လာင္က​ၽြ​မ်း​မိ​တို​င်း​လ​ည်းေ​ပး​ဆ​ပ်ြ​ခ​င်း​သက်သ​က်

မ​င်း မီး​ညှိ​ခဲ့​တဲ့​အချိန်တို​င်း ....




မေ​ၾ​က​မ​နပ္နဲ​႔

ေ​တာ​က​္ေ​လာင္မိ​တို​င်း​လ​ည်း

နှ​လုံး​သား တစ်ခု​သာြေ​ခာက်ကပ်ကပ်ကျန်ခဲ့

ဒီ​လို​နဲ့​ မိုး​လ​င်းချိ​န်ေ​တွ များြ​ပီ



အပူ​သက်သာ​မ​လား​လို့

တိမ်တို​က်ေ​အာ​က် ခဏ​ခို​၀င်မိ​တ​ယ်

မိုး​မ​င်း​သမီး​ရဲ့ြေ​ခေ​တာ်​သံ​ခ​ပ်ြ​ပ​င်ြး​ပ​င်း​မို့

ြေ​မ​သ​င်း​နံ့​​က စွတ်စိုချ​င်ေ​နျ​ပီ ...



မ​ရြာခ်​လိုက္ပါ​နဲ​႔ အဲ့​ဒီ ဟ​န​္ေ​ဆာင္မိုး​ေ​ရေ​တြ​ကို

ေ​နရ​င်း​ထိုင်ရ​င်း ကွဲ​အက်ေ​န​တတ်တဲ့ ကန္တာ​ရ​မို့

ေ​ရ​စ​က​္ေ​တြ အက္ကြဲ​ေ​ၾ​ကာ​င်း​ထဲ​၀င်ရ​င်

ပို​လို့​ ခံ​ရ​ခက်တ​ယ် ...



နတ်သ​မီး​ရဲ့

ြေ​ခ​အစုံ​နဲ့​​ပဲြ​ဖ​တ်လျှောက်သွား​လိုက်ပါ

ြေ​ခေ​တာ်​သံ ဟန်ချ​က် ညီမ​လား​လို့​ ...



ဒီ​လို​နဲ​႔​ပဲ ... ေ​နေ​တာ​င​္ ေ​စာ​င်း​ခဲ့ြ​ပီ



ြေ​ခ​သံ​ေ​တြ ေ​ရ​တြက္ရ​င်း

ဒီနှုတ်ခ​မ်း မှာ စွတ်စိုေ​စ​မ​ယ့်

အန​မ်း​ကို မျှော်​လ​င့်​လို့​ .....







မ​င​္းေ​နေ​၀း ....
Sunday, May 29, 2011 1 comments By: မင်းနေဝေး

ချ​စ်ြ​ခ​င်း​ကို​သာ

ချစ်ခြင်း၌ မွှေ့ပျော်ခြင်းသည်
အရှိုက်ခက်သော ငိုခြင်းတစ်ခုဆိုလျှင်
ထိုငိုခြင်းသည် ငါ့တွင် ဖြစ်ပေါ်နေသည် ...

ရင်တစ်ချက်ခုန်သံကြောင့်

ချစ်သူ့ အလှ ပျက်သုတ်းမှာစိုး၍
ချစ်ခြင်းနှင့်တွေ့ လျှင်
သေဆုံးသည်မှာနှလုံးသားဖြစ်သည် ....

ထိုခဏ
အရာရာအတွက် ပေးဆပ်ချင်ပါသည်
အရာရာကို ရယူချင်ပါသည် ...

ထို့အတွက်
တောင်းဆုပြုခွင့် ပြုမည်ဆိုလျှင်
နှလုံးသားရှင်သန်ခွင့်ထက်
အရှိုက်ခက်စွာ ငိုနေရခြင်းထက်

ချစ်ခြင်းသည် မွှေးမြသောပန်းတစ်ပွင့်ဆိုလျှင်
တစ်ရှိုက်မက်မက်နမ်းခွင့်ရသော
ငါသည်သာ ... ဖြစ်ရပါလို၏ ....






မင်းနေဝေး
Thursday, May 12, 2011 0 comments By: မင်းနေဝေး

ချစ်ရပါသော ၀ါဆို

ချစ်သောဝါဆို
.. ဟိုအရင်လို မိုးညိုတိုင်း
... ရင်ခွင်ရိုင်းနဲ့မိတ်ဆက်
.... အမေ့ခက်တဲ့အတိတ်တွေက
..... ဒီမျက်နှာပြင် နှလုံးသားဆီမှာ
...... တိုးတိတ်စွာ စီးဆင်းစဲ

ယနေ့ထိချစ်မြဲ
သွေးထိစီးဆင်းခဲ့လို့
မင်းမျက်နှာမြင် ကမ္ဘာကပင် ပိုလှခဲ့သလို

မိုးရွာရင်
.. ၀ါဆိုဦးက နွယ်ခက်လို ရစ်ပတ်ချည်
... ထိ သိ သတိ မကပ်
.... အဆင်း အသံ အနံ့ မှာ ပျော်ဝင်
..... ငရဲမှာ လူဖြစ်ရင်တောင် ငါ ... ပျော်မည်ထင်ရဲ့ .......
Tuesday, April 12, 2011 9 comments By: မင်းနေဝေး

အချစ် .. အလွမ်း .. ကဗျာ

အချစ် ...

နာမည်လွဲရွတ်ဆိုခြင်းမဟုတ်ပါ

ဒီရင်ခွင် တစ်ခုလုံးနဲ့ ရင်းခဲ့ရတာ ...



နားမလည်မှုတွေ အတောမသတ်ခဲ့ဘူး

ချစ်သူရဲ့ အပြုံးတစ်ခုအောက်မှ ကြွေကျခဲ့ရတိုင်း

ကိုယ့် ကို ကိုယ် မုန်းတယ် ...

ခဏခဏ မပြုံးခဲ့ပါနဲ့လားကွယ် ...



လာချင်ရင်လာ သွားချင်ရင်သွားပါ

ရင်ခွင် ဇရပ်တစ်ခု လေ



( သတိ ... ကျွန်တော့် ချစ်သူတစ်ယောက်တည်း အတွက်သာ)



အခု .. ရုတ်တရက် .. တမဟုတ်ချင်း ခံစားနေရတာက လွမ်းတယ် ...

ဘာလို့လည်းကွယ်

' စိတ် ' တစ်ကမ်းဝေးနေရတာ

ကိုယ် တစ်ယောက်တည်းပဲ ချစ်တတ်ခဲ့လို့လား ...



လေထဲမှာ လွင့်နေသလို

ပေါ့ပါးသယောင်နဲ့ အတွယ်အတာမဲ့နေတာ ဘယ်သူသိမှာလည်း ..

ချစ်သူ ...

မင်း မျက်နှာတစ်ချက်လွှဲသွားတိုင်း

ကိုယ်ဟာ လေတစ်ချက်ဝှေ့ခံရတဲ့တိမ်တိုက်ပါ ....



အနားသတ်တွေကို လိုက်မညှိပါဘူး

ညီချင်ညီမယ်

ပိုချင်လည်း ပိုခဲ့မှာပေါ့လေ ....

အချစ် လို့ဆိုလိုက်တိုင်း

ကိုယ်တိုင်ရေး အတုပ္ပတ္တိတွေ အသီသီနဲ့

လူတိုင်းတော့လည်း သီခဲ့ကြတာပဲ ...



လူထဲက လူတစ်ယောက်ပဲလေ

စကားအဖြစ်ပြောတာတော့ မဟုတ်ဘူး ..

ကိုယ့် ကို ကိုယ် ထက် မင်းကို ပိုချစ်တယ် ... ချစ်သူ ....











မင်းနေဝေး ...
Saturday, April 9, 2011 1 comments By: မင်းနေဝေး

ငါတစ်ယောက်တည်း

နေရာတိုင်းမှာအသစ်

ဝင်သက်ထွက်သက်တွေ အသစ်ဖြစ်နေတိုင်း

စိတ်က မလိုက်နိုင် တစ်နေရာမှာ ...



နေမှု ထိုင်မှု ပုံစံမကျခဲ့တိုင်း

တစ်ယောက်ယောက်က ငါ့ကို လာကြည့်နေသလို ...

အားးးးးးးးးးးးးးးးးးးးး

အသံဆုံးသည်အထိ ဘယ်သူနားထောင်နေလည်း



ခေါင်းခါရင် ဘယ်ညာတဲ့လား

ငါမြင်တာ ရှေ့နောက်ပါ ..

စိတ်မဆိုးနဲ့ ငါက အရာရာကို ဘေးကနေပဲ ကြည့်ခဲ့တဲ့ကောင် ...



အခုလည်း နံရံတစ်ဘက်ခြားမှာ

ချစ်သူရဲ့ တေးသံကို တိုးတိတ်နားစွင့်

အလွမ်းတော့ မဖြစ်စေနဲ့လို့ ဆုတောင်း

အူကြောင်ကြောင် နဲ့တစ်ယောက်တည်း ငါ ....



ဂဏန်းတွေ ကို ရေတွက်မယ်

၁ ၂ ၃ ၄ ၅ ....... ၁၀၀

ဝ ကျန်ခဲ့ပြီ ပြန်ဆိုရအုံးမယ် ....



ငါ့ဘ၀ကိုက အဲ့လို အစမေ့ခံခဲ့ရပြီး

အဆုံးသတ်သွားတာ ....



ကဲ နှင်းဆီရေ

အနီရင့်ရင့်တစ်ပွင့်လောက်ပေးပါ

ငါ့ နဲ့ နင် အလွင်းပွင့်တွေ ခြွေကြည့်ရအောင် ... ပျော်ပျော်ပါးပါးပေါ့ ....