Monday, December 2, 2013 0 comments By: မင်းနေဝေး

လွမ်းလို့

ပျောက်ဆုံးနေတဲ့ စိတ်တစ်ခုကို ပြန်ကောက်လိုက်တယ် ...

ကျွန်တော် ...  အတွက် ... ကဗျာ

အလွမ်းတွေ တောင်လိုပုံနေတဲ့
ဒီခေါင်းစဉ်အောက်မှာ
သူငယ်ချင်းရယ်  ချစ်သူရယ်  ...

အတိတ်ဆိုတာ ပြန်ရကောင်းသောအရာမဟုတ်တဲ့
အဲ့ဒီတော့
အလွမ်းနဲ့ ကြိုးစားဖြေသိမ့်
ကျွန်တော် ..  လွမ်းပြီးရင်း  လွမ်းနေတယ် ....







မင်းနေဝေး ... 
Sunday, October 13, 2013 1 comments By: မင်းနေဝေး

ကျွန်တော်နဲ့ အခန့်မသင့်ခြင်း

ပေါက်ကွဲချင်နေတဲ့  တေးသွားတစ်ပိုဒ်လိုပဲ
အဖေါ်ရှာနေမိတယ် ...

ရေမြေအတည်တကျမရှိခြင်းနဲ့အတူ
ခံစားချက်တွေက မှီခိုမှုအား ကင်းလွန်းနေတယ်
ဒါ ..  နှလုံးသား မသန့်ခဲ့ခြင်းရဲ့  ပြယုဒ် ...
အခြေအနေတွေ စုတ်ချာနေခြင်းက သက်သေ ......
အမျက်တွေ ဖြေခဲ့ပါလေ ….

ခု အပြင်မှာ
ဆောင်းလေတွေ မအေးဘူးချစ်သူ …

တွယ်ရာမဲ့နေတဲ့ ခံစားချက်က  ရုပ်ကို တိုက်ရိုက်အချိုးကျနေလို့
ဒီမှာ ဘယ်ဘက်ရင်ထဲက အခန်းမပြည့်တဲ့ အလွမ်းတွေ
တစ်ကိုယ်လုံးမှာ တဆစ်ဆစ် တိုးနေတယ် …..

ကွယ် ….
ခန္ဓာ ယိမ်းယိုင်နေပုံက လှိုင်းအစဉ်လို
အဆင်ပြေသလိုသာစားသုံးပါလေ
ငါကိုယ်တိုင်က  နုံချာချာ  ဟင်းတစ်ခွက်
မတည်မြဲခြင်းနဲ့  ပနံသင့်နေတာ .....
Monday, May 6, 2013 1 comments By: မင်းနေဝေး

ကျွန်တော်နှင့် တစ်ခါတစ်ရံ

တစ်ခါတစ်ရံ ကျွန်တော်သည်  
မျဉ်းဖြောင်း တစ်ကြောင်းလို ရွေ့လျားတတ်သူ

တစ်ခါတစ်ရံ ကျွန်တော်သည်
မြစ်ကြီးများလို ရှည်လျားစွာ ကောက်ကွေ့တတ်သူ

တစ်ခါတစ်ရံ ကျွန်တော်သည်
ကြယ်တစ်စင်းလို တောက်ပချင်လွန်းသူ

တစ်ခါတစ်ရံ ကျွန်တော်သည်
ခြေနင်းခုံအောက်မှ ဖုံတစ်စသာ ဖြစ်ချင်ခဲ့သူ

တစ်ခါတစ်ရံ ကျွန်တော်သည်
တိမ်လို လွှင့်မျောသွားချင်မိသူ

တစ်ခါတစ်ရံ ကျွန်တော်သည်
ကျောက်စိုင်သားလို မားမား ရပ်ချင်ခဲ့သူ

မျဉ်းဖြောင့်တစ်ကြောင်း ကျွန်တော်ဖြစ်သောအခါ
တစ်ခါတစ်ရံသည် ကောက်ကျစ်နေသည်

ကြယ်တစ်စင်းလို တောက်ပခဲ့သောအခါ
တစ်ခါတစ်ရံသည်  နင်းချေ ပစ်ခဲ့သည်

တိမ်လိုလွင့်မျောနေ သောအခါ
တစ်ခါတစ်ရံသည် မိုးအဖြစ်ရွာချ ခဲ့သည်

တစ်ခါတစ်ရံသည် သူများနှင့် မတူ

တစ်ခါတစ်ရံသည် ကျွန်တော်နှင့်မတူ

တစ်ခါတစ်ရံ သည်
ကျွန်တော်နှင့် များစွာ သဘောထားကွဲလွဲခဲ့သူ .... 



မင်းနေဝေး
Wednesday, February 20, 2013 0 comments By: မင်းနေဝေး

စာမတတ်ခြင်း



ဒဏ်ရာဆိုတာ
လူတိုင်းဝတ်တတ်တဲ့ မျက်နှာဖုံးတစ်ခု
အခုလည်း ခပ်ထူထူဝတ်နေစဲ
အပြုံးတော့ မပျက်ခဲ့ပါပဲနဲ့လေ  .... 

လမ်းတွေ့ရင် ခေါ်ပြော
ခပ်သောသောနေလာလိုက်တာ
အခု  ..  လူတောင် ခပ်မျောမျောကြီးဖြစ်လို့ ...

တစ်နေ့စာ အသုံးမကျခြင်းတွေစု
ကျွန်တော် လူလို့  မအော်ချင်ဘူး
တစ်ခါတစ်လေ လူစိတ်ပျောက်တတ်လွန်းလို့ ...

ဒီမှာ  အပိုဒ်တွေ ခွဲထားတယ် 
ကြိုက်တာသာယူသုံး 
ခင်ဗျားလည်း  လူလုံးလုံး ဖြစ်မယ်ထင်ရင်ပေါ့ 
စိတ်တော့ မဆိုးနဲ့   .... 




မင်းနေဝေး