တစ်ခါတစ်ရံ ကျွန်တော်သည်
မျဉ်းဖြောင်း တစ်ကြောင်းလို ရွေ့လျားတတ်သူ
တစ်ခါတစ်ရံ ကျွန်တော်သည်
မြစ်ကြီးများလို ရှည်လျားစွာ ကောက်ကွေ့တတ်သူ
တစ်ခါတစ်ရံ ကျွန်တော်သည်
ကြယ်တစ်စင်းလို တောက်ပချင်လွန်းသူ
တစ်ခါတစ်ရံ ကျွန်တော်သည်
ခြေနင်းခုံအောက်မှ ဖုံတစ်စသာ ဖြစ်ချင်ခဲ့သူ
တစ်ခါတစ်ရံ ကျွန်တော်သည်
တိမ်လို လွှင့်မျောသွားချင်မိသူ
တစ်ခါတစ်ရံ ကျွန်တော်သည်
ကျောက်စိုင်သားလို မားမား ရပ်ချင်ခဲ့သူ
မျဉ်းဖြောင့်တစ်ကြောင်း ကျွန်တော်ဖြစ်သောအခါ
တစ်ခါတစ်ရံသည် ကောက်ကျစ်နေသည်
ကြယ်တစ်စင်းလို တောက်ပခဲ့သောအခါ
တစ်ခါတစ်ရံသည် နင်းချေ ပစ်ခဲ့သည်
တိမ်လိုလွင့်မျောနေ သောအခါ
တစ်ခါတစ်ရံသည် မိုးအဖြစ်ရွာချ ခဲ့သည်
တစ်ခါတစ်ရံသည် သူများနှင့် မတူ
တစ်ခါတစ်ရံသည် ကျွန်တော်နှင့်မတူ
တစ်ခါတစ်ရံ သည်
ကျွန်တော်နှင့် များစွာ သဘောထားကွဲလွဲခဲ့သူ ....
မင်းနေဝေး