Sunday, October 13, 2013 1 comments By: မင်းနေဝေး

ကျွန်တော်နဲ့ အခန့်မသင့်ခြင်း

ပေါက်ကွဲချင်နေတဲ့  တေးသွားတစ်ပိုဒ်လိုပဲ
အဖေါ်ရှာနေမိတယ် ...

ရေမြေအတည်တကျမရှိခြင်းနဲ့အတူ
ခံစားချက်တွေက မှီခိုမှုအား ကင်းလွန်းနေတယ်
ဒါ ..  နှလုံးသား မသန့်ခဲ့ခြင်းရဲ့  ပြယုဒ် ...
အခြေအနေတွေ စုတ်ချာနေခြင်းက သက်သေ ......
အမျက်တွေ ဖြေခဲ့ပါလေ ….

ခု အပြင်မှာ
ဆောင်းလေတွေ မအေးဘူးချစ်သူ …

တွယ်ရာမဲ့နေတဲ့ ခံစားချက်က  ရုပ်ကို တိုက်ရိုက်အချိုးကျနေလို့
ဒီမှာ ဘယ်ဘက်ရင်ထဲက အခန်းမပြည့်တဲ့ အလွမ်းတွေ
တစ်ကိုယ်လုံးမှာ တဆစ်ဆစ် တိုးနေတယ် …..

ကွယ် ….
ခန္ဓာ ယိမ်းယိုင်နေပုံက လှိုင်းအစဉ်လို
အဆင်ပြေသလိုသာစားသုံးပါလေ
ငါကိုယ်တိုင်က  နုံချာချာ  ဟင်းတစ်ခွက်
မတည်မြဲခြင်းနဲ့  ပနံသင့်နေတာ .....