Saturday, January 25, 2014 0 comments By: မင်းနေဝေး

ကိုယ်တွေ့

တစ်ရက်ပြီးတစ်ရက်
ခေါင်းစဉ်တတ်မရတဲ့ အလုပ်တွေ
အိပ်ခြင်း စားခြင်း  အိပ်ခြင်း
ဘ၀ ကို ဘ၀ လိုမဖြတ်သန်းခဲ့ချိန်တွေ ကြာပြီ ....

စိတ်အစဉ်နောက်မှာ နေထိုင်
လူတွေ လူတွေ
ကျွန်တော် လူတွေ 
အရိပ်တွေ ခပ်ပါးပါးကို အရောင်တင်နေကြတာ  ကြာပြီ ....

အရာဝတ္တုတွေ သတ်မှတ်
ပိုင်ဆိုင်ခြင်းတွေ သတ်မှတ်
ရောဂါတွေ သတ်မှတ်
သေဆုံးခြင်းကို  မသိချင်ယောင်ဆောင်နေလိုက်တာ
ကျွန်တော့ တစ်သက် .....

ခု ... အသက်က
ဘ၀ ကို ဘ၀လိုနေထိုင်ဖို့ သွန်သင်
လူကို လူလိုနေထိုင်ဖို့ သင်ကြား
ကျွန်တော် ..
ဘေးနားက ရှောင်နေ ...
အပေအတေဘ၀ကို တတ်မက်နေတာ ....

ခပ်တိုတို  ခပ်ပါးပါး
ပြင်ဆင်စရာရှိတာပြင်ဆင်
စာတွေ ကဗျာတွေ နဲ့ပဲ
ကိုယ့်ဘာသာတရားရနေတာ ...  ဘ၀တောင်မေ့လို့  ....





မင်းနေဝေး