Tuesday, June 24, 2014 0 comments By: မင်းနေဝေး

စုထားသော စိတ်များ



စိတ်ကူးပေါက်တဲ့ အခါ စိတ်တူကိုယ်တူတွေကိုစုတယ်

လူမိုက်အားပေးသက်သက်ပါပဲ
အသက်ရှူသွင်း ရှူထုတ်
လေသာရာ ငြိမ့်ငြိမ့်လေး နေတယ်
ဘ၀က သက်သာလို့ ....

စဉ်းစားမိတယ်
ရှေ့လည်နောက် ဘ၀တွေ
နေထိုင်ခြင်းသက်သက် ပြည့်စုံခြင်း ....

လျှာပူ အာလွှဲ ပေါ့
ထိုင်ခုံပူတဲ့အခါ  ခဏ ကြွမယ်
ပြန် ထိုင်မယ် ....

ကျွန်တော်
စိတ်တူ ကိုယ်တူတွေ စုတယ် ........

နေပူရင် အရိပ်အောက်နေတယ်
ရေဆာရင် မိုးခါးရေသောက်မယ်
နေသာရင် လေညာကိုဆန်မပေါ့ .......

ခပ်ဟော့ဟော့တွေးရင်
ခပ်ပေါ့ပေါ့တွေ
ဆက်ကော့လက်ကော့တွေ ....

 .......  (     )
ပြီးတော့
ကျွန်တော်  စိတ်တူ ကိုယ်တူတွေ စုတယ် ....

ဒီလိုနဲ့
ဓါတ်တူ နမ်တူတွေ
ဇါတ်တွေ ကူးနေတာ
ဖျာလာခင်းတဲ့လူတောင် နေရာမရခဲ့ဘူး ......





မင်းနေဝေး