Wednesday, December 17, 2014 0 comments By: မင်းနေဝေး

အပျော်ကြံခြင်း


ငါနဲ့ ငါ  အကြောင်းမတိုက်ဆိုင်နိုင်အောင်
သတိရနေမိတယ် ....

ကွဲလွဲခွင့်လေးပေးပါ မိန်းခလေးရယ် ...
ရင်ခုန်သံတွေ အတွက်ပေါ့ ...

သူတို့က မင်းကိုမြင်ရင်  
ငါနဲ့ သဘောခြင်းမတိုက်ဆိုင်ဘူး ... သိပ်ရုပ်ပျက်တယ် .... 

အိပ်ပျက်တဲ့ အခါတွေလည်း ရှိတာပေါ့ 
အတွေးတွေက ငါ့ညတွေကို အပိုင်စားယူတယ်လေ  ... 

ဟူးးးး ... 
မောပါတယ် မိန်းခလေးရယ် 

ငါလေ ...
အသက်ရှူတိုင်း ချစ်တယ် ...... 
သွေးတစ်ချက် တိုးတိုင်း အချစ်ကို ရည်ညွှန်းတယ်

ဖြစ်နိုင်ရင် .. 
ဒီနေရာမှာ ခဏလေးနေပေးပါ 

ဟုတ်တယ် ...  ငါ့ရဲ့ နှလုံးသားရှိတယ်ဆိုတဲ့ 
ဘယ်ဘက် ရင်ခွင်ထဲမှာပေါ့
ထွေးပိုက်ချင်ပြီလေ .....

အခု နေမထိထိုင်မထိဖြစ်နေရတာနဲ့ 
စိတ်တွေကို မင်းဆီ နှင်ချလိုက်ပြီ ကလေးရေ .... 

ကလေးရေ ဆိုတဲ့ ...  
ငါ့ရဲ့ ကံတရားလေးရေ 
မင်းလက်နဲ့ ရေးချတဲ့ ဘ၀မှာ ငါပျော်ချင်ပြီ .....






မင်းနေဝေး 

ဘာသာဗေဒမဲ့ခြင်း


စာတစ်လုံးစီမိတိုင်း  ဘယ်ဘက်ရင်အုံက တစ်ချက်နွေးတယ်

ကျွန်တော် ခပ်နွေးနွေးစာတွေ ရေးတယ် ...
စာမျက်နှာထက်မှာ
နှုတ်ခမ်းထက်မှာ
ဘ၀ ထက်မှာ ......

ရင်ခုန်သံမပီပြင်တိုင်း အလွမ်းကိုဖွဲ့ဆိုတယ်
မွေးကတည်းက
ပြီးတော့ ... ခုချိန်ထိ
ကျွန်တော် အခမဲ့ လွမ်းတယ် ....
ဘေလ်ဆောင်ပြီး လွမ်းတယ် ....

အဲ့လိုနဲ့ စာနဲ့ အလွမ်းတွေ   ကဗျာတွေဖြစ်ပြီး
ကျွန်တော့်ရဲ့ အတ္တတွေကို အရောင်တင်တယ်
အဖြူရောင်လိုလို
အမဲရောင်လိုလို
အချစ်ရဲ့  အရောင်လိုလို ....

တစ်ခါတစ်လေ
စိတ်ကစဥ့်ကလျားနဲ့ အော်ဟစ်
မာနတွေ အောက်မှာ
ဉာဏတွေ ပျောက်ဆုံး  ... တစ်အုံးအုံးနဲ့
ပြိုလဲပစ်လိုက်တယ် .....

အားရ  ပါးရ ပြိုလဲပြီးတိုင်း
စိတ်ကစဥ့်ကလျားနဲ့ အော်ဟစ်ပြီး
ကျွန်တော့်ရဲ့ အတ္တတွေကို အရောင်တင်တယ်
ရင်ခုန်သံ မပီပြင်တိုင်း အလွမ်းကိုဖွဲ့ဆိုတယ်
ပြီးတော့ ...
ကျွန်တော် ခပ်နွေးနွေး စာတွေရေးတယ် ။။။။။။။






မင်းနေဝေး