မြင်ကွင်းရဲ့အဆုံး
မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဘက်စွန်းမှာ
စိတ်ကူးယဉ်ခွင့် လမ်းတစ်လမ်း
အခမဲ့ ဖြတ်သန်းခွင့် ပြုထားတယ် ....
လမ်းဖြတ်ခွင့်တော့တောင်းပါ
ခင်းထားတဲ့ နှလုံးသားက
ဒဏ်ရာတွေနဲ့မို့ပါ ....
မကြမ်းတမ်းပေမယ့်
သဲသောင်ပြင်လို မွမွကြေနေတယ်လေ .....
ဒါပေမယ့်လည်း
ဘယ်လိုပဲ တိုးလျှိုးတောင်းပန်
ကတ္တီပါ ဖိနပ်ပါးက
နတ်ဆိုးတစ်ပါးလို ခြေချမြဲပါပဲလား .....
လွမ်းစရာလေးပေါ့
တစ်ချိန်က ပျံသန်းခဲ့တဲ့
ငါ့ရဲ့ အတောင်ပံတွေလည်း
စိတ်ကူးနဲ့အတူ ဟိုး ... အဝေးမှာ .....
2 comments:
သြော်... လွမ်းစရာလေးပါလားကွယ်ရို့...
ပာားးးးးးးးးးး ကောင်းတယ်ဗျာ... ကဗျာက လွင့်လွင့်လေး.....
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....