နေ့သစ်ရဲ့ ရေတစ်ခွက်က
မျက်နှာမသစ်ရသေးသလို
အိပ်မှုံစုံမွှားနဲ့ ... အရာရာဟာ ၀ါးတားတားနိုင်နေတယ် .....
ကန်တစ်ခုဖြစ်ခဲ့ပြီးမှ ရေမရှိရတာ
အသက်ကင်းမဲ့နေတဲ့ လူသေလို
အေးစက်စက်နဲ့
နေထိုင်ခြင်းက အိမ်ယာမဲ့နေတယ် .....
စိတ်ခံစားချက်တွေကို
ဂုတ်ဆွဲပြီး ခေါ်လာခဲ့တာပဲ
ယက်ကန်ယက်ကန်နဲ့ အကြိမ်ကြိမ်ကျကွဲနေတယ်
အဲ့ဒီ စိတ်ကြည့်မှန်က
ဘ၀လည်း အလီလီကူးခဲ့ပြီးပြီ ......
ကဲ ဘာမှားနေတာလည်း ..
လမ်းမှန် ကမ်းမှန်ပါပဲ
ဒါပေမယ့် ....
ဆိုတာတစ်ခြား သံစဉ်တစ်ခြားနဲ့
ငါလည်း .. ဒီစင်ပေါ်ကနေ
အကြိမ်ကြိမ်ငြင်းပယ်ခြင်းနဲ့ .. ကာရံမဲ့နေရပါလား .....
3 comments:
အင်းး ပာုတ်တယ်ဗျ .
အိပ်မှုံစုံမွှားနဲ့ အရာရာက ၀ါးးတားတားနိုင်နေတယ်
ကဗျာသဘောလေးကြိုက်လိုက်တာ။
ကိုယ့်အဖြစ်နဲ့ တူလို့ :)
အရင်အပုဒ်တွေနဲ့ သိပ်မတူပဲ ပုံစံနည်းနည်းလေးကွဲလာတာ သတိထားမိတယ်... ကြိုက်တယ် ဒီလိုအရေးလေးတွေလည်း....
စိမ်းတော့ မရေးတတ်သေးဘူး... မတွေးတတ်သေးတာဆိုပိုမှန်မယ်...
တိုက်တိုက်ဆိုင်ဆိုင် စိမ်းရေးလက်စ ကဗျာမှာလည်း လူသေအကြောင်းပါတယ်...
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....