လူတစ်ယောက်က ပိုင်ဆိုင်ခဲ့ပြီလို့ ထင်မှတ်နေတဲ့ အရာတစ်ခု ပျောက်ဆုံးတဲ့အခါမှာ .. ဘာလုပ်တတ်သလည်း .......
ကျွန်တော်ကတော့ ကဗျာပဲရေးမယ်ဗျာ .....
သိပ်အတ္တဆန်တဲ့အတွေးပါ ...
ဝင်သက်ထွက်သက်နဲ့
ရှိနေတဲ့အသက် ... အဲ့ဒီအနားမှာ
ခံစားချက်မဲ့လွန်းတဲ့ လူတစ်ယောက်နဲ့ .. ကျွန်တော် .......
ငိုစား ရီစား ဘ၀ပဲလေ
ဘာကိုများတောင့်တနေတာလည်း
ပြုံးခဲ့တာတောင် ခနဲ့ပြုံးနဲ့
ဒီကောင်ကလည်း ... အဲ့တာကိုပဲ ပန်းတစ်ပွင့်ထင်ခဲ့တာ ....
ဝပ်ဆင်းနေတာပါပဲ
သခင်ရဲ့ ခြေတော်ရင်းမှာ ..
မော်မဖူးရဲလို့ ဓါးမိုးတာကိုမသိခဲ့
လည်ပြတ်ရင်တောင် သခင့်ခြေရင်းမှာ .. နောင်တမဲ့ .....
စိတ်တစ်နေရာစာပါပဲ
လိပ်စာတပ်ပြီး တစ်ဘ၀လုံးမလိုချင်ခဲ့တာပါ ...
ဒီနေရာမှာ .... အိပ်ရာဝင်ပုံပြင်တွေ များတယ် ....
ကဲ ... ငိုနေတာများ ... လှတပတနဲ့ ....
လှိမ့်စရာမလိုပါဘူး ..
အူလည်လည် ငါကလေ
တောင်ဆင်းတောင်တက်ကို ...
အရိပ်ကြည့်ပြီးလှမ်းချင်နေတာ ... နေဆိုတာ မရှိခင်ကတည်းကပေါ့ ....
ကဲကဲ .. ငိုချင်းကလည်းရှည်နေပြီ
ဒီတောင်မကွယ်ခင်တော့
ဒီနေလည်း ထွန်းလင်းခွင့်ရှိတယ် .....
ငါ့ကိုသာ ချနင်းပြီး ... နင် ထွက်သွားပါတော့ အလင်းရယ် .......
1 comments:
ပိုင်ဆိုင်ခဲ့ပြီလို့ ထင်မှတ်နေတဲ့အရာ ???
လှိမ့်စရာမလိုပါဘူး ..
အူလည်လည် ငါကလေ
တောင်ဆင်းတောင်တက်ကို ...
အရိပ်ကြည့်ပြီးလှမ်းချင်နေတာ ... နေဆိုတာ မရှိခင်ကတည်းကပေါ့ ....
မဟုတ်ရပါဘူးကွယ်ရို့... အထင်မှားတာပါ...
New comments are not allowed.