ဒီတစ်ခါလည်း အတဂ်ခံရပြန်ပြီ ... ရေးရမှာတော့ သိပ်အဆင်မပြေဘူး ၀က်ရေ .....
ကျွန်မကို အမြင်ကတ်ရသော အကြောင်းအရင်းတဲ့ .. အဲလေ .. ကျွန်တော့ကို အမြင်ကတ်ရသော အကြောင်း အရင်းတဲ့ ... :D ဘယ်လိုရေးရပါ့ .. ကိုယ့်ကို အမြင်ကတ်တဲ့လူတွေတော့လည်း ရှိတာပေါ့ .. ဆရာတစ်အားလုပ်ချင်တာကိုး .... သူတို့များ အမြင်ကတ်လေမလားဆိုပြီး တစ်ခါမှတော့ မစဉ်းစားဖူးဘူး ... ကိုယ့်အထာနဲ့ ကိုယ်နေတာပဲဆိုတော့လေ .... ကဲကဲရေးဆိုတော့လည်း ရေးတတ်သလိုပေါ့ ...
ကျောင်းကနေပဲ စတာပေါ့နော့ ..... ဆရာ / ဆရာမတွေ အတွက်တော့ လူလိမ်မာတစ်ယောက်မဟုတ်ခဲ့သလို လူဆိုးတစ်ယောက်လည်းမဟုတ်ခဲ့ဘူး ... ဒါပေမယ့် ချစ်ကြမှာတော့ကျိန်းသေတယ်ဗျ ...
ဆရာ က စာမသင်ချင်ထွက်သွားဆို လွယ်အိတ်ကောက်လွယ်ပြီး တီးဆိုင်ထွက်လာခဲ့တာပဲ .... :P အခန်းထဲထိုင်နေရင်လည်း ဆရာမနဲ့ဆိုရင် ပင်တိုင် ရန်ဖြစ်တတ်သေးတာ ..... တော်တော် လိမ္မာဆိုပဲ :D
သူငယ်ချင်းတွေနဲ့ပါတ်သက်ရင်ရောလို့မေးလာရင်လည်း ချစ်ကြပါသည်ပေါ့ ... ဟိုသွားမယ်ဟေ့ဆိုလည်း မလိုက် .. ပွဲသွားမယ်ဟေ့ဆိုရင် လူရှုပ်လို့ ... ဘယ်မှကို မလိုက် ... ကောင်မလေးတွေပဲလိုက် .. အဲ မှားကုန် ပြီ ... :P အဲ့လို ကျန်ကျန်နေခဲ့တော့လည်း အကောင်းတော့လည်း ပြောမယ်မထင်ဘူးဗျ ... အဟီး ... ဒီကြားထဲ ခပ်တည်တည်နဲ့ ချောက်တွန်းတတ်သေးတာ ... ပျော်ရာပျော်ကြောင်းပေါ့ .. ချစ်ကြပါသည်ပေါ့ ...
ခု အလုပ်ထဲရောက်လာတော့လည်း ကိုယ့်ဘာသာတော့ အဆင်ပြေပါတယ် .... သူများတွေ အတွက်တော့ အဆင်ပြေပုံမရဘူးဗျ ... ကိုယ်က စပ်စပ်စုစု ၀ါသနာကလည်းပါတော့ အလုပ်များများလုပ်ရတယ် ..... တကယ်တန်းကျ ပင်ပန်းပါတယ် ... အဲ့တာကိုပဲ အများကအချစ်ကြတယ်ထင်ပါတယ် .... လူကြီးတွေက တော်တော်ချစ်ဆိုပဲ .... :P
အွန်လိုင်းတက်ရင်လည်း ပင်တိုင် ကလော်တုတ် မယ့်လူရှိသေး .. ခက်တာကလည်း အဲ့လိုမှ အပြောမခံရရင် စားမ၀င်အိပ်မပျော်နဲ့ဗျ .. တကယ် :D
အင်းးး တော်မှထင်တယ်နော် .. ဆက်ရေးရင်လည်း ... ကျွန်တော့ကို ချစ်ခင်စွာနဲ့ အမြင်ကတ်သူများက တော်တော်များတာဗျ .... ကုန်မှာတောင် မဟုတ်ဘူး .... :D
အဲ .... ကျွန်တော့ကို အမြင်ကတ်ရသော အကြောင်း အရင်းဆိုတော့ တစ်ခုရှိသေးတယ်ဗျ .... ခုလို စာရေးရင် သာပျော်တတ်တဲ့လူလို့ထင်မှာနော် .... အပြင်မှာကျတော့ တော်တော် မျက်နှာကျော တင်းတဲ့လူတဲ့ ....
သူ့လုပ်စာများစားရရင်အခက်ဆိုပဲ ... အဲ့လို အဲ့လို
အဲ့လို အဲ့လိုနဲ့ တဂ်ရမယ်လူနှစ်ယောက်ကိုတော့ တဂ်မှာပဲ :D
စိမ်း နဲ့ နေညှိ ရေ ... စိတ်တော့လည်း မဆိုးနဲ့နော် ....... တစ်အား တဂ်ချင်လို့ပါ :P
.
11 comments:
ဟဟ စိမ်းတော့ သနားစရာပဲနော် ဝက် တဂ်တိုင်း ကိုမင်းနေဝေး ပါပြီးတော့ ထပ်တဂ်ခံရတာ ဟိဟိ
ဖတ်သွားပါတယ် နော် တော်တော် အညင်ကတ်စရာကောင်းတဲ့ ကဗျာဆရာပဲ ဟုတ်လား ဟိဟိ
ရေးပေးတဲ့အတွက် ကျေးဇူးးးအထူးတင်ရှိပါကြောင်းနော် ကဗျာဆရာကြီးရေ ခစ်ခစ်
word verification ရေးနေရတာ မနိပ်ဘူး ဖြုတ်ပေးစမ်းပါ ဂျာ ဟိဟိ
ဟိုက် ထိပြန်ပဟ...
ဟယ် ကြည့်ဂျမ်း နာ့တနယ်ဂျင်းကို ဘူက အွန်လိုင်းတက်တိုင်းဒိုင်ခံကလော်တုတ်တာတုန်း ပျောဂျမ်း... နာ့ဂို... နင့်ကိုပြောရင် နာလုံးဝ(လုံးဝ) မခံဘူးနော် ... နင့်ဘာသာခံ... ဒန် တန့် တန့်
အဲ ........
ဝက်ယေးကနံပါတ်ကို ၁ ကနေ ၄ ထိကိုယူတွားတာကိုး
တော်တော်မြင်ကတ်ဖို့ ကောင်း၇ယ် ဟွန်း
ချာတွေလာဖတ်တွားပါတယ်နော်
အီး အဲ့လောက်တောင်ဖြစ်နေရင် ဆရာတင်မိတာမှားပြီလား မသိ
အမြင်ကတ်ခံရပုံချင်း သိပ်မကွာဘူး။ စာကနုပေမယ့် လူကတော့ မျက်နှာကြောတင်းတင်း =)
yee lite ya tar phat phat maw ... yin bat nout ka kyaw ...... hawwwww !
:D
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....