ချိုရီ ယစ်မူးတဲ့ဝိုင်ချိုတစ်ခွက်
အဆိပ်သင့် အပြုံးတွေနဲ့
ငါ့နှလုံးသားကို ထွက်ပေါက်မရှိအောင်ဖမ်းစား
မင်း … ပဉ္စလက်များ တတ်နေသလား …..
အဲ့ဒီ မာယာအချစ်တောထဲက
နောက်လှည့်မကြည့်ကြေး ကျောခိုင်းခဲ့ပေမယ့်
ငါ .. လျှောက်လှမ်းမိတာကိုက
ရင်ခုန်စူးနဲ့ခင်းတဲ့ .. နေမင်းသမီးရဲ့ ပြေးလမ်းပေါ်မှာ …..
အကြိမ်ကြိမ်ဆန့်ကျင်ခဲ့တာပဲ
ဒီရက်စွဲတွေကို ….
နင် လောင်ကျွမ်းစေလို့ ပြာကျနေတဲ့ နှစ်လုံးသားတစ်စုံနဲ့
ငါတစ်ယောက်တည်း .. မျက်ရည်စက်လက် ….
မိုးတွေရွာနေပြီ နတ်သမီးလေးရေ …
မတုန့်ပြန်ပါပဲ စုတ်ပြတ်ကုန်တဲ့ ငါ့ ရင်ခွင်အတွက်
အရည်ပျော်ပျောက်ကွယ်ဖို့ အက်ဆစ်တစ်စက်
အနူးအညွတ်တောင်းဆိုပါရစေ ….
မာန်နတ်ရဲ့သမီးပျိုရေ …
အချစ်ကို အဂတိလိုက်စားနေတဲ့ … ငါ ဆိုတဲ့ .. ငရဲသားက
နင့်နှုတ်ခမ်းနီခဲ့မယ်ဆို
အသွေးအသားနဲ့နှင်းဆက် .. အမြဲ ခေါင်းငြိမ့်ချင်နေခဲ့တာ …
လည်ပတ်နေတဲ့သွေး
နင်လိုရင် အကုန်ဖေါက်ထုတ် …
နင့်ကို ချစ်တဲ့ နှလုံးသားတစ်ခုနဲ့ အသက်ရှင်နေထိုင်မယ် ….
မလိုအပ်တော့တဲ့ ဦးနှောက်ကို သောင်ပြင်မှာ ချထား …
ကျီးထိုးထိုး ခွေးစားစားပေါ့ …..
အဆုံးစွန်ထိပေါက်ကွဲတော့မယ့် ငါ့ .. နှလုံးသားကို
ဟောဒီ့ ကမ္ဘာ ဆုံးခန်း မတိုင်မီ
အရှင်လတ်လတ်ကားစင်တင်ပြီး
နင့်လက်နဲ့သာ ခွဲထုတ်ယူထားလိုက်ပါတော့ .. ချစ်သူ ..
ဝန်ခံချက် ... ခုတစ်လော ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ နဲ့ ပျင်းရိခြင်းနဲ့ ကျေနပ်နေတာ .. :P
မ၀င်ဖြစ်တာ တော်တော်ကြာသွားပြီ .... တောင်းပန်ပါတယ် .....
5 comments:
ငါ .. လျှောက်လှမ်းမိတာကိုက
ရင်ခုန်စူးနဲ့ခင်းတဲ့ .. နေမင်းသမီးရဲ့ ပြေးလမ်းပေါ်မှာ …..
ကဗျာလေးရော ရင်ခုန်စူးဆိုတာလေးရော လှလိုက်တာ။ ရင်ခုန်ဆူးလို့ ထင်ပေမယ့် ထွင်ရေးတာလို့ ထင်မိပါတယ်။
မတုံ့ပြန်ပါပဲ ဘာလို့စုတ်ပြတ်ကုန်ရတာလဲဟင်..
ခံစားချက်တွေပြင်းတယ်ထင်ပ.. ကိုယ့်ဆရာ..:)
ဆူးတာပါ ... ဒါပေမယ့် စူးတာက ပိုလှသလားလို့ မပြင်ပဲ မှားလိုက်တာပါ အမ မယ်ကိုးရေ :D
ကျွန်တော်ဆိုရင်တော့ အက်ဆစ်တစက်မတောင်းဘူး
ကာလံ ပုံးနဲ့တောင်းးမယ် အဲ့ဒါမှ အစအနပါ မကျန်မှာ
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....