Friday, November 23, 2012 0 comments By: မင်းနေဝေး

မျောက်စိတ်

အတွေးနဲ့ချရေး
အဆွေးတွေပဲ ဖြစ်နေတယ်

ခပ်ဝေးဝေးပဲ ထွက်သွားချင်သလိုလို
အခုပဲ  ထိုင်တော့မလိုလို
ဘာလည်း  မျောက်စိတ် ...
တစ်ခါတစ်လေ ...  လေထုဖြစ်ချင်တယ် ....
လွင့်ပလိုက်မယ် .... ဦးတည်ရာမဲ့ ....

မျက်နှာဖုန်း အစုတ်ကြီးနဲ့
ရီပြနေရတာ
မှန်ထဲကြည့်မိမှ သိတော့တယ်
မျက်နှာပေါ်မှာ နှုတ်ခမ်းမှမပါခဲ့ဘဲ ..... ရီရတယ် ....

ခပ်ဝေးဝေးက တောတောင်တွေရဲ့ရီသံတောင်ကြားမိတယ်

ဖြစ်တတ်ပါတယ် ...
ကျွန်တော်ဖြစ်နေသလို
ခင်ဗျားလည်း ဖြစ်နေမှာပဲ
အများလည်း ဖြစ်နေမှာပဲ

ဒါ ... လူတွေရဲ့ ကမ္ဘာ မို့လို့လေ 




မင်းနေဝေး
Wednesday, November 7, 2012 1 comments By: မင်းနေဝေး

အရောင်မတည့်ခြင်းများ

တော်တော်ဆိုးတယ် ...
ပြောခဲ့သမျှတွေ အရာထင်ဖို့အတွက်
ခုမှပဲ ..  ရေပေါ်မှာ အရုပ်ရေးနေရတဲ့ လူ ......

သူတစ်လူ ငါတစ်မင်း ကမ်းနားသစ်ပင်တွေ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့
လှေအလူးမှာ ကပ်ညိခဲ့ဖူးတယ်
ဓါး ထစ်ပြီးသာ မှတ်ထားပါလေ
တစ်ချိန်ချိန်တော့  အသုံးဝင်တန်ကောင်းရဲ့ ....

ဟောင်းမှည့်နေတဲ့ ဗုံးတစ်လုံး
ခပ်အိုက်အိုက် စိတ်တွေကြားမှာ  ထကွဲမလို့တဲ့
သူ ...  လူရာကောဝင်ပါ့မလား ...
ဒီမှာက  အချိန်တိုင်း ပေါက်ကွဲနေကြတာလေ ....

ခပ်ပြတ်ပြတ်ပဲ တွေးပလိုက်တယ်
အဆက် အစပ်ဆိုတာ ဟင်းချက်မှ လိုတာပဲလို့

ဒီနေ့ ... ငါးပိရည်က  နဲနဲ ဖန်တယ် ....






မင်းနေဝေး

 
Saturday, August 11, 2012 1 comments By: မင်းနေဝေး

စိတ်ရောင်တွေ ကွန့်မြူးလွန်းနေတယ်

စိတ်ရောင်တွေ ကွန့်မြူးလွန်းနေတယ် ...

တွယ်ရာမဲ့နေတဲ့  အတွေး
ရှင်သန်ခြင်းမရှိတဲ့ အတ္တတွေ
အနားမှာ ခပ်ဖွဖွချထားတဲ့ (Mouse) လောက်မှ အလုပ်မလုပ်နိုင်ခဲ့
အဲ့တာ  အရှိတရားတွေ .... ခပ်ကြာကြာပဲတွေးကြည့် ....
အမေးတွေရှိလာလိမ့်မယ် ....

ကျွန်တော်လည်း ... မသိနားမလည်ခြင်းတွေလို့ ခေါင်းစဉ်တပ်ပြီး
ကိုယ်တတ်သမျှတွေကို ချရောင်းနေမိတယ်
ရတဲ့အခါလည်းရ  မရတဲ့အခါလည်း မရ
တွေးကြည့်မိတယ် ...  ခပ်ကျယ်ကျယ်ပြောရရင်
ဒါ .. လောကဓံတွေပဲ
ကြုံသလိုသာရိုက်ပုတ်နေလိုက်ကြပါတော့ .......

အရှုံးပေးသံ ပေါက်မိသွားသလား ...
အမှန်က မနိုင်ခဲ့ခြင်းပါ ... ကျွန်တော်လည်း ယှဉ်ပြိုင်ခဲ့ပါသေးတယ် ...
လောကဓံလောက် ကျောမထူခဲ့ခြင်းက
ချစ်ခြင်းကို မခံယူထိုက်သူတစ်ယောက်လို့များ သတ်မှတ်လေသလား ...
တစ်နေ့ထက်တစ်နေ့  ဒီ .. ကမ္ဘာဆီကနေ
အပိုဒ်ခွဲခံနေရသလိုပါပဲ ... 
ရင်ခွင်ရဲ့  အလွမ်းမဲ့ရာသီက ခပ်စိပ်စိပ်နိုင်လွန်းတယ် ....



Saturday, July 21, 2012 1 comments By: မင်းနေဝေး

အနာဂါတ် ဟုဆိုကြသည်

အနာဂါတ်
သိုသိပ်ခြင်းမဲ့စွာနဲ့  စုတ်ပျက်
အရုပ် သက်သက်လို ဆက်ဆံခံရခြင်း
ဒီမှာ မညီမျှခြင်းတွေ  တစ်ပုံတစ်ပင်
အစွန့်ပစ်ခံ လို ......

လေလွင့်ကပ်ပါးတစ်ကောင်လို တည်ငြိမ်ရာမဲ့
အကြိမ်ကြိမ် ခါချခြင်းတွေ ကြုံရတဲ့အခါ
ဘ၀က ခါးသက်သလို
ညတွေက အရောင် နက်နက် .......




တွဲလက်တစ်ခု
ငြူစူခြင်း ကင်းမဲ့ လေပြေ
အတွေးတွေ ခပ်ဝေးဝေးကိုလွင့်ပြေးသွားတယ်
ဘ၀ဆိုတာ စတတ်ရင် အသစ်ဖြစ်တယ် ....




အဲ့ဒီလိုနဲ့
ပျော်ရွှင်မှုတွေ အရောင်ဖျော်စပ်
ဆေးတစ်ချက် သုတ်လိုက်တယ်
အရောင်က အနက်
စိတ်ပျက်လက်ပျက်လို့ အမည်ပေးလိုက်တယ်

Thursday, April 5, 2012 2 comments By: မင်းနေဝေး

တွေးရခက် ကဗျာ

နှစ်ပေါင်ကြားမှာလ
အလုံးကို ငြိမ်အောင်ထားပါလို့
အရင်းအဖျားတုတ်ပါတဲ့
ကိုယ့်ဟာကြီးနဲ့ တည့်တည့်ချိန်
ခါးလေးကိုလိမ်
ဖင်ပိန်ကိုလှည့်ပေး
အဖုတ်ပေါ်အသာရှပ်ပါလို့
ရိုက်တတ်မှ ပြေး...........

(တက္ကသိုလ် ဘုန်းနိုင်ရဲ့  ဂေါက်သီး  ရိုက်နည်း  ကဗျာလေးပါ)


 ခြေထောက်နှစ်ချောင်းကို အသာမြှောက်ပါလို့
အပေါက်ဟောင်းကိုတဲ့ စွပ်လိုက်ရင်
ပြွတ်ခနဲ ဝင်။
ပညာရှင် ထင်မမှားလေနဲ့
တရုတ်ပြေ ဝဠာကျေးဆီက
ဘောင်းဘီကွဲ့လေး။

(ဆရာသော်တာဆွေရဲ့ ကဗျာလေးပါ)




တည့်စေတဲ့ တည့်စေ
အလွဲချော်မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ ချွေးတွေကယိုစီး
အလွဲချော်မကျစေနဲ့
အိုကွာ မင်း
လွှသူကြီး။


(စလေဦးပုည)
Wednesday, February 8, 2012 0 comments By: မင်းနေဝေး

ဆောင်း မှာ နှင်းဝေခဲ့လေမလား


ဆောင်း မှာ နှင်းဝေခဲ့လေမလား


မနက်ခင်းလေပြည်ရဲ့ တေးသွား
ချမ်းစိမ့်စိမ့် အေးသွားမလား ...... ကျွန်တော်မသိခဲ့ ..

စိုးစိတ်တွေ ရွက်ကုန်လွှင့်လို့
နေခြည်ရဲ့ အလင်းကို မျှော်နေမိတယ် ...
ခေါင်း .. ပြီးတော့ ပန်း ...
ဘယ် ညာကိုကြည့် ... ပကတိ အလင်းမဲ့

ကြောက်စိတ်ရဲ့ အင်အားတွေ
ဆောင်း လေ လိုပဲ ရင်ခွင်ထဲမှာ တိတ်ဆိပ်
ချမ်းချမ်းအေးအေး ...

ဒီလိုနဲ့ပဲ

စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော်  = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က  ... ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ ...



မင်းနေဝေး