THOUSANDS OF FREE BLOGGER TEMPLATES

Thursday, April 5, 2012

တွေးရခက် ကဗျာ

နှစ်ပေါင်ကြားမှာလ
အလုံးကို ငြိမ်အောင်ထားပါလို့
အရင်းအဖျားတုတ်ပါတဲ့
ကိုယ့်ဟာကြီးနဲ့ တည့်တည့်ချိန်
ခါးလေးကိုလိမ်
ဖင်ပိန်ကိုလှည့်ပေး
အဖုတ်ပေါ်အသာရှပ်ပါလို့
ရိုက်တတ်မှ ပြေး...........

(တက္ကသိုလ် ဘုန်းနိုင်ရဲ့  ဂေါက်သီး  ရိုက်နည်း  ကဗျာလေးပါ)


 ခြေထောက်နှစ်ချောင်းကို အသာမြှောက်ပါလို့
အပေါက်ဟောင်းကိုတဲ့ စွပ်လိုက်ရင်
ပြွတ်ခနဲ ဝင်။
ပညာရှင် ထင်မမှားလေနဲ့
တရုတ်ပြေ ဝဠာကျေးဆီက
ဘောင်းဘီကွဲ့လေး။

(ဆရာသော်တာဆွေရဲ့ ကဗျာလေးပါ)




တည့်စေတဲ့ တည့်စေ
အလွဲချော်မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ ချွေးတွေကယိုစီး
အလွဲချော်မကျစေနဲ့
အိုကွာ မင်း
လွှသူကြီး။


(စလေဦးပုည)

Wednesday, February 8, 2012

ဆောင်း မှာ နှင်းဝေခဲ့လေမလား


ဆောင်း မှာ နှင်းဝေခဲ့လေမလား


မနက်ခင်းလေပြည်ရဲ့ တေးသွား
ချမ်းစိမ့်စိမ့် အေးသွားမလား ...... ကျွန်တော်မသိခဲ့ ..

စိုးစိတ်တွေ ရွက်ကုန်လွှင့်လို့
နေခြည်ရဲ့ အလင်းကို မျှော်နေမိတယ် ...
ခေါင်း .. ပြီးတော့ ပန်း ...
ဘယ် ညာကိုကြည့် ... ပကတိ အလင်းမဲ့

ကြောက်စိတ်ရဲ့ အင်အားတွေ
ဆောင်း လေ လိုပဲ ရင်ခွင်ထဲမှာ တိတ်ဆိပ်
ချမ်းချမ်းအေးအေး ...

ဒီလိုနဲ့ပဲ

စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော်  = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က  ... ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ ...



မင်းနေဝေး