Friday, September 5, 2014 By: မင်းနေဝေး

ဆေးဆိုးခြင်း

ကျွန်တော် အရောင်တွေတင်နေတယ် ....

သူကြိုက်  လူကြိုက်ဖြစ်ဖို့ပေါ့

အဖြူရောင်ကြိုက်တယ် ... အနက်ရောင်ကြိုက်တယ်
အပြာရောင်ကြိုက်တယ် ... အ၀ါရောင်ကြိုက်တယ်
အရောင်တွေ စပ်ထားတာကြိုက်တယ်
လူတွေက အရောင်တွေကြိုက်တယ် .... 

ကျွန်တော် ကာလာစုံတင်ထားတယ်
လူတွေကြိုက်ကြတယ် 
အပေါင်းအသင်းလုပ်ကြတယ်
ခင်ကြတယ် 
လူတောထဲမှာ ၀င်ဆံ့ခဲ့ပါတယ် .... 

အဖြူသီးသန့် တင်ကြည့်တယ်
ဆေးဆိုးဖို့ ၀ိုင်းကြိုးစားကြတယ် 

အမဲရောင် လိမ်းကျံတယ်
အဖြူရောင် ဖြစ်အောင် ဆေးဆိုးကြတယ်


တစ်လောက အစိမ်းရောင်တင်တယ် 
လောကကြီးစိမ်းသွားတယ်
ချစ်သူလည်းစိမ်းသွားတယ် 
နဲနဲ ကြာတော့ ကျွန်တော်လည်း အစိမ်းပုပ်ကြီးဖြစ်သွားတယ် ... 
အဲ ...  လူတွေတော့ ကြိုက်ကြတယ် ...

လူတွေက အရောင်တွေကိုကြိုက်တယ် ... 

ကျွန်တော်လည်း  အရောင်တွေ ထပ်တင်တယ် ....
လူတွေနဲ့ ပေါင်းသင်းတယ် ...

ပြီးတော့ အရောင်တွေကို မုန်းတယ် ... 





မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....