Friday, May 9, 2014 0 comments By: မင်းနေဝေး

ချစ်ခြင်းကိုတိုင်တည်

တစ်ခါတစ်ရံ
မကျေနက်ခြင်းတွေ အထွေထွေနဲ့
စိတ်တွေကို တုတ်နှောင်ထားလိုက်တာ
ဘ၀ ထဲက လူဆိုတာတောင် မေ့လို့
စက်ရုပ်သာသာ  .....

တစ်ရက် လာ တစ်ရက်သွား
နေ့စွဲတွေ လတွေ မှတ်
ခေါင်းမှာ တိုးထွက်လာတဲ့ ဆံဖြူ အတွက်
အဖြေက ဘယ်မှာ ....

ဒေါသတွေ ထွက်လာတာလား
မောဟတွေ ပြိုဆင်းတာလား
လူတစ်ကိုယ်လုံး အရေရွဲ့ဆင်းလာတာ
သောက သောက  သောက   ......

တကယ်ဖြေဖြောက်ခြင်းက တရား
အမှားများခဲ့တဲ့ ဘ၀အတွက်
သက်သေက တစ်ခုပဲ
နောင်တမဲ့ ချစ်ခဲ့ခြင်း  .....

ချစ်ခြင်းမှာ  အပြစ်ကင်းရပါစေ ......






မင်းနေဝေး