Friday, September 5, 2014 0 comments By: မင်းနေဝေး

ဆေးဆိုးခြင်း

ကျွန်တော် အရောင်တွေတင်နေတယ် ....

သူကြိုက်  လူကြိုက်ဖြစ်ဖို့ပေါ့

အဖြူရောင်ကြိုက်တယ် ... အနက်ရောင်ကြိုက်တယ်
အပြာရောင်ကြိုက်တယ် ... အ၀ါရောင်ကြိုက်တယ်
အရောင်တွေ စပ်ထားတာကြိုက်တယ်
လူတွေက အရောင်တွေကြိုက်တယ် .... 

ကျွန်တော် ကာလာစုံတင်ထားတယ်
လူတွေကြိုက်ကြတယ် 
အပေါင်းအသင်းလုပ်ကြတယ်
ခင်ကြတယ် 
လူတောထဲမှာ ၀င်ဆံ့ခဲ့ပါတယ် .... 

အဖြူသီးသန့် တင်ကြည့်တယ်
ဆေးဆိုးဖို့ ၀ိုင်းကြိုးစားကြတယ် 

အမဲရောင် လိမ်းကျံတယ်
အဖြူရောင် ဖြစ်အောင် ဆေးဆိုးကြတယ်


တစ်လောက အစိမ်းရောင်တင်တယ် 
လောကကြီးစိမ်းသွားတယ်
ချစ်သူလည်းစိမ်းသွားတယ် 
နဲနဲ ကြာတော့ ကျွန်တော်လည်း အစိမ်းပုပ်ကြီးဖြစ်သွားတယ် ... 
အဲ ...  လူတွေတော့ ကြိုက်ကြတယ် ...

လူတွေက အရောင်တွေကိုကြိုက်တယ် ... 

ကျွန်တော်လည်း  အရောင်တွေ ထပ်တင်တယ် ....
လူတွေနဲ့ ပေါင်းသင်းတယ် ...

ပြီးတော့ အရောင်တွေကို မုန်းတယ် ... 





မင်းနေဝေး
Saturday, July 26, 2014 0 comments By: မင်းနေဝေး

ကျွန်တော်နဲ့ နှင်းဆီငယ်

ကျွန်တော်ဟာ ပြိုကျဖို့ အသင့်ဖြစ်နေတဲ့ ရေတံခွန် တစ်စင်းပါ .....
သူမရဲ့ နှင်းဆီ လေးတွေ ပွင့်ထွက်ချိန်မှာ 
ရနံ့ကို ရူးသွပ်စွာ လိုက်ရှာနေတဲ့ ပျားတစ်ကောင်ဘ၀မှာ နေချင်သူ
ခပ်အအ ပျားတစ်ကောင်ပေါ့ ....

နေထွက်ရာအရပ်ကိုမျက်နှာမူပါ ကောင်မလေးရေ
ကောင်းခြင်းမင်္ဂလာဆိုတာကို ယူဆောင်ပေးပါ
အရှေ့အရပ်မှာ စောင့်နေပါရစေ ....

ပြီးတော့  တို့နှစ်ယောက်အတူ လက်နှစ်ဘက်ဆန့်တန်း
မိုးသားကိုမျက်နှာမူလို့
ကောင်းကင်ထဲမှာ တိမ်ကကြိုးကို ခံစားကြည့်ရအောင် .....

လွတ်လပ်ပါစေ နှုတ်ခမ်းတို့ရေ
ညီညွတ်ခြင်းတွေ ပျံဝဲကြပါစေ
ချိုမြိန်ခြင်းတွေ ဆွတ်ဖြန်းကြပါစေ
ဒါ ... အတ္တဆန်တဲ့ ဖြစ်ရပ်တစ်ခုပဲလေ .... ချိုမြိန်တဲ့ အတ္တပေါ့ ...

မနက်ခင်းဆီမှာ အယူခံလွှာတင်ခဲ့ပါ ကောင်မလေးရေ
ကမ္ဘာကြီးကိုတော့ အားနာပါတယ်
ကျွန်တော်တစ်ယောက်တည်းအတွက် လှပစေခဲ့ချင်လို့
သူမကို သိမ်းပိုက်ပါရစေ ....
ခပ်တိုတိုပြောရင် ( ... ... ... ... ... ... ... ... ... )

ဘောင်သေချာခတ်ပါရစေ ...
သူမရဲ့နှုတ်ခမ်းတွေခြွေချပြနေတုန်း
ကျွန်တော့ ရင်ခုန်သံတွေ အထိမ်းအကွတ် မမဲ့ဖို့ပေါ့ ....

တောင်းပန်ပါတယ် လောကကြီးရယ်
ကျွန်တော် ခင်ဗျားကို မေ့သွားခဲ့လို့ .....

အစားထိုးပေးဆပ်ခြင်းအနေနဲ့ သူမရဲ့ ရင်ခုန်သံမှာ
ကျွန်တော် .....  ကျွန်တော်လေ ...

ကျွန်တော်ဟာ ပြိုကျဖို့ အသင့်ဖြစ်နေတဲ့ ရေတံခွန် တစ်စင်းပါ .....







မင်းနေဝေး 
Friday, May 9, 2014 0 comments By: မင်းနေဝေး

ချစ်ခြင်းကိုတိုင်တည်

တစ်ခါတစ်ရံ
မကျေနက်ခြင်းတွေ အထွေထွေနဲ့
စိတ်တွေကို တုတ်နှောင်ထားလိုက်တာ
ဘ၀ ထဲက လူဆိုတာတောင် မေ့လို့
စက်ရုပ်သာသာ  .....

တစ်ရက် လာ တစ်ရက်သွား
နေ့စွဲတွေ လတွေ မှတ်
ခေါင်းမှာ တိုးထွက်လာတဲ့ ဆံဖြူ အတွက်
အဖြေက ဘယ်မှာ ....

ဒေါသတွေ ထွက်လာတာလား
မောဟတွေ ပြိုဆင်းတာလား
လူတစ်ကိုယ်လုံး အရေရွဲ့ဆင်းလာတာ
သောက သောက  သောက   ......

တကယ်ဖြေဖြောက်ခြင်းက တရား
အမှားများခဲ့တဲ့ ဘ၀အတွက်
သက်သေက တစ်ခုပဲ
နောင်တမဲ့ ချစ်ခဲ့ခြင်း  .....

ချစ်ခြင်းမှာ  အပြစ်ကင်းရပါစေ ......






မင်းနေဝေး