ကျွန်တော်ဟာ ပြိုကျဖို့ အသင့်ဖြစ်နေတဲ့ ရေတံခွန် တစ်စင်းပါ .....
သူမရဲ့ နှင်းဆီ လေးတွေ ပွင့်ထွက်ချိန်မှာ
ရနံ့ကို ရူးသွပ်စွာ လိုက်ရှာနေတဲ့ ပျားတစ်ကောင်ဘ၀မှာ နေချင်သူ
ခပ်အအ ပျားတစ်ကောင်ပေါ့ ....
နေထွက်ရာအရပ်ကိုမျက်နှာမူပါ ကောင်မလေးရေ
ကောင်းခြင်းမင်္ဂလာဆိုတာကို ယူဆောင်ပေးပါ
အရှေ့အရပ်မှာ စောင့်နေပါရစေ ....
ပြီးတော့ တို့နှစ်ယောက်အတူ လက်နှစ်ဘက်ဆန့်တန်း
မိုးသားကိုမျက်နှာမူလို့
ကောင်းကင်ထဲမှာ တိမ်ကကြိုးကို ခံစားကြည့်ရအောင် .....
လွတ်လပ်ပါစေ နှုတ်ခမ်းတို့ရေ
ညီညွတ်ခြင်းတွေ ပျံဝဲကြပါစေ
ချိုမြိန်ခြင်းတွေ ဆွတ်ဖြန်းကြပါစေ
ဒါ ... အတ္တဆန်တဲ့ ဖြစ်ရပ်တစ်ခုပဲလေ .... ချိုမြိန်တဲ့ အတ္တပေါ့ ...
မနက်ခင်းဆီမှာ အယူခံလွှာတင်ခဲ့ပါ ကောင်မလေးရေ
ကမ္ဘာကြီးကိုတော့ အားနာပါတယ်
ကျွန်တော်တစ်ယောက်တည်းအတွက် လှပစေခဲ့ချင်လို့
သူမကို သိမ်းပိုက်ပါရစေ ....
ခပ်တိုတိုပြောရင် ( ... ... ... ... ... ... ... ... ... )
ဘောင်သေချာခတ်ပါရစေ ...
သူမရဲ့နှုတ်ခမ်းတွေခြွေချပြနေတုန်း
ကျွန်တော့ ရင်ခုန်သံတွေ အထိမ်းအကွတ် မမဲ့ဖို့ပေါ့ ....
တောင်းပန်ပါတယ် လောကကြီးရယ်
ကျွန်တော် ခင်ဗျားကို မေ့သွားခဲ့လို့ .....
အစားထိုးပေးဆပ်ခြင်းအနေနဲ့ သူမရဲ့ ရင်ခုန်သံမှာ
ကျွန်တော် ..... ကျွန်တော်လေ ...
ကျွန်တော်ဟာ ပြိုကျဖို့ အသင့်ဖြစ်နေတဲ့ ရေတံခွန် တစ်စင်းပါ .....
မင်းနေဝေး
နေထွက်ရာအရပ်ကိုမျက်နှာမူပါ ကော
ကောင်းခြင်းမင်္ဂလာဆိုတာကို ယူဆောင်ပေးပါ
အရှေ့အရပ်မှာ စောင့်နေပါရစေ ....
ပြီးတော့ တို့နှစ်ယောက်အတူ လက်နှစ်ဘက်ဆန့်တန်း
မိုးသားကိုမျက်နှာမူလို့
ကောင်းကင်ထဲမှာ တိမ်ကကြိုးကို ခံစားကြည့်ရအောင် .....

ညီညွတ်ခြင်းတွေ ပျံဝဲကြပါစေ
ချိုမြိန်ခြင်းတွေ ဆွတ်ဖြန်းကြပါစေ
ဒါ ... အတ္တဆန်တဲ့ ဖြစ်ရပ်တစ်ခုပဲလေ .... ချိုမြိန်တဲ့ အတ္တပေါ့ ...
မနက်ခင်းဆီမှာ အယူခံလွှာတင်ခဲ့ပါ ကောင်မလေးရေ
ကမ္ဘာကြီးကိုတော့ အားနာပါတယ်
ကျွန်တော်တစ်ယောက်တည်းအတွက် လှပစေခဲ့ချင်လို့
သူမကို သိမ်းပိုက်ပါရစေ ....
ခပ်တိုတိုပြောရင် ( ... ... ... ... ... ... ... ... ... )
ဘောင်သေချာခတ်ပါရစေ ...
သူမရဲ့နှုတ်ခမ်းတွေခြွေချပြနေတုန
ကျွန်တော့ ရင်ခုန်သံတွေ အထိမ်းအကွတ် မမဲ့ဖို့ပေါ့ ....
တောင်းပန်ပါတယ် လောကကြီးရယ်
ကျွန်တော် ခင်ဗျားကို မေ့သွားခဲ့လို့ .....
အစားထိုးပေးဆပ်ခြင်းအနေနဲ့ သူမရဲ့ ရင်ခုန်သံမှာ
ကျွန်တော် ..... ကျွန်တော်လေ ...
ကျွန်တော်ဟာ ပြိုကျဖို့ အသင့်ဖြစ်နေတဲ့ ရေတံခွန် တစ်စင်းပါ .....
မင်းနေဝေး
0 comments:
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....