Saturday, July 11, 2015 By: မင်းနေဝေး

အသစ်

အပိုဒ် (၁)

စိတ်ကစဥ့်ကလျားနဲ့
ခါးသက်သက်အရည်တွေ မျိုခဲ့တာ
ရင်ခွင်တစ်ခုလုံး မီးတောက်မတတ် .....

ရင်ထဲကအပူအတွက်
ငြိမ်းလေမလား သတ်ခဲ့တာ
ပင်လယ်ပြင်တစ်ခုလုံး ခမ်းခြောက်ခဲ့
အပြစ်တွေ  အချစ်တွေ  .....

ရူးခဲ့တယ် ဆိုတုန်းကလို
လမ်းတွေထက် လျောက်သွား
နှင်းသံတွေ ကြားတိုင်း  အေးခဲ့တာ
မေ့လေရော့သလား   သက္ကရာဇ်သူ ....

နာရီတွေ ချောက်ချက်
တဖျက်ဖျက်နဲ့ လာနေတဲ့ ခြေသံတိုင်း
ပြက္ခဒိန်တွေ လှန်နေမိတာ
ဦးနှောက်ပျက်မှန်းမသိ ပျက်လို့ .....

ဒီကောင် တစ်ယောက်ထဲ
သွေးရူးသွေးတန်း အော်ဟစ်
အဲ့ဒီ သက္ကရာဇ်တွေ ပြန်ပေးလို့
ခါတော်မှီ ငိုချင်းတွေ  အလီလီ ဆိုခဲ့ ....
တမ်းခြင်းတွေ ရွတ်ခဲ့ .... လွမ်းခြင်းတွေ သီခဲ့ .....

ဖြတ်ကနဲ့  အကွေ့
ကံကြမ္မာ ပေးတွေ့လိုက်တာက
အဲ့ဒီ အဆုံးမရှိ နောင်တတွေ
ကျွန်တော်  တစ်ခုခု ရခဲ့ပါတယ်လေ .....

ခု ... ပန်းတွေ ဝေနေတယ်
မျက်ရည်တွေ မခမ်းပါစေနဲ့လေ






မင်းနေဝေး 

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....