Friday, February 20, 2009 By: မင်းနေဝေး

နံနက်ခင်းသို့  .......

ငါ့ရဲ့  မနက်ခင်းလေးရေ
မင်းရောက်လာဖို့ အတွက်
ညတွေထဲကို ငါခုန်ဆင်း
လမင်းနဲ့  မှတ်တမ်းတွေ ရေးနေတာပါ ....

ကြယ်တွေ အကြောင်း
ဂြိုလ်တွေ အကြောင်း
အင်း ... တကယ်တော့ ..
မင်းအကြောင်းတွေကိုပဲ ရေးမိနေတာပါ ....

ထားပါလေ ..
မင်းရောက်လာမှပဲ
ငါ့ ကို နှိုးလိုက်ပါတော့  .....

မိုးညတွေကို နှုတ်ဆက်ပြီး
ငါ ကဗျာတစ်ပုဒ်ရေးစပ်ချင်လို့ ပါ .....
တကယ်ပါ .. ငါ့ကဗျာတွေ ညဥ့်နက်နေတာကြာပြီလေ .....

2 comments:

ရှမ်းမလေး said...

အင်း... ကြိုက်လို့... :)

. said...

မနက် တခုရောက်ဖို့ အမှာင်အောက်ကနေစောင့် ရတာ..

............... အင်းဗျာ.......
မနက်မရောက်တာပဲ ကောင်းပါတယ်... တခါတလေ..
တသက်လုံးအတွက် မျက်းလုံးမှိတ် အိပ်စက်လိုက်ချင်တယ်..ဗျာ.........

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....