Friday, February 6, 2009 By: မင်းနေဝေး

နှလုံးသားငိုကြွေးသံ

ရူးမိုက်အောင်ချစ်ခဲ့မိလို့ 
နှလုံးသားကို စူး (ဆူး) စိုက်ခဲ့တာလား ..

ငါ့ရင်ခွင်တံခါးမှာ
အမှတ်အသားထင်ထင်ရှိခဲ့ပြီးမှ
ဘာလို့ များချန်ထားရစ်ခဲ့တာလဲ ..

လမ်းခွဲမယ်ဆိုရင်တောင်မှ
ကျောခြင်းကပ်ခွင့်ရှိပါသေးတယ်
အခုတော့ ..
မင်း လုပ်ရက်လိုက်တာက
အကြောင်းပြချက်မဲ့ နောက်တစ်ယောက်နဲ့ 
ထွက်သွားရက်တယ် ...

ငါ့အသားကို ဓါးထက်ထက်နဲ့ 
ပါးပါးချင်း လှပ်ရင်တောင်မှ
နှလုံးသားကို ခါးသက်သက်
ဆက်ဆံခံရတာလောက်
နာကျင်မယ်မထင်ဘူး ....

ချစ်သူရယ် ..
မျှော်လင့်ချက်ကို
အရောင်တွေ အထပ်ထပ်ဆိုးပြီးကာမှ
အဖြူထည်သက်သက်
ငါအမြဲ လွမ်းနေရတော့မှာလား ...

ရှိပါစေလေ
ကိုယ်ပိုင်ခံစားချက်နဲ့ 
အလွမ်းကိုမိတ္တူကူးပြီး
ငါ့နှးသားပြတိုက်မှာ ... မင်းကို ...
ထာဝရ သိမ်းထားလိုက်တော့မယ် ......


(တောင်းပန်ခြင်း ... ဆိုဒ်တစ်ခုမှာတင်ဘူးတယ် .. စုစုစည်းစည်းရှိချင်လို့ ပြန်တင်တာပါ .. နားလည်ပေးကြပါ .. )

3 comments:

ရှမ်းမလေး said...

ဘာလို့လဲမသိဘူး အပုဒ်တိုင်းလိုလို အောက်ဆုံးအပိုဒ်တွေ ကြိုက်တယ်တော့ :P

ရှမ်းမလေး said...

ဟီး ဟီး အောက်ဆုံးအပေါ်က အပိုဒ်လည်း ကြိုက်တယ်လို့ ...........မေ့လို့... :P

. said...

ဒါလေးတော်တော်မိုက်တယ်... ကြိုက်တယ်အရမ်းကို..

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....