ကဗျာတွေကို ရူးသွတ်တတ်သူ တစ်ယောက်သာ
> >>> မိုးမိနေတဲ့ နွေ >>
အနေခက်တယ်
နေရက်သူရယ် ......
နွေတစ်ရက်ပေမယ့်
အကြွေခက် လွမ်းသူက
ဒီရင်ခွင် အပူကို
ရေတစ်စက်နဲ့ ... ငြိမ်းချင်နေ...
ဝေသထက်ဝေ
ဒီအလွမ်းပန်းတွေလေ
နွေမျက်နှာတစ်ခုလုံး
အခက်အလက်တွေ .. စိမ်းစိုစေ ......
ကြွေမတတ် လေ
နင် မရှိ လေတော့လည်း
အဖြေခက်နေတာ
နေတက် ရေတက်လေ .....
ဖြေလွမ်း ဘယ်မသိ
ဒီနွေတစ်ခန်းပြီးရင်
ဒီအခြေ ဒီအနေနဲ့
အလွမ်းမိုးဆွေရအုံးမယ်လေ .....
သြော် .....
လေတစ်ချက်ပေမယ့်
မဖြေတတ်လွမ်းသူက
မနေတတ်မှန်းသူမို့
အသည်း ကျွမ်းမည့် သူပါလေ .......
ကာရံရေးကြည့်တာ :P
တရံရောအခါက သူငယ်ချင်းသို့ ..........
နောင်အနာဂါတ်ဆိုတာမှာ နေရာတစ်ခုပေးထားပြီး ဘ၀ရဲ့လျှောက်လှမ်းဖေါ်(ဆိုလိုတာ လက်တွဲဖေါ်မဟုတ်ဘူးနော် ) အဖြစ် အတွေးထဲမှာ မြင်ယောင်ခဲ့ဖူးတာပါ .... အဲ့ဒီခံစားချက်တွေကို အမြတ်တနိုးတန်ဘိုးထားပြီး ဒီနေ့ ဒီအချိန်ထိ မှတ်မှတ်ရရ ရွတ်ဆိုနေမိတာ ...... ကျွန်တော်မှားသလား ......
ဒီကမ္ဘာရဲ့တစ်နေရာမှာ ခံစားချက်တိုက်ဆိုင်တဲ့ လူနှစ်ဦး အတူရှိနေခွင့်ဆိုတာ မလွယ်ကူပေမယ့် တစ်နေရာစီက လူနှစ်ဦးကတော့ စိတ်ချင်းတော့လည်း ထပ်တူကျနိုင်ပါရဲ့လို့ ခံယူချက်တစ်ခု ....
ရူးရူးမူးမူး မဟုတ်ပေမယ့် ဦးတည်ချက်တစ်ခုထားခဲ့မိပါတယ် ... မျက်ဝန်းနှစ်ခုဆုံနိုင်ဖို့ပေါ့ ....
ခုတော့လည်း ရှည်ရှည်ဝေးဝေး မစဉ်းစားရပါဘူး .. အများသူငါလို လျှောက်ပြန်သံပေးနဲ့ အဲ့ဒီအတိတ်တွေက ရိုင်းခဲ့သလိုပဲ .... ကျွန်တော်ဆိုတဲ့ ကျွန်တော်တောင် လေလှိုင်းထဲက သစ်ရွက်ငယ် တစ်ရွက် ....
မျက်နှာငယ်ငယ်နဲ့ အမြဲခေါင်းငုံ့နေခဲ့တာပဲ ... သန့်စင်တဲ့ ချစ်ခြင်းကို ၁၅၀၀ မကင်းဘူးလို့များ ထင်မှတ် နေသလား ... မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်တဲ့ ဒီအတ္တတွေမှာ ခံစားချက်ခြင်းတိုက်ဆိုင်တယ် ဆိုတာ .... လွမ်းမိရပါလား ...
ရင်ခုန်သံထပ်တူကျခဲ့တာ မဟုတ်ပါဘူး .. ဒီလမ်းကို အတူလျှောက်လှမ်းချင်ခဲ့တာပါ .. ဒီကမ်းမှာပဲ ရှိနေတဲ့ သူတွေလိုထင်မှတ်ခဲ့တာအတွက်တော့ ... ငါ ..... စိတ်မကောင်းဘူး ....
လှမ်းနေမိတဲ့ ခြေလှမ်းတွေကို ရုတ်သိမ်းပါတယ်လေ ... မတူမတန် မျှော်မှန်းမိတယ်လို့ပဲ သဘောထားလိုက်ပါ ... ပင်မြင့်စံတဲ့ပန်းက လယ်သူမတစ်ယောက်ရဲ့ ဆံထက်မှာ မရှိခဲ့သလိုပေါ့ ....
နင့်အတွက်တော့ငါဟာ နင်သွားနေတဲ့လမ်းလောက် မချောမွှေ့တဲ့ ဆက်ဆံရေးရှိတဲ့လူပါ .....
လက်နှစ်ဖက်ရှိမှ လက်ခုပ်သံထွက်နိုင်တာပါ .... အောက်ခြေက ငါ့အတွက် အဲ့ဒီအတိတ်တွေရိုင်းခဲ့ဘူးတာ ကိုပဲ စိတ်မခိုင်တစ်ခိုင်နဲ့ လွမ်းနေမိမှာတော့ အမှန်ပါပဲလေ ......
တောင်းပန်ခြင်း ....
လင်ခ့် ခွင့်တောင်းထားတာလေးတွေပါ ......
ကျွန်တော်က သွားတတ်တဲ့ နေရာလေးတွေကို လင်ခ့်ထားမိတယ် ....
ခွင့်မတောင်းပဲပေါ့ ...
အဲဒါ ခွင့်ပြုကြပါလို့ ... :D .... သဘောမကျရင်လည်း ပြောကြပါ ကျွန်တော် ပြန်ဖြုတ်ပေးပါ့မယ်. ...
အားလုံးပဲ လင်ခ့်မိတဲ့ blogger များကို အနူးအညွတ် တောင်းပန်ပါတယ်နော် ....
>>> ကျူးခွင့်မသာတဲ့ ငါ့ဂီတ <<<
မျက်နှာမသစ်ရသေးသလို
အိပ်မှုံစုံမွှားနဲ့ ... အရာရာဟာ ၀ါးတားတားနိုင်နေတယ် .....
ကန်တစ်ခုဖြစ်ခဲ့ပြီးမှ ရေမရှိရတာ
အသက်ကင်းမဲ့နေတဲ့ လူသေလို
အေးစက်စက်နဲ့
နေထိုင်ခြင်းက အိမ်ယာမဲ့နေတယ် .....
စိတ်ခံစားချက်တွေကို
ဂုတ်ဆွဲပြီး ခေါ်လာခဲ့တာပဲ
ယက်ကန်ယက်ကန်နဲ့ အကြိမ်ကြိမ်ကျကွဲနေတယ်
အဲ့ဒီ စိတ်ကြည့်မှန်က
ဘ၀လည်း အလီလီကူးခဲ့ပြီးပြီ ......
ကဲ ဘာမှားနေတာလည်း ..
လမ်းမှန် ကမ်းမှန်ပါပဲ
ဒါပေမယ့် ....
ဆိုတာတစ်ခြား သံစဉ်တစ်ခြားနဲ့
ငါလည်း .. ဒီစင်ပေါ်ကနေ
အကြိမ်ကြိမ်ငြင်းပယ်ခြင်းနဲ့ .. ကာရံမဲ့နေရပါလား .....
...... စိတ် ..... တစ်ခွက်
ချိုရီ ယစ်မူးတဲ့ဝိုင်ချိုတစ်ခွက်
အဆိပ်သင့် အပြုံးတွေနဲ့
ငါ့နှလုံးသားကို ထွက်ပေါက်မရှိအောင်ဖမ်းစား
မင်း … ပဉ္စလက်များ တတ်နေသလား …..
အဲ့ဒီ မာယာအချစ်တောထဲက
နောက်လှည့်မကြည့်ကြေး ကျောခိုင်းခဲ့ပေမယ့်
ငါ .. လျှောက်လှမ်းမိတာကိုက
ရင်ခုန်စူးနဲ့ခင်းတဲ့ .. နေမင်းသမီးရဲ့ ပြေးလမ်းပေါ်မှာ …..
အကြိမ်ကြိမ်ဆန့်ကျင်ခဲ့တာပဲ
ဒီရက်စွဲတွေကို ….
နင် လောင်ကျွမ်းစေလို့ ပြာကျနေတဲ့ နှစ်လုံးသားတစ်စုံနဲ့
ငါတစ်ယောက်တည်း .. မျက်ရည်စက်လက် ….
မိုးတွေရွာနေပြီ နတ်သမီးလေးရေ …
မတုန့်ပြန်ပါပဲ စုတ်ပြတ်ကုန်တဲ့ ငါ့ ရင်ခွင်အတွက်
အရည်ပျော်ပျောက်ကွယ်ဖို့ အက်ဆစ်တစ်စက်
အနူးအညွတ်တောင်းဆိုပါရစေ ….
မာန်နတ်ရဲ့သမီးပျိုရေ …
အချစ်ကို အဂတိလိုက်စားနေတဲ့ … ငါ ဆိုတဲ့ .. ငရဲသားက
နင့်နှုတ်ခမ်းနီခဲ့မယ်ဆို
အသွေးအသားနဲ့နှင်းဆက် .. အမြဲ ခေါင်းငြိမ့်ချင်နေခဲ့တာ …
လည်ပတ်နေတဲ့သွေး
နင်လိုရင် အကုန်ဖေါက်ထုတ် …
နင့်ကို ချစ်တဲ့ နှလုံးသားတစ်ခုနဲ့ အသက်ရှင်နေထိုင်မယ် ….
မလိုအပ်တော့တဲ့ ဦးနှောက်ကို သောင်ပြင်မှာ ချထား …
ကျီးထိုးထိုး ခွေးစားစားပေါ့ …..
အဆုံးစွန်ထိပေါက်ကွဲတော့မယ့် ငါ့ .. နှလုံးသားကို
ဟောဒီ့ ကမ္ဘာ ဆုံးခန်း မတိုင်မီ
အရှင်လတ်လတ်ကားစင်တင်ပြီး
နင့်လက်နဲ့သာ ခွဲထုတ်ယူထားလိုက်ပါတော့ .. ချစ်သူ ..
ဝန်ခံချက် ... ခုတစ်လော ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ နဲ့ ပျင်းရိခြင်းနဲ့ ကျေနပ်နေတာ .. :P
မ၀င်ဖြစ်တာ တော်တော်ကြာသွားပြီ .... တောင်းပန်ပါတယ် .....
>>'' မမှီတဲ့ပန်း "<<
ဒီပန်းတွေ အကုန် ပွင့်လန်းပါရဲ့
နွမ်းချင်တဲ့ ဒီစိတ်တွေ
အလွမ်းတွေ ကြောင့်များလာ ... ကောင်မလေးရေ .....
ကမ်းကုန်အောင် မလျှောက်လှမ်းရပေမယ့်
လမ်းကုန်အောင်တော့
ငါ ... လှမ်းလာပါ့မယ် .....
လမ်းကြုံပါလာတဲ့ ဒီအချစ်တွေကတော့
မင်း တစ်ယောက်အတွက်
သီးသန့်တဲ့လေ ......
ဒါပေမယ့်လည်းလေ ...
ခြေလှမ်းတိုင်း လေးလံ
လမ်းကုန်ရင်တောင် နင်ရှိတဲ့အရပ်က
ငါ့အတွက် ....
လှမ်းမမြင်နိုင်တဲ့ ကျွန်းရယ်တဲ့လေ .....
လွမ်းချင်သလိုသာ လွမ်းခွင့်ပြုပါတော့
နှုတ်ခမ်းညီ ပြုံးခဲ့ပေမယ့်
ဒီလမ်းတွေ ... ဒီလမ်းတွေက
ပန်းတွေ ခင်းခဲ့တာမှ မဟုတ်တာပဲ .....
ပန်းတစ်ပွင့်လေ
ဒီရင်ခွင်မှာ ဖူးပွင့်ခဲ့ပေမယ့်
နမ်းခဲ့ဖူးတဲ့ အနမ်းတွေက
လေထဲမှာပဲ လွင့်ပါးပျောက်ကွယ် ...
ငါလည်းလေ ...
မချစ်ခင်က လွမ်းနေသလိုပါပဲ
.. ကောင်မလေးရယ် .....
မစလိုက်ရတဲ့လမ်းဆုံး
ကမ်းမိတဲ့ ဒီလက်တွေ
...
အခုတော့လည်း ...
လျှောက်ခဲ့မိတဲ့ လမ်းတွေ
နောက်ပြန်လှည့်ကြည့်တော့ မှုန်ဝါးဝါးနဲ့ ..
ဟိုးအဝေးမှာ ..
ကျန်ခဲ့တဲ့လူ
ဘယ်သူများပါလိမ့် .......
(ဖြစ်ရပ်မှန်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ)