Wednesday, December 23, 2009 0 comments By: မင်းနေဝေး

မ၀ံ့မရဲ

အနားသတ်မလှခဲ့လို့
ပါးလျှပ်လျှပ်ပဲ ဆက်ဆံခဲ့တာလား
အသနားခံ ခက်တဲ့ငါကတော့
နားမလည်မှုနဲ့အဆုံးမှာ
လေလွင့် သွားတဲ့ ရော်ဝါတစ်ရွက်
အရာရာဟာ ခြောက်သွေ့ လျှက်ပဲပေါ့ ….

မသေချာဘူး … သေချာတယ်
ဒီနှစ်လမ်းသွားက ရင်ကိုနာစေတယ်
မုန်တိုင်းဆိုရင်လည်း လေငြိမ်မယ်
ခုတော့ လေပြည်ညှင်းတယ်
ရင်ခွင်ရိုင်းတယ် .. ကြာရင်ငါရူးတော့မယ် ….

မစဉ်းစားပါနဲ့တော့
အရာရာက အောက်ခြေမှာ …
မြေမှုန်မကင်းဘူး … သဲလည်းမစင်ဘူး …
နှလုံးသားသန့်စင်တယ် ရင်ခုန်ခဲ့တယ်ဆိုရင်
မနက်ဖြန်က ကြည်လင်စွာရောက်ရှိလာမှာပဲလေ ….

ခုတော့ ..
မှုန်မှိုင်းနေတာက တိမ်ကင်းပါလျှက်နဲ့
မိုးစွေချင်တယ် …..

ငါလည်းလေ
မချင့်မရဲနဲ့လျှောက်လှမ်းမိနေတာ
ခု လမ်းဆုံးရောက်ပြီ … နောင်တမဲ့ …..

မတွေးတော့ပါဘူး ..
ယိုင်နဲ့နေတဲ့ နှလုံးသားအတွက်
ဘယ်မလည်းခိုင်မြဲခြင်း ….
ရှိခဲ့တယ်ဆိုရင်တောင်
ငါလို အချစ်မှာ ရူးသွပ်မိသူအတွက်
အရောက်နောက်ကျလွန်းနေတယ် …..
Friday, December 4, 2009 1 comments By: မင်းနေဝေး

ကျွန်တော်ရေးတဲ့ ကျွန်တော့ အကြောင်း

တစ်နှစ်ပြီးတစ်နှစ်သာ ကျော်လွန်လာတယ် ငါ့ဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းမသွားပေမယ့် .. ...
ငါ လူကောင်းတစ်ယောက်မဟုတ်ဘူး ... အရာရာကို ခွင့်လွှတ်နားလည်နိုင်သူမဟုတ်ဘူး ... ငါ့စိတ်တွေမှာ မနာလိုစိတ် ...
ဝန်တိုစိတ် .. လိုချင်မှုအတ္တတွေ အများကြီးပြည့်နှက်နေတယ် .... ဘာကြောင့်လည်း အဲ့စိတ်တွေက ထွက်ချင်တိုင်းထွက်မရ ..
လုပ်ချင်တိုင်းလုပ်မရ ... အရေခြုံ ထားနေရတယ် ... လူလူချင်းပေါင်းကြတာ ဘာကြောင့် အရေတွေခြုံထားရတာလည်း ...
ကိုယ်တိုင် လုပ်ဆောင်နေပြီး အဖြေမပေးနိုင်တဲ့ ဘ၀ ..... အမှန်တစ်ကယ် လုပ်ပြနိုင်တာ ဘာရှိလည်း ... ရင်ထဲက ခံစားချက်တိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဖုံးကွယ် အမှန်တစ်ရားကို မြင်မှာကြောက်နေတယ် .. တစ်ခါတစ်လေ ကိုယ်တိုင်သိနေ လည်း ရင်ဆိုင်ရမှာကြောက်ပြီး အမှန်တစ်ရားကို မျက်ကွယ်ပြုပြီး မချိပြုံးပြနေရတယ် .... အကြောင်းပြချက်မဲ့ ......
တစ်မျိုးတော့ ဆန်းနေတယ် .. ဒီစာကိုရေးရတာ ... ထားပါ . အရေးမကြီးပါဘူး ...
လူဆိုတာ ကိုယ့်အကြောင်းကိုယ်မှ ဇါတ်လမ်းလို့ထင်တတ်ကြတယ် ... ကျွန်တော်ကတော့ ထင်ကိုထင်နေတာ .. အဲ့တာကြောင့် လည်း လူတစ်ကာထက်အမှားပိုများတယ် ... လူတစ်ကာထက် မဟုတ်တာတွေ ပိုလုပ်တယ် .... ...
အဲ့လိုလူတစ်ယောက်မှာလည်း သူ့ကိုခင်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိမှာပေါ့ ....... အရေးကြီးတာ အဲ့တာ ...
အဲ့လို တကယ်ခင်လို့ သံယောဇဉ်ရှိလို့ ခင်မင်လာတဲ့ သူငယ်ချင်းတွေ အပေါ်မှာတောင် ကောင်းတဲ့ဘူမဟုတ်ဘူး ကျွန်တော်က .. ကိုယ့်အရေးပဲ အလေးထားပြီးနေတတ်တယ် ... ကျန်တဲ့ အရေးခေါင်းထဲမထည့် ... မစဉ်းစားမိဘူး .. အဲ့ဒီအချိန်မှာ အမှားဆိုတာတွေက အပေါင်းအသင်းနဲ့ ရောက်လာတာပေါ့ ... ဖြစ်လေ့ရှိတဲ့ သဘာဝအတိုင်း ... အဲ့လို ဖြစ်လာတော့ သူ့မှာ အခက်အခဲရှိမရှိမစဉ်းစားတော့ဘူး ကိုယ့် အခက်အခဲကိုပဲပြောပြနေချင်တာ ... နားထောင်မယ့်လူမရှိ
ကိုယ့်အလုပ်ကိုယ်လုပ်နေကြရင် ကျွန်တော်အတွေးမှားပါတယ် .... အဲ့လိုဖြစ်တတ်လွန်းလို့လည်း အားနာလာတယ် .... သူငယ်ချင်းတွေကို ... ပြောပြချင်ပါတယ် ..
ကျွန်တော် လူကောင်းမဟုတ်ပါ .... လမ်းတွေ့ရင် ရှောင်ပါ ... ဒီလိုရေးရတာထက် တစ်ယောက်ယောက်ကို ပြောပြချင်တာပါ .... ရင်ဖွင့်ချင်တာပေါ့ ... ပြောချင်တာတွေကို ... ကိုယ်တိုင်က ကောင်းတဲ့ဘူမဟုတ်တော့လည်း ....
ိကိုယ်ပိုင်တယ်ထင်တဲ့ ဒီ blog မှာပဲ လာရေးထားမိတယ် ..... ဖတ်မိတဲ့သူငယ်ချင်းတွေလည်း ရှိမှာပါ .....
ဒီနေရာကနေပဲတောင်းပန်ပါတယ် ....
သူငယ်ချင်းတို့ရဲ့ သူငယ်ချင်း ဒီစာကိုရေးတဲ့သူသည် စာနာတွေးတောတတ်သူမဟုတ်ပါ ... တွေ့ရှောင် ပတ်ပြေးကြပါလို့ ... သတိပေးပါတယ် .....

တွေးမိတွေးရာ

တိတ်ဆိပ်ခြင်း
နေရာတစ်ကာတိုင်း မကောင်းတဲ့
ငါ့စိတ်ကူးနဲ့
အဲ့ဒီ တိတ်ဆိပ်ခြင်း ... ထပ်တူကျနေတာကောင်းတယ် ...

သိုသိပ် မြိုသိပ်နေမယ်
ရင်ခုံခြင်းအတွက် ဆို့နင့်လို့
ဒီမျက်ရည်အတွက် ..... ဘယ်မလည်း နားလည်ပေးသူ ...

ကံနဲ့ ငါ သဘောမတူသ၍တော့
နေနှင့်အုံးပေါ့ ချစ်ခြင်းရယ် ...
အဆုံးစွန်ထိ ခံစားတတ်ခြင်းသာ ငါ့အတွက်အဖေါ်
နေထိုင်မယ်လေ သံယောဇဉ်မဲ့ ... ချစ်ခြင်းတစ်ခုအတွက်ပေါ့ ....

အသံတွေ ဆိပ်သုန်းတယ်
ဒီပါတ်ဝန်းကျင်မှာ ငါဟာ ငါနဲ့ အဆင်မပြေချင်ဘူး
တစ်ယောက်ယောက်တော့ သိဘို့လိုမယ်
ငါဆိုတာ အရင်လူမဟုတ်ဘူး နောက်လူမဟုတ်ဘူးဆိုတာ ...

တစ်လောကလုံး
စကားတွေပြောနေကြတယ် ...
ငါနဲ့ငါသာ ချစ်ခြင်းအကြောင်းတွေးရင်း
ချစ်ခဲ့ခြင်းမှာ မျှောလွင့် ... ကံတရားနဲ့ အဆင်ပြေချင်နေတယ် ....

သြော ... မနက်ခင်းကျရင်
နှင်းတစ်ပွင့်တော့ စိုစွတ်ချင်ပါရဲ့ ...
အတွေးတိုင်းလည်း စိုးရိမ်စိတ်နဲ့
စဉ်းစားတိုင်းလည်း ကြောက်ရွံ့မှုနဲ့
အချိန်တိုင်းလည်း ချစ်ခဲ့ခြင်းနဲ့
နင် နင်းမယ့်လမ်းမှာတော့ ချစ်ခြင်းတစ်ခုနဲ့သာ ပြည်စုံချင်တော့တယ် ....