Tuesday, May 26, 2009 1 comments By: မင်းနေဝေး

ပေးဆပ်ချင်သူ

နှင်းဆီတစ်ခင်းပါ
ရင်ခုန်သံနဲ့ စိုက်ပျိုးထားတာ
အချစ်ပွင့်တွေ ... ယူ ....

လေသင့်ရာပါတဲ့
ဝတ်မှုန်
နင်ကလေ ...စိတ်ကို လွင့်ပါစေ သူ ....

မသွေတဲ့သစ္စာ
ငါကလေ
နေရာတကာမှာ
နင်မပါရင် .. အဓိပ္ပါယ်မဲ့ လူ....

စိတ်ကိုယူ
..နှလုံးသားကိုယူ
...အချစ်ကိုယူ
....ဘ၀ကိုယူ
ငါကလေ .. အဆုံးမဲ့ပေးဆပ်ချင်သူ ....

နှင်းဆီတစ်ခင်းနဲ့
ပန်းသက်ကြွေစေတဲ့ ကောင်မလေးရေ
နင်ပဲဆုံးဖြတ်
ချစ်ခဲ့တော် မူ ...
Tuesday, May 5, 2009 1 comments By: မင်းနေဝေး

အချစ်စိတ် ဟူသည် ....

လိုအပ်ခြင်းပြည့်နှက်
သူ့မှာ.. ပိုင်ဆိုင်မှု မဲ့လည်း
အတ္တတွေက အထပ်ထပ် ...

လွဲမှားခြင်းကို တပ်မက်
သိနေပါလျှက်လည်း
မမြင်ကွယ်ပြု
အလိုလိုက်မှုတွေနဲ့ .. ပြည့်နေတယ် ...

ဖြေသိမ့်မှုကို
အကြိမ်ကြိမ်ကျောခိုင်း
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
အဲ့ဒီစိတ်ကလေ
အသင်္ချေဘ၀မှာလေလွင့်
နေမြင့်လေ အရူးလင့်လေ ....

စေလိုရာစေပါစေ
စိတ်ဆိုတာကလေ ..
မြေပြင်မှာ နေပေမယ့်
နေ၀င်ချိန်တော့လည်း .. ရှိခဲ့မြဲ ....

သြော် .. လေရယ်
ညှင်းသွဲ့သွဲ့ ခိုဝင်နားလိုက်ပါ
အဲ့ဒီ အိပ်မက်တွေ
ဘ၀ကူးကောင်းခဲ့စေချင်တယ်လေ ......