Sunday, January 3, 2010 0 comments By: မင်းနေဝေး

သေချာခြင်းအတွက်

ယုံကြည်ချက်တစ်ခုအတွက်ပါ
ငါ လျှောက်လှမ်းနေတာ
လမ်းမဟုတ်ရင်တောင်
ငါသွားနေမယ် ....

သေချာတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
ငါ .. အသက်ရှင်မယ်
မနမ်းမိလို့ လွမ်းရမယ်ဆို
တမ်းတစိတ်နဲ့ နေမယ်
သေချာတာ အရမ်းချစ်တယ် .....

မနက်ဖြန် ..
လာခဲ့တဲ့ အရေအတွက်များပါစေ
တစ်လမ်းတိုးမယ် နီးဖို့
မင်းသာ ရပ်နေပါလေ .....

မျက်တောင်တစ်ခပ်မှာ လွမ်းတယ်
ခြေတစ်လှမ်းမှာ တမ်းတတယ်
တစ်ရက်သာဆိုရင် .... ?
ကောင်မလေးရယ်
ရင်ခွင်ကို လှမ်းဝင်ပါတော့ ...

အကြိမ်ကြိမ်ရေရွတ်တော့လည်း
အရာရာ ပေါ့မယ်
သေချာခြင်းအတွက် မိတ္တူမလိုဘူး
ရင်ခုန်သံနဲ့ စကားတစ်ခွန်း
ငါရှိနေခြင်းအတွက် ဖြေပေးပေါ့ .. ချစ်သူ .....

ချစ်သူအားပေး

ချစ်မိခြင်းအတွက်
အလွမ်း ကို မြတ်နိုးမယ် ....

မမြင်ရတဲ့ အချိန်တွေကို လွမ်းမယ်
တွေ့နေချိန်တိုင်း မြတ်နိုးတယ်
အချိန်တိုင်းမှာ ချစ်မိနေပြီ
ကောင်မလေးရယ် .....

ဆုံနိုင်ခွင့်အတွက်
လက်ရှိအချိန်တွေကို စတေး
ဘေးနားမှာ ရှိနေရင်းနဲ့ပဲ
မနက်ဖြန်တွေကို ကြည့်မယ် ....

ရင်ဆိုင်ကြမယ်
နှစ်ဦးသဘောတူ ဖြတ်သန်းမယ့် ခရီးမှာ
လမ်းမရှိရင်တောင်
နောက်မတွန့်ကြေးပေါ့ ....
ချစ်ခြင်းမှာ သွေးနီးဖို့ပဲလိုတာပါ ....