Saturday, February 20, 2010 0 comments By: မင်းနေဝေး

တစ်ရက်ဆိုသလို

ကျွန်တော်သိတဲ့ အချစ်မှာ
အလွမ်းဆိုတာက ကပ်ညိနေသလား ...

လမ်းတစ်ခုလျှောက်လှမ်းရင်တောင်
လေဟာနယ်မှာလို
အသိမဲ့ အလွမ်းနဲ့ ...

အချိန်တစ်ခုကို ပုံသွင်းဘို့
လုပ်ပိုင်ခွင့်ရခဲ့ချင်တယ် .....

ခုတော့
တွေ့ဆုံချိန်နောက်ကျပါတယ်ဆိုမှ
မနက်နေထွက်ချိန် မိုးအုပ်နေသလို ....

ပီပီပြင်ပြင် လွမ်းခန်းက
နင့်ခြေလှမ်းတိုင်းမှာ ကပ်ညိနေတယ် ...

နှုတ်ဆက်တိုင်း လှည့်မကြည့်တော့လည်း
မျက်စိတစ်ဆုံးကြည့်မိသူပဲ
ခံစားချက် နင့်နင့်နဲနဲ .....

ခုလည်း
တစ်ယောက်တည်း .....

မြန်မြန်လာပါတော့ မနက်ဖြန်ရယ်
ဒီတစ်ညကုန်ဆုံးချိန်မှ
အသက်ပြန်ရှင်မယ့်လူတစ်ယောက်အတွက်
ဒီနေ၀င်ချိန် နောက်ကျလွန်းနေတယ် ....
Friday, February 19, 2010 0 comments By: မင်းနေဝေး

ဆိုလိုရင်း (၁)

တည်ဆောက်ထားပါတယ်လေ
မြတ်နိုးခြင်းနဲ့ ရင်ခွင်
အဆင်ပြေရင် နင် ... စိတ်ပြေလက်ပျောက်
ဝင်ခဲ့စေချင် ....

လေသင့်တိုင်းပါတယ်
နှင်းရနံ့ဆို .. မင်းလှမ်းလာတယ်လို့
နှလုံးသားကသိတယ် ...

လူမသိ သူမသိ

အနမ်းတစ်ခုကို ပြမယ်
ကားလိပ်အဖွင့်မှာ ကြွေကျတဲ့ စံပယ်
တစ်တောလုံးမွှေးသွားတယ်
အဲ့တာ .. ကိုယ်စောင့်နတ်တောင်မသိလိုက်တဲ့ အရာ ..

ကောင်မလေးရေ ...

ကောင်မလေးရေ

ငါ့ရင်ခွင် အနက်ရှိုင်းဆုံးမှာ မင်းရောက်နေတယ်
ရင်ခုန်သံကိုက မင်းချုပ်ကိုင်ခြင်းနဲ့
ငါလည်းလေ .. နင်ပိုင်ဆိုင်တဲ့လူ ဖြစ်ခဲ့ပေါ့ ...

ဒီတစ်လှမ်းတော့ရှိမယ်
အဆုံးမှာ တွဲလက်နဲ့
ငါ့ရင်ခွင် မင်းရင်ခွင်
တစ်စုံတစ်ရာသော ခံစားချက်နဲ့ .......

ပိုင်ဆိုင်မယ် ... နှစ်ယောက်တစ်ဘ၀ကို ........
Sunday, February 14, 2010 0 comments By: မင်းနေဝေး

တစ်နှစ်စာ

ဟန်ထူးလွင်သီချင်းပဲဆိုလိုက်ချင်တော့တယ် ....
'..... ဘာလိုလိုနဲ့ တစ်ပြည့်ပြီပဲ ...."
ကျွန်တော့ရဲ့ blogs လေး တစ်နှစ် ကျော်ခဲ့ပြီဗျ .... ဒီတစ်နှစ်တောအတွင်းးး အင်းး ရေးရရင်လည်း သံဝေဂရစရာတွေ ပါလာအုံးမယ်ထင်တယ်နော် .... ကျိန်းသေတာတော့ တစိမ့်စိမ့်တွေးပြီး နောင်တရမယ့် အလုပ် တစ်ခုမှမလုပ်ခဲ့ဘူး ....
ထူးခြားတာတော့ ချစ်ရမယ့်သူတစ်ယောက်ရခဲ့တယ် ... (ကြွားတယ်လို့ဆိုချင်ဆို) ..... အဟဲ ....
မထူးခြားတာက အသက်တစ်နှစ်ကြီးခဲ့တယ် .... အဲ့တာဘာဖြစ်လည်းဆိုတော့ အင်း .... ဘာမှမဖြစ်ဘူးဗျာ ...
ထုံးစံအတိုင်းပေါ့ ကဗျာရေးနေတာပဲကောင်းပါတယ် .... သူများတွေက အချစ်နဲ့တွေ့ရင် ကဗျာမွေးဖွားလာတယ်ဆိုပဲ ..
ပထမတော့ ဟုတ်တယ် ... အဲ .. ဖွင့်လည်းပြောလိုက်ရောဗျာ ရင်ထဲမှာ အချစ်တွေနဲ့ပဲပြည့်နေလို့ထင်တယ် ...
ကဗျာက အစဆွဲထုတ်တာတောင်ထွက်မလာဘူး ... အဟီး ... အဲ့တာကြောင့် သူငယ်ချင်းတွေလည်း ကဗျာ မဖတ်ရတော့ ဘူးပေါ့ဗျာ ... ခွင့်လွှတ်နော် .. ကိုယ်ချင်းစာပေးပါ ... မရရင် ကိုယ်တိုင်စာပေးပါ :P
အခုမှဘာလို့ရေးလည်းလို့မမေးနဲ့ ကဗျာမရေးရရင် တစ်ခုခုလိုနေသလိုဖြစ်နေလို့ .. နေလို့မရလို့ ... အရင်နှစ်လလောက်ကတော့
ရောဆိုရင် .. အဟဲ ... ရေးလို့ကိုမရလို့ပါဗျာ .... ခုရေးမယ် နောက်ရေးမယ် .. ဒါဆို ok တယ်ဟုတ် ... အာဗျာ
ကိုယ့်ဘာသာပဲ ok လိုက်တော့မယ် :D (ပြီးရော)



မမျှော်လင့်ရဲပါ
အတော်အသင့်ယိုရွဲနေတဲ့ ကျွန်တော့ကိုယ်ပိုင်ဘ၀ထဲမှာ
နွေကလည်း နွေ
မိုးကလည်း မိုး
ဆောင်းကလည်း ဆောင်း
အင်း ..... အတော်အတန်ပြောင်းလဲခဲ့တာ
ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ ....

ဘ၀မှာ
နေတတ်ထိုင်တတ်တဲ့လူတစ်ယောက်မဟုတ်ခဲ့သလို
အရာရာကိုလည်း နားလည်တတ်ခဲ့သူတစ်ယောက်
ဖြစ်ခဲ့သလိုပဲ ...
ကျွန်တော်သိတယ် ... လူတော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာ ......

ဘာအတွက် တောင်းတအုံးမှာလည်း
ကိုယ့်အတွက်ကိုထားအုံး
သူအများအတွက် ရေတစ်ခွက်မဖန်တီးပေးနိုင်ချိန်မှာ
ကျွန်တော် လူကောင်းပါလို့ မပြောချင် ...
ပြောလို့ရရင်တော့လည်း ပြောချင်ပါတယ် ....

တည်ရှိခြင်း မတည်ရှိခြင်းက
မထူးဆန်းဘူး ....
တည်ရှိချိန်မှာ မတည်မြဲခြင်းက ငါ ....
အရာရာကို နားမလည်နိုင်ဘူး
ပြီးတော့ အရာရာကို နားလည်တယ် ... ကိုယ်ပိုင်အတွေးနဲ့ ...

အမှားတစ်ခု
ကိုယ်လုပ်မှ ဖြစ်မယ်ဆိုရင် မှားပါစေ
အဲ့အမှားကို ဖြစ်အောင်လုပ်ချင်တယ် ....

ဘ၀တစ်ခု
ကိုယ်တည်ဆောက်မှ ဖြစ်မယ်ဆိုရင် ....
ကျွန်တော့ချစ်သူကိုမေးမယ် ...

ခုရော
ကျွန်တော် ဘ၀ တစ်ခုကို ဖျက်ဆီးပြီး အသစ်တစ်ခုစဖို့ကြိုးစားနေတယ် .....
Wednesday, February 3, 2010 0 comments By: မင်းနေဝေး

သူငယ်ချင်းအတွက်

တစ်ရက်ပြီးတစ်ရက်
ရေတွက်ရင်းကုန်ဆုံးတယ်
ဘ၀က နှစ်လုံးပဲ ... မပြောင်းလည်း ...

ရေတွက်မရတဲ့ ခံစားချက်တွေ အလီလီ
ဒီရာသီတွေနဲ့
နွေပြီးရင်း နွေ
မိုးပြီးရင်း မိုး
ဆောင်းပြီးရင်း ဆောင်း .....

အဟောင်းတွေလည်း နှောင်း
အသစ်တွေလည်း ဟောင်း
မတည်မြဲဘူးအချိန်က .. လက်တစ်ဆုပ်စာ ....

ဆုံလည်ကလားထိုင်ပေါ်
သက်တောင့်သက်သာ လှည့်ပတ်နေမလား ...

နေရောင်အောက်မှာ အသက်ရှူမလား ....
ဘ၀ကို ဘယ်လိုစားသုံးမလည်း .....

အခုလေတိုက်တယ်
ပန်းရနံ့သင်းတယ် .. သူငယ်ချင်း ...

နောင် .... ဘာဖြစ်မလည်း .....

အရင်က ... အခု ... နောက်
အဲ့လောက်မျက်နှာများတဲ့ အချိန်
မင်းလက်အတွင်းသက်ဆင်း
လိုတိုင်းမရနိုင်တောင်
လုပ်တိုင်းဖြစ်မယ့်နေ့တွေ
ဒီနေ့ကစ ပိုင်ဆိုင်ပါစေလေ ...... .


မင်းနေဝေး