Thursday, July 1, 2010 0 comments By: မင်းနေဝေး

ချစ်သူထံသို့

ချစ်ရပါသော ... ခိုင်

တစ်နေ့ ...

စကားလုံးတွေကြွေကျတိုင်း အမြတ်တနိုး ရှိခဲ့တယ် ...

မိုး .. ပြိုမယ်ဆိုရင်တောင်
ချစ်စကားသီတုန်းမို့
တို့ နှစ်ယောက်သိခဲ့မယ် ထင်ဘူးလေ ...

ချစ်သူတိုင်းပြောကြတယ်

စံပယ်တွေ ကြွေတိုင်းလွမ်းတယ်တဲ့

အရင်ကဗျာတွေ ဆွေးသွားတယ်

ငါ့အတွက် ကြွေမယ့်စံပယ်
မင်းခေါင်းထက်မှာပဲ ပန်ထားပါလေ ....

စံပယ်တွေ ဝေတိုင်း ချစ်တယ် ....

ချစ်ရပါသော ... ခိုင်

ချစ်ခြင်းရဲ့ ကျောချင်းကပ်မှာ
လွမ်းခြင်းဆိုတာ ရှိတယ်တဲ့ ....

တို့ နှစ်ယောက် ဘယ်တော့မှ ကျောခြင်းမကပ်ဘူးနော် ....

မှတ်ထားပါလေ
စကားတစ်ခွန်း တံတိုင်းခြားခဲ့လို့
လွမ်းမိတယ်ဆိုရင်လေ

အလွမ်းဆိုတာ မမြင်ရတဲ့ တစ်နေ့တာအတွက်
အချစ်အဟာရလို့ပဲ မှတ်ယူပေးပါ ......... ခိုင် ...