Sunday, May 29, 2011 1 comments By: မင်းနေဝေး

ချ​စ်ြ​ခ​င်း​ကို​သာ

ချစ်ခြင်း၌ မွှေ့ပျော်ခြင်းသည်
အရှိုက်ခက်သော ငိုခြင်းတစ်ခုဆိုလျှင်
ထိုငိုခြင်းသည် ငါ့တွင် ဖြစ်ပေါ်နေသည် ...

ရင်တစ်ချက်ခုန်သံကြောင့်

ချစ်သူ့ အလှ ပျက်သုတ်းမှာစိုး၍
ချစ်ခြင်းနှင့်တွေ့ လျှင်
သေဆုံးသည်မှာနှလုံးသားဖြစ်သည် ....

ထိုခဏ
အရာရာအတွက် ပေးဆပ်ချင်ပါသည်
အရာရာကို ရယူချင်ပါသည် ...

ထို့အတွက်
တောင်းဆုပြုခွင့် ပြုမည်ဆိုလျှင်
နှလုံးသားရှင်သန်ခွင့်ထက်
အရှိုက်ခက်စွာ ငိုနေရခြင်းထက်

ချစ်ခြင်းသည် မွှေးမြသောပန်းတစ်ပွင့်ဆိုလျှင်
တစ်ရှိုက်မက်မက်နမ်းခွင့်ရသော
ငါသည်သာ ... ဖြစ်ရပါလို၏ ....






မင်းနေဝေး
Thursday, May 12, 2011 0 comments By: မင်းနေဝေး

ချစ်ရပါသော ၀ါဆို

ချစ်သောဝါဆို
.. ဟိုအရင်လို မိုးညိုတိုင်း
... ရင်ခွင်ရိုင်းနဲ့မိတ်ဆက်
.... အမေ့ခက်တဲ့အတိတ်တွေက
..... ဒီမျက်နှာပြင် နှလုံးသားဆီမှာ
...... တိုးတိတ်စွာ စီးဆင်းစဲ

ယနေ့ထိချစ်မြဲ
သွေးထိစီးဆင်းခဲ့လို့
မင်းမျက်နှာမြင် ကမ္ဘာကပင် ပိုလှခဲ့သလို

မိုးရွာရင်
.. ၀ါဆိုဦးက နွယ်ခက်လို ရစ်ပတ်ချည်
... ထိ သိ သတိ မကပ်
.... အဆင်း အသံ အနံ့ မှာ ပျော်ဝင်
..... ငရဲမှာ လူဖြစ်ရင်တောင် ငါ ... ပျော်မည်ထင်ရဲ့ .......