Wednesday, January 25, 2012 3 comments By: မင်းနေဝေး

မမေ့နဲ့ ထားခဲ့




ခင်မင်မှုနဲ့ ရေစက်ဆိုတာ ကြက်ခြေခတ် တစ်ခုလိုပဲလား ..
မတူညီတဲ့ လားရာတွေကနေလာပြီး ... အခိုက်တန့် လေးပဲ တွေ့ဆုံ
ပြီးတော့ မတူညီတဲ့လားရာတွေကိုပဲ ထွက်သွား ..
ပျော်ရွှင်စွာနဲ့ .. ၀မ်းနည်းစွာနဲ့ .... ပြီးတော့ ဒေါသ မောဟ မာန်မာန တွေနဲ့ ...
နားလည်မှုတွေ ကုန်ဆုံးသူတွေက နားမလည်မှုတွေစတွေ့လာတယ်
နားမလည်သူတွေက နားလည်မှုကို စတင်တွေ့ရှိကြတယ်
အကောင်းအဆိုးတွေ ဒွန်တွဲတာ
ကျွန်တော်တို့ ရဲ့ ရင့်ကျက်မှုတွေ ဒွန်တွဲလာတာ ...
တစ်ချို့က ငိုကြတယ် ... တစ်ချို့က ရီ (ရယ်) ကြတယ်
ခံစားချက်တွေကို အရောင်ဆိုးတယ်
ခံစားချက်တွေကို သန့်စင်ပစ်ကြတယ်
ကျွန်တော်တို့ကရော ... ငါတို့ခံစားချက်ကို သတ်ပစ်နေတာလား ...
လမ်းဆုံးနေပြီတဲ့
တစ်ချို့ကပြောကြတယ် ... ဘယ်သူသိမှာလည်း
ရှေ့သွားမရတိုင်းလမ်းဆုံးတယ်ဆိုရင် နောက်ပြန်လှည့်တာ လမ်းပြန်စတာပေါ့
ငါ ဆိုတဲ့ အတ္တက ကောင်းတယ်
ငါသိတာ ... ကောင်းတယ်
ငါတတ်တာ .... ကောင်းတယ်
ပြီးတော့ ခင်ဗျားလည်း မသိတတ်တဲ့သူဖြစ်သွားမယ် ...
ဆုံးဖြတ်ချက်ချတာကို ခက်တယ်လို့ မှတ်ကြတယ်
အမှန်က လွယ်ပါတယ် ... ခက်တာက
အဲ့ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးကို မခံစားနိုင်တာပါ ... ဟုတ်သလား
အိမ်ပြန်ပြီး စဉ်းစားပါ ... ခင်ဗျား မှန်သွားရင် ကျွန်တော်မှားသွားပြီ...
အတိတ်တွေကို အရိပ်ထဲမှာ ထားကြပါ
ရုတ်တရက်မမြင်အောင်ပေါ့ ...
ခင်ဗျား စဉ်းစားရင် ခင်ဗျား လည်း အမှောင်ထဲရောက်သွားပြီ
အတိတ်ရဲ့ စားသုံးကုန်ဖြစ်သွားလိမ့်မယ် ... မမေ့နဲ့ ထားခဲ့ပါ ....
လူတိုင်းအတွက် စည်းမျဉ်းဘယ်နှစ်ခုရှိမလည်း
စာအုပ်တွေဖတ်ပါ ... လိုက်ရှာပါ ...
ပြီးတော့ ကျွန်တော်ပြောတာလေးကိုမှတ်ထားပါ...
လူလိုနေနိုင်အောင်ကြိုးစားပါ .....
ပြောချင်တာတွေ အများကြီးပဲ
ပြောလည်း မပြောချင်ဘူး ... ဒွိဟပဲ
ထားခဲ့တာပဲကောင်းပါတယ်ဗျာ ...
ထားလက်စနဲ့ ကျွန်တော့ကိုလည်း ထားခဲ့ကြဗျာ ...
ခင်ဗျားတို့ ရဲ့ ဆုံမှတ်တစ်ခုအနေနဲ့
မမေ့ပါနဲ့ .... ထားခဲ့ကြပါဗျာ .....
မင်းနေဝေး