Friday, May 9, 2014 0 comments By: မင်းနေဝေး

ချစ်ခြင်းကိုတိုင်တည်

တစ်ခါတစ်ရံ
မကျေနက်ခြင်းတွေ အထွေထွေနဲ့
စိတ်တွေကို တုတ်နှောင်ထားလိုက်တာ
ဘ၀ ထဲက လူဆိုတာတောင် မေ့လို့
စက်ရုပ်သာသာ  .....

တစ်ရက် လာ တစ်ရက်သွား
နေ့စွဲတွေ လတွေ မှတ်
ခေါင်းမှာ တိုးထွက်လာတဲ့ ဆံဖြူ အတွက်
အဖြေက ဘယ်မှာ ....

ဒေါသတွေ ထွက်လာတာလား
မောဟတွေ ပြိုဆင်းတာလား
လူတစ်ကိုယ်လုံး အရေရွဲ့ဆင်းလာတာ
သောက သောက  သောက   ......

တကယ်ဖြေဖြောက်ခြင်းက တရား
အမှားများခဲ့တဲ့ ဘ၀အတွက်
သက်သေက တစ်ခုပဲ
နောင်တမဲ့ ချစ်ခဲ့ခြင်း  .....

ချစ်ခြင်းမှာ  အပြစ်ကင်းရပါစေ ......






မင်းနေဝေး
Wednesday, February 8, 2012 0 comments By: မင်းနေဝေး

ဆောင်း မှာ နှင်းဝေခဲ့လေမလား


ဆောင်း မှာ နှင်းဝေခဲ့လေမလား


မနက်ခင်းလေပြည်ရဲ့ တေးသွား
ချမ်းစိမ့်စိမ့် အေးသွားမလား ...... ကျွန်တော်မသိခဲ့ ..

စိုးစိတ်တွေ ရွက်ကုန်လွှင့်လို့
နေခြည်ရဲ့ အလင်းကို မျှော်နေမိတယ် ...
ခေါင်း .. ပြီးတော့ ပန်း ...
ဘယ် ညာကိုကြည့် ... ပကတိ အလင်းမဲ့

ကြောက်စိတ်ရဲ့ အင်အားတွေ
ဆောင်း လေ လိုပဲ ရင်ခွင်ထဲမှာ တိတ်ဆိပ်
ချမ်းချမ်းအေးအေး ...

ဒီလိုနဲ့ပဲ

စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော်  = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က  ... ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ ...



မင်းနေဝေး