Saturday, March 20, 2010 By: မင်းနေဝေး

တိုက်ပွဲ

နေတတ်ခြင်း မနေတတ်ခြင်း
ရေတွက်ခြင်းပုံစံကတော့ မပြောင်းလဲပေမယ့်
အဲ့ဒီအဖြေအတွက် ကျွန်တော့် ညတွေ
နေသားတကျ မပြောင်းလဲတာကြာပြီ ....

စိုးရိမ်ခြင်းတွေနဲ့
ဘ၀ကို လှမ်းမျှော်ကြည့်ရင်း
အနားမှာရှိခြင်းတွေ ပျောက်ကွယ်သွားမှာ ..

ခြေတစ်လှမ်းတိုင်းကို
သေချာလှမ်းကြည့်ရင်း မျက်ရည်ဝဲချင်တယ် ....

အရာရာတိုင်းအတွက်
အဆက်အစပ်မရှိ တွေးခေါ်ခြင်းတွေနဲ့
ပုံသေကားချ ဖြတ်သန်းနေရတာ

သေချာခြင်းဆိုတာ
ဘာလည်းလို့ စဉ်းစားရင်းနဲ့ပဲ
မသေချာခြင်းတွေ တော်တော်များမှန်းသိလာပြီ ...

အခု ..
....... နေထွက်လာပြန်ပြီ ......
မျက်စိဖွင့်ခြင်းနဲ့အတူ
ကျွန်တော့်ရဲ့ မပိုင်ဆိုင်ရတဲ့နေ့ရက်တွေ ဖြတ်သန်းရအုံးမယ် ....

ဒီလက်တစ်ဆုပ်စာအချိန်တွေမှာ
..ဦးနှောက်နဲ့ မဆုံးဖြတ်ချင်တော့ဘူး
...နှလုံးသားဆန္ဒနဲ့ပဲ ... နှလုံးသားဆန္ဒကိုပဲ





မင်းနေဝေး ။။။

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....