Thursday, August 12, 2010 0 comments By: မင်းနေဝေး

အချစ်သည်သာ ကိုးကွယ်ရာ

နှစ်ကြိမ်ရောက်ရှိခြင်းမှာ
အလွမ်းကို သယ်မလာပါနဲ့ ချစ်သူ ....

မငိုတတ် ငိုတတ်နဲ့
ငါ့မျက်နှာက လွမ်းခြင်းကို အတိအကျ
ဖေါ်ဆောင်တတ်မယ်မထင်ဘူး ....

အကြည့်တစ်ချက် လွှဲဖယ်တိုင်းမှာ
အကြိမ်ကြိမ် ဆို့နင့်ခြင်းနဲ့
အချစ်တစ်ခုကို ဂန္ဓ၀င်မြောက် မသီကျူးရဲဘူး
ရိုးသားစွာနဲ့ ချစ်ခဲ့တာပါ ချစ်သူ ....

မလိမ်မိုး မလိမ်မာနဲ့
မင်ရှေ့မှာ ဒူးထောက်နေမိတာကိုက အပြစ်တဲ့လား
စိတ်မဆိုးပါနဲ့ ချစ်သူ ...
ငါ သီဆိုနေတာ ချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်ပါ
အလိမ်အညာတွေ မပါခဲ့ဘူး ....

ချစ်သူချော့တေး ကို
အသံသာသာနဲ့ မရွတ်ဆိုတတ်တာ ငါ့အပြစ် ...
နားမလည်ခြင်းရဲ့အဆုံးမှာ
မင်း .. ငါ့ကို ပြစ်သွားမှာလား .... စိုးရိမ်မိတယ်ချစ်သူ .....

လူတစ်ကာလျှောက်ရဲတဲ့လမ်းမှာ
ငါ .. စမ်းတစ်ဝါးဝါးနဲ့ လမ်းပျောက်နေတယ် .....
မင်းအတွက် ဟာသ တစ်ခုလောက်တော့
ရီစရာ ကောင်းခဲ့မှာ မဟုတ်ပါဘူးလေ ...

စိတ်လွတ်လပ်ပေါ့ပါးစွာ ရီမောနေတဲ့ မင်း ....
ဒီမျက်နှာလေးကိုကြည့် ရင်း
ကြည်နူးတယ် .. ကြေကွဲတယ်
ဖြစ်နိုင်ရင် ငါ့ရင်ခွင်မှာပဲ ရီမောစေချင်တယ် ....

သြော ... မောရပါလား ....

ချစ်သူအတွက် ပေးဆပ်စရာတွေ ပေးဆပ်ရင်း

ငါ့ဘ၀ကလေ ......

မရေမရာနဲ့မို့
မင်း ... မျက်နှာလွှဲခဲ့မယ်ဆိုရင်လေ
နေစရာသေချာသွားတဲ့ငါ
မင်းကို .. နောင်ဘ၀ထိ စောင့်မျှော်နေမှာပါ .....
Thursday, July 1, 2010 0 comments By: မင်းနေဝေး

ချစ်သူထံသို့

ချစ်ရပါသော ... ခိုင်

တစ်နေ့ ...

စကားလုံးတွေကြွေကျတိုင်း အမြတ်တနိုး ရှိခဲ့တယ် ...

မိုး .. ပြိုမယ်ဆိုရင်တောင်
ချစ်စကားသီတုန်းမို့
တို့ နှစ်ယောက်သိခဲ့မယ် ထင်ဘူးလေ ...

ချစ်သူတိုင်းပြောကြတယ်

စံပယ်တွေ ကြွေတိုင်းလွမ်းတယ်တဲ့

အရင်ကဗျာတွေ ဆွေးသွားတယ်

ငါ့အတွက် ကြွေမယ့်စံပယ်
မင်းခေါင်းထက်မှာပဲ ပန်ထားပါလေ ....

စံပယ်တွေ ဝေတိုင်း ချစ်တယ် ....

ချစ်ရပါသော ... ခိုင်

ချစ်ခြင်းရဲ့ ကျောချင်းကပ်မှာ
လွမ်းခြင်းဆိုတာ ရှိတယ်တဲ့ ....

တို့ နှစ်ယောက် ဘယ်တော့မှ ကျောခြင်းမကပ်ဘူးနော် ....

မှတ်ထားပါလေ
စကားတစ်ခွန်း တံတိုင်းခြားခဲ့လို့
လွမ်းမိတယ်ဆိုရင်လေ

အလွမ်းဆိုတာ မမြင်ရတဲ့ တစ်နေ့တာအတွက်
အချစ်အဟာရလို့ပဲ မှတ်ယူပေးပါ ......... ခိုင် ...
Wednesday, June 30, 2010 0 comments By: မင်းနေဝေး

အစ ..

နွေရာသီပါ ....

ရုတ်တရက်နှင်းတွေကြွေကျလို့
ပျော်မိတယ် ...
ရုတ်တရက်ပါပဲ အလွမ်းတွေဖြစ်သွားတယ်...

နှင်း ပြောလိုက်တာက ကျီစားတာပါတဲ့ ...

ကျွန်တော် အမြတ်တနိုးနဲ့ ထုတ်ပိုးထားမိတယ်
အဲ့တာ အလွမ်းပန်းတွေ မဟုတ်လား ....

ကောင်မလေးရေလို့ ...
အကြိမ်ကြိမ်ရေရွတ်လည်း
သီကုံးခဲ့တာ ပန်းတွေမှ မဟုတ်ပဲလေ ....
ဘာကိုများ တောင့်တ ရမှာလည်း ...

မျက်ရည်စက်လက် ကြေကွဲလည်း
ဒီလမ်းတွေ
ဒီအနမ်းတွေ
ကျွန်တော့အတွက် ပန်းလို့ ဖြေစရာမှမဟုတ် ...

နောင်တမရပါဘူးလေ ..
အရာရာကို နားလည်တတ်ခဲ့သူအတွက်
ကျွန်တော် လွမ်းရရင်လည်း
သူ့ .. အနမ်းကို တမ်းတရင်းပေါ့ ...

သူ့ အနမ်းကိုတမ်းတရင်းပေါ့

တစ်ပိုင်းတစ်စ လွမ်းနေမယ် ..........






မင်းနေဝေး
Friday, June 4, 2010 0 comments By: မင်းနေဝေး

နင် .....

လူတွေပြောကြတယ်
အရှေ့ အရပ်ကနေ
မြောက် အရပ်ကလေ
ငါ့နှလုံးသားဆီက ..........?

ခုအချိန်မှာ ...
နင်ရှိရာ အရပ်သည် အရှေ့
နင့် နှုတ်ခမ်းဖြားကလေ
ငါ့နှလုံးသားဆီက .......... ?

ရေ အသက်တစ်မနက်တဲ့

ငါ့အနားများမင်းမရှိရင်
မနေတတ်မထိုင်တတ်နဲ့
မသေတတ်မှာတောင် စိုးရိမ်ရတယ် ....
ဒါဆို ငါ့နှလုံးသားဆီက ........... ?

ချစ်သူရေ
ငါ .. ဒီရေတက်နေချိန်မှာ
ရေစုန်မျှောမိပြီ ...

ကြိုလင့်လိုက်ပါ ...

ငါနားခိုရာ ကမ်းသည်

နင် ...

ငါ့နှလုံးသားဆီက နင် ......
Wednesday, March 24, 2010 0 comments By: မင်းနေဝေး

ကတိ

စိတ်ခံစားချက်တစ်ခုအတွက်နဲ့
ဘ၀ ဆိုတာ ဖြစ်တည်ခဲ့မယ်ဆိုရင်

ငါ့ဘဝ
နင့်ကို ချစ်ခဲ့ခြင်းမှာ နှစ်မြှုပ်ခဲ့ပြီးပြီ ....

ကောင်မလေးရေ
ငါဟာ လူတစ်ယောက်ပါ ....

မငယ်တော့ပေမယ့်
စိတ်ခံစားမှုနောက်မှာနေပါတယ် ....

အရိပ်လိုလိုက်နေတဲ့ ချစ်ခြင်းတွေနဲ့ပေါ့ ....



မင်းနေဝေး
Saturday, March 20, 2010 0 comments By: မင်းနေဝေး

တိုက်ပွဲ

နေတတ်ခြင်း မနေတတ်ခြင်း
ရေတွက်ခြင်းပုံစံကတော့ မပြောင်းလဲပေမယ့်
အဲ့ဒီအဖြေအတွက် ကျွန်တော့် ညတွေ
နေသားတကျ မပြောင်းလဲတာကြာပြီ ....

စိုးရိမ်ခြင်းတွေနဲ့
ဘ၀ကို လှမ်းမျှော်ကြည့်ရင်း
အနားမှာရှိခြင်းတွေ ပျောက်ကွယ်သွားမှာ ..

ခြေတစ်လှမ်းတိုင်းကို
သေချာလှမ်းကြည့်ရင်း မျက်ရည်ဝဲချင်တယ် ....

အရာရာတိုင်းအတွက်
အဆက်အစပ်မရှိ တွေးခေါ်ခြင်းတွေနဲ့
ပုံသေကားချ ဖြတ်သန်းနေရတာ

သေချာခြင်းဆိုတာ
ဘာလည်းလို့ စဉ်းစားရင်းနဲ့ပဲ
မသေချာခြင်းတွေ တော်တော်များမှန်းသိလာပြီ ...

အခု ..
....... နေထွက်လာပြန်ပြီ ......
မျက်စိဖွင့်ခြင်းနဲ့အတူ
ကျွန်တော့်ရဲ့ မပိုင်ဆိုင်ရတဲ့နေ့ရက်တွေ ဖြတ်သန်းရအုံးမယ် ....

ဒီလက်တစ်ဆုပ်စာအချိန်တွေမှာ
..ဦးနှောက်နဲ့ မဆုံးဖြတ်ချင်တော့ဘူး
...နှလုံးသားဆန္ဒနဲ့ပဲ ... နှလုံးသားဆန္ဒကိုပဲ





မင်းနေဝေး ။။။
Saturday, February 20, 2010 0 comments By: မင်းနေဝေး

တစ်ရက်ဆိုသလို

ကျွန်တော်သိတဲ့ အချစ်မှာ
အလွမ်းဆိုတာက ကပ်ညိနေသလား ...

လမ်းတစ်ခုလျှောက်လှမ်းရင်တောင်
လေဟာနယ်မှာလို
အသိမဲ့ အလွမ်းနဲ့ ...

အချိန်တစ်ခုကို ပုံသွင်းဘို့
လုပ်ပိုင်ခွင့်ရခဲ့ချင်တယ် .....

ခုတော့
တွေ့ဆုံချိန်နောက်ကျပါတယ်ဆိုမှ
မနက်နေထွက်ချိန် မိုးအုပ်နေသလို ....

ပီပီပြင်ပြင် လွမ်းခန်းက
နင့်ခြေလှမ်းတိုင်းမှာ ကပ်ညိနေတယ် ...

နှုတ်ဆက်တိုင်း လှည့်မကြည့်တော့လည်း
မျက်စိတစ်ဆုံးကြည့်မိသူပဲ
ခံစားချက် နင့်နင့်နဲနဲ .....

ခုလည်း
တစ်ယောက်တည်း .....

မြန်မြန်လာပါတော့ မနက်ဖြန်ရယ်
ဒီတစ်ညကုန်ဆုံးချိန်မှ
အသက်ပြန်ရှင်မယ့်လူတစ်ယောက်အတွက်
ဒီနေ၀င်ချိန် နောက်ကျလွန်းနေတယ် ....
Friday, February 19, 2010 0 comments By: မင်းနေဝေး

ဆိုလိုရင်း (၁)

တည်ဆောက်ထားပါတယ်လေ
မြတ်နိုးခြင်းနဲ့ ရင်ခွင်
အဆင်ပြေရင် နင် ... စိတ်ပြေလက်ပျောက်
ဝင်ခဲ့စေချင် ....

လေသင့်တိုင်းပါတယ်
နှင်းရနံ့ဆို .. မင်းလှမ်းလာတယ်လို့
နှလုံးသားကသိတယ် ...

လူမသိ သူမသိ

အနမ်းတစ်ခုကို ပြမယ်
ကားလိပ်အဖွင့်မှာ ကြွေကျတဲ့ စံပယ်
တစ်တောလုံးမွှေးသွားတယ်
အဲ့တာ .. ကိုယ်စောင့်နတ်တောင်မသိလိုက်တဲ့ အရာ ..

ကောင်မလေးရေ ...

ကောင်မလေးရေ

ငါ့ရင်ခွင် အနက်ရှိုင်းဆုံးမှာ မင်းရောက်နေတယ်
ရင်ခုန်သံကိုက မင်းချုပ်ကိုင်ခြင်းနဲ့
ငါလည်းလေ .. နင်ပိုင်ဆိုင်တဲ့လူ ဖြစ်ခဲ့ပေါ့ ...

ဒီတစ်လှမ်းတော့ရှိမယ်
အဆုံးမှာ တွဲလက်နဲ့
ငါ့ရင်ခွင် မင်းရင်ခွင်
တစ်စုံတစ်ရာသော ခံစားချက်နဲ့ .......

ပိုင်ဆိုင်မယ် ... နှစ်ယောက်တစ်ဘ၀ကို ........
Sunday, February 14, 2010 0 comments By: မင်းနေဝေး

တစ်နှစ်စာ

ဟန်ထူးလွင်သီချင်းပဲဆိုလိုက်ချင်တော့တယ် ....
'..... ဘာလိုလိုနဲ့ တစ်ပြည့်ပြီပဲ ...."
ကျွန်တော့ရဲ့ blogs လေး တစ်နှစ် ကျော်ခဲ့ပြီဗျ .... ဒီတစ်နှစ်တောအတွင်းးး အင်းး ရေးရရင်လည်း သံဝေဂရစရာတွေ ပါလာအုံးမယ်ထင်တယ်နော် .... ကျိန်းသေတာတော့ တစိမ့်စိမ့်တွေးပြီး နောင်တရမယ့် အလုပ် တစ်ခုမှမလုပ်ခဲ့ဘူး ....
ထူးခြားတာတော့ ချစ်ရမယ့်သူတစ်ယောက်ရခဲ့တယ် ... (ကြွားတယ်လို့ဆိုချင်ဆို) ..... အဟဲ ....
မထူးခြားတာက အသက်တစ်နှစ်ကြီးခဲ့တယ် .... အဲ့တာဘာဖြစ်လည်းဆိုတော့ အင်း .... ဘာမှမဖြစ်ဘူးဗျာ ...
ထုံးစံအတိုင်းပေါ့ ကဗျာရေးနေတာပဲကောင်းပါတယ် .... သူများတွေက အချစ်နဲ့တွေ့ရင် ကဗျာမွေးဖွားလာတယ်ဆိုပဲ ..
ပထမတော့ ဟုတ်တယ် ... အဲ .. ဖွင့်လည်းပြောလိုက်ရောဗျာ ရင်ထဲမှာ အချစ်တွေနဲ့ပဲပြည့်နေလို့ထင်တယ် ...
ကဗျာက အစဆွဲထုတ်တာတောင်ထွက်မလာဘူး ... အဟီး ... အဲ့တာကြောင့် သူငယ်ချင်းတွေလည်း ကဗျာ မဖတ်ရတော့ ဘူးပေါ့ဗျာ ... ခွင့်လွှတ်နော် .. ကိုယ်ချင်းစာပေးပါ ... မရရင် ကိုယ်တိုင်စာပေးပါ :P
အခုမှဘာလို့ရေးလည်းလို့မမေးနဲ့ ကဗျာမရေးရရင် တစ်ခုခုလိုနေသလိုဖြစ်နေလို့ .. နေလို့မရလို့ ... အရင်နှစ်လလောက်ကတော့
ရောဆိုရင် .. အဟဲ ... ရေးလို့ကိုမရလို့ပါဗျာ .... ခုရေးမယ် နောက်ရေးမယ် .. ဒါဆို ok တယ်ဟုတ် ... အာဗျာ
ကိုယ့်ဘာသာပဲ ok လိုက်တော့မယ် :D (ပြီးရော)



မမျှော်လင့်ရဲပါ
အတော်အသင့်ယိုရွဲနေတဲ့ ကျွန်တော့ကိုယ်ပိုင်ဘ၀ထဲမှာ
နွေကလည်း နွေ
မိုးကလည်း မိုး
ဆောင်းကလည်း ဆောင်း
အင်း ..... အတော်အတန်ပြောင်းလဲခဲ့တာ
ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ ....

ဘ၀မှာ
နေတတ်ထိုင်တတ်တဲ့လူတစ်ယောက်မဟုတ်ခဲ့သလို
အရာရာကိုလည်း နားလည်တတ်ခဲ့သူတစ်ယောက်
ဖြစ်ခဲ့သလိုပဲ ...
ကျွန်တော်သိတယ် ... လူတော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာ ......

ဘာအတွက် တောင်းတအုံးမှာလည်း
ကိုယ့်အတွက်ကိုထားအုံး
သူအများအတွက် ရေတစ်ခွက်မဖန်တီးပေးနိုင်ချိန်မှာ
ကျွန်တော် လူကောင်းပါလို့ မပြောချင် ...
ပြောလို့ရရင်တော့လည်း ပြောချင်ပါတယ် ....

တည်ရှိခြင်း မတည်ရှိခြင်းက
မထူးဆန်းဘူး ....
တည်ရှိချိန်မှာ မတည်မြဲခြင်းက ငါ ....
အရာရာကို နားမလည်နိုင်ဘူး
ပြီးတော့ အရာရာကို နားလည်တယ် ... ကိုယ်ပိုင်အတွေးနဲ့ ...

အမှားတစ်ခု
ကိုယ်လုပ်မှ ဖြစ်မယ်ဆိုရင် မှားပါစေ
အဲ့အမှားကို ဖြစ်အောင်လုပ်ချင်တယ် ....

ဘ၀တစ်ခု
ကိုယ်တည်ဆောက်မှ ဖြစ်မယ်ဆိုရင် ....
ကျွန်တော့ချစ်သူကိုမေးမယ် ...

ခုရော
ကျွန်တော် ဘ၀ တစ်ခုကို ဖျက်ဆီးပြီး အသစ်တစ်ခုစဖို့ကြိုးစားနေတယ် .....
Wednesday, February 3, 2010 0 comments By: မင်းနေဝေး

သူငယ်ချင်းအတွက်

တစ်ရက်ပြီးတစ်ရက်
ရေတွက်ရင်းကုန်ဆုံးတယ်
ဘ၀က နှစ်လုံးပဲ ... မပြောင်းလည်း ...

ရေတွက်မရတဲ့ ခံစားချက်တွေ အလီလီ
ဒီရာသီတွေနဲ့
နွေပြီးရင်း နွေ
မိုးပြီးရင်း မိုး
ဆောင်းပြီးရင်း ဆောင်း .....

အဟောင်းတွေလည်း နှောင်း
အသစ်တွေလည်း ဟောင်း
မတည်မြဲဘူးအချိန်က .. လက်တစ်ဆုပ်စာ ....

ဆုံလည်ကလားထိုင်ပေါ်
သက်တောင့်သက်သာ လှည့်ပတ်နေမလား ...

နေရောင်အောက်မှာ အသက်ရှူမလား ....
ဘ၀ကို ဘယ်လိုစားသုံးမလည်း .....

အခုလေတိုက်တယ်
ပန်းရနံ့သင်းတယ် .. သူငယ်ချင်း ...

နောင် .... ဘာဖြစ်မလည်း .....

အရင်က ... အခု ... နောက်
အဲ့လောက်မျက်နှာများတဲ့ အချိန်
မင်းလက်အတွင်းသက်ဆင်း
လိုတိုင်းမရနိုင်တောင်
လုပ်တိုင်းဖြစ်မယ့်နေ့တွေ
ဒီနေ့ကစ ပိုင်ဆိုင်ပါစေလေ ...... .


မင်းနေဝေး
Sunday, January 3, 2010 0 comments By: မင်းနေဝေး

သေချာခြင်းအတွက်

ယုံကြည်ချက်တစ်ခုအတွက်ပါ
ငါ လျှောက်လှမ်းနေတာ
လမ်းမဟုတ်ရင်တောင်
ငါသွားနေမယ် ....

သေချာတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
ငါ .. အသက်ရှင်မယ်
မနမ်းမိလို့ လွမ်းရမယ်ဆို
တမ်းတစိတ်နဲ့ နေမယ်
သေချာတာ အရမ်းချစ်တယ် .....

မနက်ဖြန် ..
လာခဲ့တဲ့ အရေအတွက်များပါစေ
တစ်လမ်းတိုးမယ် နီးဖို့
မင်းသာ ရပ်နေပါလေ .....

မျက်တောင်တစ်ခပ်မှာ လွမ်းတယ်
ခြေတစ်လှမ်းမှာ တမ်းတတယ်
တစ်ရက်သာဆိုရင် .... ?
ကောင်မလေးရယ်
ရင်ခွင်ကို လှမ်းဝင်ပါတော့ ...

အကြိမ်ကြိမ်ရေရွတ်တော့လည်း
အရာရာ ပေါ့မယ်
သေချာခြင်းအတွက် မိတ္တူမလိုဘူး
ရင်ခုန်သံနဲ့ စကားတစ်ခွန်း
ငါရှိနေခြင်းအတွက် ဖြေပေးပေါ့ .. ချစ်သူ .....

ချစ်သူအားပေး

ချစ်မိခြင်းအတွက်
အလွမ်း ကို မြတ်နိုးမယ် ....

မမြင်ရတဲ့ အချိန်တွေကို လွမ်းမယ်
တွေ့နေချိန်တိုင်း မြတ်နိုးတယ်
အချိန်တိုင်းမှာ ချစ်မိနေပြီ
ကောင်မလေးရယ် .....

ဆုံနိုင်ခွင့်အတွက်
လက်ရှိအချိန်တွေကို စတေး
ဘေးနားမှာ ရှိနေရင်းနဲ့ပဲ
မနက်ဖြန်တွေကို ကြည့်မယ် ....

ရင်ဆိုင်ကြမယ်
နှစ်ဦးသဘောတူ ဖြတ်သန်းမယ့် ခရီးမှာ
လမ်းမရှိရင်တောင်
နောက်မတွန့်ကြေးပေါ့ ....
ချစ်ခြင်းမှာ သွေးနီးဖို့ပဲလိုတာပါ ....