Sunday, January 3, 2010 By: မင်းနေဝေး

ချစ်သူအားပေး

ချစ်မိခြင်းအတွက်
အလွမ်း ကို မြတ်နိုးမယ် ....

မမြင်ရတဲ့ အချိန်တွေကို လွမ်းမယ်
တွေ့နေချိန်တိုင်း မြတ်နိုးတယ်
အချိန်တိုင်းမှာ ချစ်မိနေပြီ
ကောင်မလေးရယ် .....

ဆုံနိုင်ခွင့်အတွက်
လက်ရှိအချိန်တွေကို စတေး
ဘေးနားမှာ ရှိနေရင်းနဲ့ပဲ
မနက်ဖြန်တွေကို ကြည့်မယ် ....

ရင်ဆိုင်ကြမယ်
နှစ်ဦးသဘောတူ ဖြတ်သန်းမယ့် ခရီးမှာ
လမ်းမရှိရင်တောင်
နောက်မတွန့်ကြေးပေါ့ ....
ချစ်ခြင်းမှာ သွေးနီးဖို့ပဲလိုတာပါ ....

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....