Wednesday, December 23, 2009 By: မင်းနေဝေး

မ၀ံ့မရဲ

အနားသတ်မလှခဲ့လို့
ပါးလျှပ်လျှပ်ပဲ ဆက်ဆံခဲ့တာလား
အသနားခံ ခက်တဲ့ငါကတော့
နားမလည်မှုနဲ့အဆုံးမှာ
လေလွင့် သွားတဲ့ ရော်ဝါတစ်ရွက်
အရာရာဟာ ခြောက်သွေ့ လျှက်ပဲပေါ့ ….

မသေချာဘူး … သေချာတယ်
ဒီနှစ်လမ်းသွားက ရင်ကိုနာစေတယ်
မုန်တိုင်းဆိုရင်လည်း လေငြိမ်မယ်
ခုတော့ လေပြည်ညှင်းတယ်
ရင်ခွင်ရိုင်းတယ် .. ကြာရင်ငါရူးတော့မယ် ….

မစဉ်းစားပါနဲ့တော့
အရာရာက အောက်ခြေမှာ …
မြေမှုန်မကင်းဘူး … သဲလည်းမစင်ဘူး …
နှလုံးသားသန့်စင်တယ် ရင်ခုန်ခဲ့တယ်ဆိုရင်
မနက်ဖြန်က ကြည်လင်စွာရောက်ရှိလာမှာပဲလေ ….

ခုတော့ ..
မှုန်မှိုင်းနေတာက တိမ်ကင်းပါလျှက်နဲ့
မိုးစွေချင်တယ် …..

ငါလည်းလေ
မချင့်မရဲနဲ့လျှောက်လှမ်းမိနေတာ
ခု လမ်းဆုံးရောက်ပြီ … နောင်တမဲ့ …..

မတွေးတော့ပါဘူး ..
ယိုင်နဲ့နေတဲ့ နှလုံးသားအတွက်
ဘယ်မလည်းခိုင်မြဲခြင်း ….
ရှိခဲ့တယ်ဆိုရင်တောင်
ငါလို အချစ်မှာ ရူးသွပ်မိသူအတွက်
အရောက်နောက်ကျလွန်းနေတယ် …..

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....