Sunday, February 14, 2010 By: မင်းနေဝေး

တစ်နှစ်စာ

ဟန်ထူးလွင်သီချင်းပဲဆိုလိုက်ချင်တော့တယ် ....
'..... ဘာလိုလိုနဲ့ တစ်ပြည့်ပြီပဲ ...."
ကျွန်တော့ရဲ့ blogs လေး တစ်နှစ် ကျော်ခဲ့ပြီဗျ .... ဒီတစ်နှစ်တောအတွင်းးး အင်းး ရေးရရင်လည်း သံဝေဂရစရာတွေ ပါလာအုံးမယ်ထင်တယ်နော် .... ကျိန်းသေတာတော့ တစိမ့်စိမ့်တွေးပြီး နောင်တရမယ့် အလုပ် တစ်ခုမှမလုပ်ခဲ့ဘူး ....
ထူးခြားတာတော့ ချစ်ရမယ့်သူတစ်ယောက်ရခဲ့တယ် ... (ကြွားတယ်လို့ဆိုချင်ဆို) ..... အဟဲ ....
မထူးခြားတာက အသက်တစ်နှစ်ကြီးခဲ့တယ် .... အဲ့တာဘာဖြစ်လည်းဆိုတော့ အင်း .... ဘာမှမဖြစ်ဘူးဗျာ ...
ထုံးစံအတိုင်းပေါ့ ကဗျာရေးနေတာပဲကောင်းပါတယ် .... သူများတွေက အချစ်နဲ့တွေ့ရင် ကဗျာမွေးဖွားလာတယ်ဆိုပဲ ..
ပထမတော့ ဟုတ်တယ် ... အဲ .. ဖွင့်လည်းပြောလိုက်ရောဗျာ ရင်ထဲမှာ အချစ်တွေနဲ့ပဲပြည့်နေလို့ထင်တယ် ...
ကဗျာက အစဆွဲထုတ်တာတောင်ထွက်မလာဘူး ... အဟီး ... အဲ့တာကြောင့် သူငယ်ချင်းတွေလည်း ကဗျာ မဖတ်ရတော့ ဘူးပေါ့ဗျာ ... ခွင့်လွှတ်နော် .. ကိုယ်ချင်းစာပေးပါ ... မရရင် ကိုယ်တိုင်စာပေးပါ :P
အခုမှဘာလို့ရေးလည်းလို့မမေးနဲ့ ကဗျာမရေးရရင် တစ်ခုခုလိုနေသလိုဖြစ်နေလို့ .. နေလို့မရလို့ ... အရင်နှစ်လလောက်ကတော့
ရောဆိုရင် .. အဟဲ ... ရေးလို့ကိုမရလို့ပါဗျာ .... ခုရေးမယ် နောက်ရေးမယ် .. ဒါဆို ok တယ်ဟုတ် ... အာဗျာ
ကိုယ့်ဘာသာပဲ ok လိုက်တော့မယ် :D (ပြီးရော)



မမျှော်လင့်ရဲပါ
အတော်အသင့်ယိုရွဲနေတဲ့ ကျွန်တော့ကိုယ်ပိုင်ဘ၀ထဲမှာ
နွေကလည်း နွေ
မိုးကလည်း မိုး
ဆောင်းကလည်း ဆောင်း
အင်း ..... အတော်အတန်ပြောင်းလဲခဲ့တာ
ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ ....

ဘ၀မှာ
နေတတ်ထိုင်တတ်တဲ့လူတစ်ယောက်မဟုတ်ခဲ့သလို
အရာရာကိုလည်း နားလည်တတ်ခဲ့သူတစ်ယောက်
ဖြစ်ခဲ့သလိုပဲ ...
ကျွန်တော်သိတယ် ... လူတော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုတာ ......

ဘာအတွက် တောင်းတအုံးမှာလည်း
ကိုယ့်အတွက်ကိုထားအုံး
သူအများအတွက် ရေတစ်ခွက်မဖန်တီးပေးနိုင်ချိန်မှာ
ကျွန်တော် လူကောင်းပါလို့ မပြောချင် ...
ပြောလို့ရရင်တော့လည်း ပြောချင်ပါတယ် ....

တည်ရှိခြင်း မတည်ရှိခြင်းက
မထူးဆန်းဘူး ....
တည်ရှိချိန်မှာ မတည်မြဲခြင်းက ငါ ....
အရာရာကို နားမလည်နိုင်ဘူး
ပြီးတော့ အရာရာကို နားလည်တယ် ... ကိုယ်ပိုင်အတွေးနဲ့ ...

အမှားတစ်ခု
ကိုယ်လုပ်မှ ဖြစ်မယ်ဆိုရင် မှားပါစေ
အဲ့အမှားကို ဖြစ်အောင်လုပ်ချင်တယ် ....

ဘ၀တစ်ခု
ကိုယ်တည်ဆောက်မှ ဖြစ်မယ်ဆိုရင် ....
ကျွန်တော့ချစ်သူကိုမေးမယ် ...

ခုရော
ကျွန်တော် ဘ၀ တစ်ခုကို ဖျက်ဆီးပြီး အသစ်တစ်ခုစဖို့ကြိုးစားနေတယ် .....

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....