Wednesday, February 3, 2010 By: မင်းနေဝေး

သူငယ်ချင်းအတွက်

တစ်ရက်ပြီးတစ်ရက်
ရေတွက်ရင်းကုန်ဆုံးတယ်
ဘ၀က နှစ်လုံးပဲ ... မပြောင်းလည်း ...

ရေတွက်မရတဲ့ ခံစားချက်တွေ အလီလီ
ဒီရာသီတွေနဲ့
နွေပြီးရင်း နွေ
မိုးပြီးရင်း မိုး
ဆောင်းပြီးရင်း ဆောင်း .....

အဟောင်းတွေလည်း နှောင်း
အသစ်တွေလည်း ဟောင်း
မတည်မြဲဘူးအချိန်က .. လက်တစ်ဆုပ်စာ ....

ဆုံလည်ကလားထိုင်ပေါ်
သက်တောင့်သက်သာ လှည့်ပတ်နေမလား ...

နေရောင်အောက်မှာ အသက်ရှူမလား ....
ဘ၀ကို ဘယ်လိုစားသုံးမလည်း .....

အခုလေတိုက်တယ်
ပန်းရနံ့သင်းတယ် .. သူငယ်ချင်း ...

နောင် .... ဘာဖြစ်မလည်း .....

အရင်က ... အခု ... နောက်
အဲ့လောက်မျက်နှာများတဲ့ အချိန်
မင်းလက်အတွင်းသက်ဆင်း
လိုတိုင်းမရနိုင်တောင်
လုပ်တိုင်းဖြစ်မယ့်နေ့တွေ
ဒီနေ့ကစ ပိုင်ဆိုင်ပါစေလေ ...... .


မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....