Wednesday, June 30, 2010 By: မင်းနေဝေး

အစ ..

နွေရာသီပါ ....

ရုတ်တရက်နှင်းတွေကြွေကျလို့
ပျော်မိတယ် ...
ရုတ်တရက်ပါပဲ အလွမ်းတွေဖြစ်သွားတယ်...

နှင်း ပြောလိုက်တာက ကျီစားတာပါတဲ့ ...

ကျွန်တော် အမြတ်တနိုးနဲ့ ထုတ်ပိုးထားမိတယ်
အဲ့တာ အလွမ်းပန်းတွေ မဟုတ်လား ....

ကောင်မလေးရေလို့ ...
အကြိမ်ကြိမ်ရေရွတ်လည်း
သီကုံးခဲ့တာ ပန်းတွေမှ မဟုတ်ပဲလေ ....
ဘာကိုများ တောင့်တ ရမှာလည်း ...

မျက်ရည်စက်လက် ကြေကွဲလည်း
ဒီလမ်းတွေ
ဒီအနမ်းတွေ
ကျွန်တော့အတွက် ပန်းလို့ ဖြေစရာမှမဟုတ် ...

နောင်တမရပါဘူးလေ ..
အရာရာကို နားလည်တတ်ခဲ့သူအတွက်
ကျွန်တော် လွမ်းရရင်လည်း
သူ့ .. အနမ်းကို တမ်းတရင်းပေါ့ ...

သူ့ အနမ်းကိုတမ်းတရင်းပေါ့

တစ်ပိုင်းတစ်စ လွမ်းနေမယ် ..........






မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....