Friday, June 4, 2010 By: မင်းနေဝေး

နင် .....

လူတွေပြောကြတယ်
အရှေ့ အရပ်ကနေ
မြောက် အရပ်ကလေ
ငါ့နှလုံးသားဆီက ..........?

ခုအချိန်မှာ ...
နင်ရှိရာ အရပ်သည် အရှေ့
နင့် နှုတ်ခမ်းဖြားကလေ
ငါ့နှလုံးသားဆီက .......... ?

ရေ အသက်တစ်မနက်တဲ့

ငါ့အနားများမင်းမရှိရင်
မနေတတ်မထိုင်တတ်နဲ့
မသေတတ်မှာတောင် စိုးရိမ်ရတယ် ....
ဒါဆို ငါ့နှလုံးသားဆီက ........... ?

ချစ်သူရေ
ငါ .. ဒီရေတက်နေချိန်မှာ
ရေစုန်မျှောမိပြီ ...

ကြိုလင့်လိုက်ပါ ...

ငါနားခိုရာ ကမ်းသည်

နင် ...

ငါ့နှလုံးသားဆီက နင် ......

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....