Thursday, August 12, 2010 By: မင်းနေဝေး

အချစ်သည်သာ ကိုးကွယ်ရာ

နှစ်ကြိမ်ရောက်ရှိခြင်းမှာ
အလွမ်းကို သယ်မလာပါနဲ့ ချစ်သူ ....

မငိုတတ် ငိုတတ်နဲ့
ငါ့မျက်နှာက လွမ်းခြင်းကို အတိအကျ
ဖေါ်ဆောင်တတ်မယ်မထင်ဘူး ....

အကြည့်တစ်ချက် လွှဲဖယ်တိုင်းမှာ
အကြိမ်ကြိမ် ဆို့နင့်ခြင်းနဲ့
အချစ်တစ်ခုကို ဂန္ဓ၀င်မြောက် မသီကျူးရဲဘူး
ရိုးသားစွာနဲ့ ချစ်ခဲ့တာပါ ချစ်သူ ....

မလိမ်မိုး မလိမ်မာနဲ့
မင်ရှေ့မှာ ဒူးထောက်နေမိတာကိုက အပြစ်တဲ့လား
စိတ်မဆိုးပါနဲ့ ချစ်သူ ...
ငါ သီဆိုနေတာ ချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်ပါ
အလိမ်အညာတွေ မပါခဲ့ဘူး ....

ချစ်သူချော့တေး ကို
အသံသာသာနဲ့ မရွတ်ဆိုတတ်တာ ငါ့အပြစ် ...
နားမလည်ခြင်းရဲ့အဆုံးမှာ
မင်း .. ငါ့ကို ပြစ်သွားမှာလား .... စိုးရိမ်မိတယ်ချစ်သူ .....

လူတစ်ကာလျှောက်ရဲတဲ့လမ်းမှာ
ငါ .. စမ်းတစ်ဝါးဝါးနဲ့ လမ်းပျောက်နေတယ် .....
မင်းအတွက် ဟာသ တစ်ခုလောက်တော့
ရီစရာ ကောင်းခဲ့မှာ မဟုတ်ပါဘူးလေ ...

စိတ်လွတ်လပ်ပေါ့ပါးစွာ ရီမောနေတဲ့ မင်း ....
ဒီမျက်နှာလေးကိုကြည့် ရင်း
ကြည်နူးတယ် .. ကြေကွဲတယ်
ဖြစ်နိုင်ရင် ငါ့ရင်ခွင်မှာပဲ ရီမောစေချင်တယ် ....

သြော ... မောရပါလား ....

ချစ်သူအတွက် ပေးဆပ်စရာတွေ ပေးဆပ်ရင်း

ငါ့ဘ၀ကလေ ......

မရေမရာနဲ့မို့
မင်း ... မျက်နှာလွှဲခဲ့မယ်ဆိုရင်လေ
နေစရာသေချာသွားတဲ့ငါ
မင်းကို .. နောင်ဘ၀ထိ စောင့်မျှော်နေမှာပါ .....

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....