Sunday, May 29, 2011 By: မင်းနေဝေး

ချ​စ်ြ​ခ​င်း​ကို​သာ

ချစ်ခြင်း၌ မွှေ့ပျော်ခြင်းသည်
အရှိုက်ခက်သော ငိုခြင်းတစ်ခုဆိုလျှင်
ထိုငိုခြင်းသည် ငါ့တွင် ဖြစ်ပေါ်နေသည် ...

ရင်တစ်ချက်ခုန်သံကြောင့်

ချစ်သူ့ အလှ ပျက်သုတ်းမှာစိုး၍
ချစ်ခြင်းနှင့်တွေ့ လျှင်
သေဆုံးသည်မှာနှလုံးသားဖြစ်သည် ....

ထိုခဏ
အရာရာအတွက် ပေးဆပ်ချင်ပါသည်
အရာရာကို ရယူချင်ပါသည် ...

ထို့အတွက်
တောင်းဆုပြုခွင့် ပြုမည်ဆိုလျှင်
နှလုံးသားရှင်သန်ခွင့်ထက်
အရှိုက်ခက်စွာ ငိုနေရခြင်းထက်

ချစ်ခြင်းသည် မွှေးမြသောပန်းတစ်ပွင့်ဆိုလျှင်
တစ်ရှိုက်မက်မက်နမ်းခွင့်ရသော
ငါသည်သာ ... ဖြစ်ရပါလို၏ ....






မင်းနေဝေး

1 comments:

Unknown said...

ချစ်ခြင်းသည် မွှေးမြသောပန်းတစ်ပွင့်ဆိုလျှင်
တစ်ရှိုက်မက်မက်နမ်းခွင့်ရသော
ငါသည်သာ ... ဖြစ်ရပါလို၏ ......အဲ့စာသားလေး သဘောကျတယ်...

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....