ပေါက်ကွဲချင်နေတဲ့ တေးသွားတစ်ပိုဒ်လိုပဲ
အဖေါ်ရှာနေမိတယ် ...
ရေမြေအတည်တကျမရှိခြင်းနဲ့အတူ
ခံစားချက်တွေက မှီခိုမှုအား ကင်းလွန်းနေတယ်
ဒါ .. နှလုံးသား မသန့်ခဲ့ခြင်းရဲ့ ပြယုဒ် ...
အခြေအနေတွေ စုတ်ချာနေခြင်းက သက်သေ ......
အမျက်တွေ ဖြေခဲ့ပါလေ ….
ခု အပြင်မှာ
ဆောင်းလေတွေ မအေးဘူးချစ်သူ …
တွယ်ရာမဲ့နေတဲ့ ခံစားချက်က ရုပ်ကို တိုက်ရိုက်အချိုးကျနေလို့
ဒီမှာ ဘယ်ဘက်ရင်ထဲက အခန်းမပြည့်တဲ့ အလွမ်းတွေ
တစ်ကိုယ်လုံးမှာ တဆစ်ဆစ် တိုးနေတယ် …..
ကွယ် ….
ခန္ဓာ ယိမ်းယိုင်နေပုံက လှိုင်းအစဉ်လို
အဆင်ပြေသလိုသာစားသုံးပါလေ
ငါကိုယ်တိုင်က နုံချာချာ ဟင်းတစ်ခွက်
မတည်မြဲခြင်းနဲ့ ပနံသင့်နေတာ .....

1 comments:
မတည်မြဲခြင်း ဟင်းတစ်ခွက်နဲ့ အခန့်မသင့် ပေါက်ကွဲ ...
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....