Saturday, August 13, 2011 By: မင်းနေဝေး

နွေ ပြီးရင် နွေ


နွေ ပြီးရင် နွေ












ရင်ခွင်တစ်ဖက်ခြားမှာ
အရှေ့အနောက် ကာရံတွေ စီးမျှောနေလို့
အချစ်ကို မျက်နှာ သစ် ဖွင့်ခဲ့တာမဟုတ်ပါဘူး

မိုးတစ်ပွင့် စွတ်စိုချင်စိတ်နဲ့
လူးလွန့်မိတဲ့ အဆိပ်ရိုင်း ပန်းတစ်ပွင့်ဆိုတော့လည်း
အနားသတ်တွေက ယဉ်ကျေးခဲ့မှာ မဟုတ်သလို
လှပခဲ့မှာလည်း မဟုတ်ဘူး ...

သိလိုရာ သိပါစေတော့ဆိုပြီး တံခါးဖွင့်ပြ
လမ်းညွှန်ပြနဲ့
ဒီ ရင်ခွင်ပြတိုက်တောင် အတော်အသင့် (အမှန်က အတော်လေးကို)
ဟောင်နွမ်းသလိုလို ဖြစ်နေပြီ ...

မလွယ်တာ ခက်လို့တဲ့
အမှန်တရားဆိုတာ အမှန်အတိုင်းပြောလို့မရတဲ့အရာ
ချစ်တယ်ပြောရင် ယုံတယ်ပြောမှာတဲ့လား ...

ဒီနေရာက ယုံတတ်သူများ မလာရတဲ့နေရာမှမဟုတ်တာ ....

ခမ်းခြောက်နေခဲ့လို့ စွတ်စိုချင်တာပါ
အနမ်းရေတစ်စက် ဆိုလည်း
တစ်သက်စာ အတွက်လို့ မှတ်ယူပါရစေတော့လေ .....



မင်းနေဝေး



0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....