Friday, August 19, 2011 By: မင်းနေဝေး

နှစ်နားညီရဲ့ အစွန်းတစ်ဖက်

၁။ ခတ္တာ နင် စဉ်းစားပါ...

... နွယ်နေတဲ့ သံယောဇဉ်ကြိုးရဲ့
.... နှောင်ဖွဲ့ တည်ရှိခြင်းဆိုတာ
.... နှလုံးသား စေစားချက်သက်သက်လို့ နင်ထင်မြင်နေခဲ့သလား ...

မြတ်နိုးခြင်း အတွက် ချုပ်တည်းထားခဲ့ဖူးတဲ့ တဒင်္ဂ ဆိုတာ
ဒီဘ၀တစ်သက်တာမှာ နောင်တဆိုတာ ဖြစ်တည်ခဲ့ရိုးမှန်ရင်
အဲ့ဒီအချိန်တွေအတွက် ငါ့မှာ အပြစ်ရှိပါတယ် ...

... ဒါပေမယ့်လည်းလေ
.... သုံးနားညီခြင်းသီအိုရီက နှလုံးသားရေးရာမှာ ညီမျှခြင်းချခဲ့လို့လား
.... နှစ်နားညီနေမှတော့ အစွန်းထွက်က ငါပါ
.... လာပါလို့ မဆိုကြပါနဲ့ ...

၂။ ခတ္တာ ရေ ...

အချိန်ကာလဆိုတာ လွမ်းတတ်သူတွေက ပိုတွက်ချက်ကြရပါတယ်
တစ်စစီ စုတ်ဖြဲနေတဲ့ လက်အစုံမှာ ရင်ခွင်ကို ပုံအပ်ရသလို
နာကျင်ကြေကွဲရပါတယ် ..

 ... ပိုပြီးတော့ ၀မ်းနည်းရပါတယ် နင် ငါ့အနားမှာ မရှိခြင်းအတွက်
.... ခက်ခဲခြင်းဆိုတာတွေ နေ့တိုင်းတွေ့နေရတယ်
.... တစ်ရက်ပြီး တစ်ရက်တော့ ကုန်သွားခဲ့ကြတာပဲ
.... ဒီ နှလုံးသားကို တိုက်စားပြီးတော့ပေါ့

ဒီလိုပါပဲလေ ချစ်ခြင်းဆိုတာကို နှလုံးသားနဲ့ ခံစားမိသူအတွက်
ဒဏ်ရာနက်နက်တစ်ချက်ဆိုတာ အပေါ့ပါဆုံး ပြစ်ဒဏ်တစ်ခုလိုပါပဲ ...
ချစ်၍ ခံစားရပါတယ် ...

၃။ မေ့ပစ်ဖို့မလိုတဲ့ အရာ ပါ ... ခတ္တာ ......


.....မျှော်လင့်ခြင်းဆိုတာမစိုက်ပဲရှင်သန်နေတဲ့
.......နှစ်ရှည်ပင်တစ်မျိုးပါ
......... ရေလောင်း ပေါင်းသင်ဖို့သတိမရလည်း .......
.... လွမ်းစွတ်ခြင်းနဲ့ ဆက်လက်ရှင်သန်နေအုံးမှာပါ ....







မင်းနေဝေး 

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....