Monday, December 19, 2011 By: မင်းနေဝေး

တစ်ခါတစ်ရံ


ဒီကဗျာအတွက် နောက်ကျောရိုးတစ်ချောင်းအပိုဆောင်ထားပေးပါ

ကာလံဒေသံရွေးပြီး မျက်နှာပိုးမသေတတ်တဲ့ သူတစ်ယောက်နဲ့
ရထားအတူစီးရသလိုပေါ့
နဲနဲချဉ်မယ် နဲနဲလည်း ခါးမယ် ....

တစ်ရံတစ်ခါက စရမှာပဲ

ကာရံညီညီလေးတွေနဲ့ စကားအထအနကောက်
အချစ်လို့ လိုရာတွေးပြီး ဘေးကင်းကင်းနေခဲ့တယ်ဆိုရင် ကျွန်တော့ကို ရီကြမလား

သင်သိလိုရာသိ နိုင်ပြီဆိုပြီး
ကွန်ပျူတာကိုဖွင့် မသင်ရတဲ့ အဌာရသ ပညာတွေ နဲ့
နယ်မြေသစ်တွေ ထွန်ကျူးမိတာ ... အဲ့တာ အချစ်တဲ့

နဲနဲချိုတယ် နဲနဲခါးတယ် ...

တစ်ရက်တာ အလွမ်းကို ကဗျာရေးနေတယ် မနှောက်ယှက်ကြပါနဲ့
ရင်ခွင်ကို ငုံ့အပြော ... နှုတ်ခမ်းတွေ နွေးမြသွားစေတယ် ....
ကောင်မလေး  မင်းဘာလုပ်နေတာလည်း .....

ကဲဘာများပြောချင်ကြသေလည်း
တွေးချင်ရာတွေး  ရေးချင်တာရေး
အတ္တတွေ စာစီပြနေတယ် ....  နားလည်ပေးမည့်သူရှာရင်းနဲ့ ...

သူလိုငါလိုပဲ ကဗျာအဆုံးသတ်မယ် ..

ကောင်မလေးရေ ...  ကောင်မလေးရေ
ဒီရင်ခွင်မှာ မင်းနာမည်တွေ ထုံသင်း
အချစ်တွေ ဖြစ်နေလိုက်တာများ ... ငါ့ဆိုတဲ့  ငါ့ကိုတောင်မေ့လို့ ....





3 comments:

ဘိုဖြူ said...

"တစ်ခါတစ်ရံ"
ကိုခံစားခဲ့ပါတယ်ဗျာ

စံပယ်ချို said...

သင်သိလိုရာသိ နိုင်ပြီဆိုပြီး
ကွန်ပျူတာကိုဖွင့် မသင်ရတဲ့ အဌာရသ ပညာတွေ နဲ့
နယ်မြေသစ်တွေ ထွန်ကျူးမိတာ ... အဲ့တာ အချစ်တဲ့

အဲတာမဟုတ်သေးဘူးထင်တာပဲနော်
တစ်ကယ်ကိုခင်တဲ့ jasmine

Unknown said...

မျက်စိနဲ့တော့ကြည့်တယ်.. ဒါပေသိ.. နှလုံးသားက ခံစားသိမြင်သွားတယ်ကော.. ဘယ်လိုလုပ်ရမလဲ...:P

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....