Thursday, October 27, 2011 By: မင်းနေဝေး

အလွမ်းချစ်

ငါ့ရဲ့ အတ္တတွေကိုပဲ ပျက်ရယ်ပြုလိုက်ပါ .....

အချစ်ကို ရယူခြင်းလို့ပဲ ခံယူတတ်တဲ့ ခပ်အအ လူတစ်ယောက်
မင်းရဲ့ သမိုင်းထဲမှာတော့  ဒါ .. ဟာသတစ်ခုနေမှာပေါ့
ပစ်ပယ်လိုက်ပါ ချစ်သူ .....

သွေးအေးလွန်းတဲ့ မင်းရဲ့ဘေးမှာ ထိုင်နေရုံနဲ့တင်
ငါ့ နှလုံးသားတွေရပ်တန့်
ဒီ .. မျက်ရည်တွေပဲ ကျဆင်း ... ရင်တွင်း ဖွဲ့ ...

အဆင်မပြေတာတွေ ထပ်ပေါင်း
ငါတို့နှစ်ဦး ပေါင်းခြင်းကိုက .. အဆင်မပြေခြင်းတဲ့လား
ထားပါလေ ... ငါက
အဆင်မသင့်စွာပဲ   ချစ်တယ် .....

တစ်သက်လုံး  .......  တစ်သက်လုံးသာ ...
မင်းဘေးအနား ချစ်သူဆို
ဒီနှလုံးသားနဲ့ပြောမယ်
လွမ်းပြီး ချစ်ရပါတယ်   ချစ်သူရယ် ....




မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....