Saturday, July 21, 2012 By: မင်းနေဝေး

အနာဂါတ် ဟုဆိုကြသည်

အနာဂါတ်
သိုသိပ်ခြင်းမဲ့စွာနဲ့  စုတ်ပျက်
အရုပ် သက်သက်လို ဆက်ဆံခံရခြင်း
ဒီမှာ မညီမျှခြင်းတွေ  တစ်ပုံတစ်ပင်
အစွန့်ပစ်ခံ လို ......

လေလွင့်ကပ်ပါးတစ်ကောင်လို တည်ငြိမ်ရာမဲ့
အကြိမ်ကြိမ် ခါချခြင်းတွေ ကြုံရတဲ့အခါ
ဘ၀က ခါးသက်သလို
ညတွေက အရောင် နက်နက် .......




တွဲလက်တစ်ခု
ငြူစူခြင်း ကင်းမဲ့ လေပြေ
အတွေးတွေ ခပ်ဝေးဝေးကိုလွင့်ပြေးသွားတယ်
ဘ၀ဆိုတာ စတတ်ရင် အသစ်ဖြစ်တယ် ....




အဲ့ဒီလိုနဲ့
ပျော်ရွှင်မှုတွေ အရောင်ဖျော်စပ်
ဆေးတစ်ချက် သုတ်လိုက်တယ်
အရောင်က အနက်
စိတ်ပျက်လက်ပျက်လို့ အမည်ပေးလိုက်တယ်

1 comments:

ရင်ခုန်ရသူ said...

ဘ၀ဆိုတာ စတတ်ရင် အသစ်ဖြစ်တယ် ....
ကဗျာလေးတွေလာရောက်ဖတ်သွားပါတယ်
ကျနော့ဆီလည်း အလည်လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....