Saturday, August 11, 2012 By: မင်းနေဝေး

စိတ်ရောင်တွေ ကွန့်မြူးလွန်းနေတယ်

စိတ်ရောင်တွေ ကွန့်မြူးလွန်းနေတယ် ...

တွယ်ရာမဲ့နေတဲ့  အတွေး
ရှင်သန်ခြင်းမရှိတဲ့ အတ္တတွေ
အနားမှာ ခပ်ဖွဖွချထားတဲ့ (Mouse) လောက်မှ အလုပ်မလုပ်နိုင်ခဲ့
အဲ့တာ  အရှိတရားတွေ .... ခပ်ကြာကြာပဲတွေးကြည့် ....
အမေးတွေရှိလာလိမ့်မယ် ....

ကျွန်တော်လည်း ... မသိနားမလည်ခြင်းတွေလို့ ခေါင်းစဉ်တပ်ပြီး
ကိုယ်တတ်သမျှတွေကို ချရောင်းနေမိတယ်
ရတဲ့အခါလည်းရ  မရတဲ့အခါလည်း မရ
တွေးကြည့်မိတယ် ...  ခပ်ကျယ်ကျယ်ပြောရရင်
ဒါ .. လောကဓံတွေပဲ
ကြုံသလိုသာရိုက်ပုတ်နေလိုက်ကြပါတော့ .......

အရှုံးပေးသံ ပေါက်မိသွားသလား ...
အမှန်က မနိုင်ခဲ့ခြင်းပါ ... ကျွန်တော်လည်း ယှဉ်ပြိုင်ခဲ့ပါသေးတယ် ...
လောကဓံလောက် ကျောမထူခဲ့ခြင်းက
ချစ်ခြင်းကို မခံယူထိုက်သူတစ်ယောက်လို့များ သတ်မှတ်လေသလား ...
တစ်နေ့ထက်တစ်နေ့  ဒီ .. ကမ္ဘာဆီကနေ
အပိုဒ်ခွဲခံနေရသလိုပါပဲ ... 
ရင်ခွင်ရဲ့  အလွမ်းမဲ့ရာသီက ခပ်စိပ်စိပ်နိုင်လွန်းတယ် ....



1 comments:

မိုးနတ်ကြယ်စင် said...

“အရှုံးပေးသံ ပေါက်မိသွားသလား ...
အမှန်က မနိုင်ခဲ့ခြင်းပါ ... ကျွန်တော်လည်း ယှဉ်ပြိုင်ခဲ့ပါသေးတယ် ...
လောကဓံလောက် ကျောမထူခဲ့ခြင်းက
ချစ်ခြင်းကို မခံယူထိုက်သူတစ်ယောက်လို့များ သတ်မှတ်လေသလား ...
တစ်နေ့ထက်တစ်နေ့ ဒီ .. ကမ္ဘာဆီကနေ
အပိုဒ်ခွဲခံနေရသလိုပါပဲ ...
ရင်ခွင်ရဲ့ အလွမ်းမဲ့ရာသီက ခပ်စိပ်စိပ်နိုင်လွန်းတယ် ....”

တစ်ပုဒ်လုံးကိုကြိုက်ပါတယ်...ဒီအပိုဒ်လေးတော့အကြိုက်ဆုံးပဲ
အားပေးသွားတယ်နော်..ဆက်လက်ထုဆစ်နိုင်ပါစေ..
ခင်မင်နေတဲ့..မိုးနတ်..

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....