Friday, November 23, 2012 By: မင်းနေဝေး

မျောက်စိတ်

အတွေးနဲ့ချရေး
အဆွေးတွေပဲ ဖြစ်နေတယ်

ခပ်ဝေးဝေးပဲ ထွက်သွားချင်သလိုလို
အခုပဲ  ထိုင်တော့မလိုလို
ဘာလည်း  မျောက်စိတ် ...
တစ်ခါတစ်လေ ...  လေထုဖြစ်ချင်တယ် ....
လွင့်ပလိုက်မယ် .... ဦးတည်ရာမဲ့ ....

မျက်နှာဖုန်း အစုတ်ကြီးနဲ့
ရီပြနေရတာ
မှန်ထဲကြည့်မိမှ သိတော့တယ်
မျက်နှာပေါ်မှာ နှုတ်ခမ်းမှမပါခဲ့ဘဲ ..... ရီရတယ် ....

ခပ်ဝေးဝေးက တောတောင်တွေရဲ့ရီသံတောင်ကြားမိတယ်

ဖြစ်တတ်ပါတယ် ...
ကျွန်တော်ဖြစ်နေသလို
ခင်ဗျားလည်း ဖြစ်နေမှာပဲ
အများလည်း ဖြစ်နေမှာပဲ

ဒါ ... လူတွေရဲ့ ကမ္ဘာ မို့လို့လေ 




မင်းနေဝေး

0 comments:

Post a Comment

အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....