ဒဏ်ရာဆိုတာ
လူတိုင်းဝတ်တတ်တဲ့ မျက်နှာဖုံးတစ်ခု
အခုလည်း ခပ်ထူထူဝတ်နေစဲ
အပြုံးတော့ မပျက်ခဲ့ပါပဲနဲ့လေ ....
လမ်းတွေ့ရင် ခေါ်ပြော
ခပ်သောသောနေလာလိုက်တာ
အခု .. လူတောင် ခပ်မျောမျောကြီးဖြစ်လို့ ...
တစ်နေ့စာ အသုံးမကျခြင်းတွေစု
ကျွန်တော် လူလို့ မအော်ချင်ဘူး
တစ်ခါတစ်လေ လူစိတ်ပျောက်တတ်လွန်းလို့ ...
ဒီမှာ အပိုဒ်တွေ ခွဲထားတယ်
ကြိုက်တာသာယူသုံး
ခင်ဗျားလည်း လူလုံးလုံး ဖြစ်မယ်ထင်ရင်ပေါ့
စိတ်တော့ မဆိုးနဲ့ ....
မင်းနေဝေး
0 comments:
Post a Comment
အချစ်ကို သင် မျက်စိနဲ့ ပဲ ကြည့်ပါ .. နှလုံးသားက မမြင်ပါစေနဲ့  ....